backup og meta

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

မျက်လုံး အဖြူသားတွေ ဝါနေတယ်၊ အသားတွေ ဝါနေတယ်ဆိုရင် သေချာတာက အသားဝါရောဂါ ခံစားနေရတာပါ။ ဒီ အခြေအနေကို သက်သာစေဖို့ ဘာတွေ စားရမလဲ။ ဘာတွေ ရှောင်ရမလဲ သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ ….. ဘာတွေလဲဆိုတော့ ကိုယ်တိုင် လေ့လာကြည့်လိုက်နော်။

ဘာကြောင့် အသားဝါတာလဲ။

စားလိုက် သမျှ အစားအစာတွေ သောက်လိုက်တဲ့ အရည်တိုင်းကို အသည်းက စစ်ထုတ် လုပ်ဆောင် ပေးပါတယ်။ အသည်းက စားလိုက်တဲ့ အစားအစာ​တွေထဲက အာဟာရတွေကို စုပ်ယူပြီး အင်အား အဖြစ် ပြောင်းလဲပေးဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ သွေးဆဲလ် အဟောင်းတွေ နဲ့ ပျက်စီးနေတဲ့ သွေးဆဲလ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးတာပါ။ အသည်းက ပုံမှန် လည်ပတ်မှု မရှိတော့ဘဲ ဟန်ချက် ပျက်သွားမယ်ဆိုရင် အသည်းမှာ စွန့်ထုတ်ပစ်ရမယ့် အရာဖြစ်တဲ့ bilirubin တွေ စုပုံသွားပါလိမ့်မယ်။ ဒီ ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ အသားဝါတာမျိုး ဖြစ်လာပါလိမ့်မယ်။

စားလိုက်သမျှ သောက်လိုက်သမျှ အရာတိုင်းက အသည်းရဲ့ လုပ်ဆောင်မှုတွေ အပေါ် တိုက်ရိုက် သက်ရောက်မှု  ရှိနေပါတယ်။ ကျန်းမာအောင် စားသောက်မယ် ဆိုရင် အသည်းက လုပ်ဆောင်ချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်သလို  ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး  ဖယ်ရှားပေးနိုင်မှာပါ။

အသားဝါနေတယ် ဘာတွေ စားလို့ ရမလဲ။

အသားဝါနေတယ် ဆိုတာက လက္ခဏာ တစ်ခုပါ။ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ကုသဖို့ လိုပါတယ်။ အသားဝါ ရှိနေချိန်မှာ စားပေးနိုင်တာတွေ ကတော့

  • တစ်နေ့ကို ရေ ၈ ခွက်သောက်ပါ။ ရေက အသည်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ တစ်ခု ရှိတာက အသားဝါတာ နဲ့အတူ ရေဖျင်း ဆွဲနေရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ အတိုင်းပဲ သောက်ဖို့လိုပါတယ်။
  • အုန်းစိမ်းရည် သောက်ပေးပါ။
  • သံပုရာရည် သောက်ပေးပါ။
  • လတ်ဆတ်တဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။
  • ကော်ဖီ (သဘာဝ ကော်ဖီမှုန့် စစ်စစ်ကို ဖျော်ထားတဲ့ ကော်ဖီ) နည်းနည်းလောက် သောက်ပေးပါ။
  • သဘာဝ အစာခြေအင်ဇိုင်း ပါတဲ့ ပျားရည်၊ နာနတ်သီး၊ သရက်သီး စတာတွေကို စားသုံးပေးပါ။
  • Bilirubin ကို စုပ်ယူပေးနိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေ စားပေးပါ။

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ ဘာတွေလဲ ဆိုတော့

  • ယ်လ်ကိုဟောကို ချေဖျက်တာက အသည်းကို ပိုထိခိုက်စေနိုင်တာကြောင့် အယ်လ်ကိုဟော ရှောင်ပါ။
  • ပြည့်ဝဆီ (တိရစ္ဆာန် အဆီ) တွေက ချေဖျက်ဖို့ ခက်ခဲတာကြောင့် အသားဝါ နေချိန်မှာ ရှောင်ပါ။
  • သန့်စင် ပြုပြင်ထားတဲ့ သကြား နဲ့ ဆိုဒီယမ် တို့ကို ရှောင်ပါ။

အသားဝါတယ်ဆိုတာ အသည်းနဲ့ သည်းခြေပြွန်မှာ ပြဿနာတစ်ခုခု ရှိနေတယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် အသားဝါတဲ့အခါ အစားအသောက်တွေ ဆင်ခြင်စားတာအပြင် ထိရောက်တဲ့ ကုသမှုလည်း ခံယူဖို့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diet for Jaundice: What Should I Add or Remove? https://www.healthline.com/health/food-nutrition/diet-for-jaundice Accessed Date 27 July 2020

5 Important Dietary Tips When Diagnosed With Jaundice https://www.practo.com/healthfeed/5-important-dietary-tips-when-diagnosed-with-jaundice-32275/post Accessed Date 27 July 2020

Diet Chart For Jaundice https://www.lybrate.com/topic/jaundice-diet Accessed Date 27 July 2020

ယခုပုံစံ

09/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ဘီရောဂါ အတွက် အကျိုးရှိနိုင်သလား။

Obstructive jaundice (ပြွန်ပိတ်အသားဝါရောဂါ)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement