အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အူအတက်ရောင်တာလား၊ လေနာတာလား

ဗိုက်နာပြီ အထူးသဖြင့် ဝမ်းဗိုက်ညာဘက်အောက်ပိုင်းက နာပြီဆိုရင် အူအတက်ရောင်တာများလားလို့ တွေးတတ်ကြပါတယ်။ ဝမ်းဗိုက်ထဲမှာ ကလီစာ အများကြီး ရှိတဲ့အတွက် ဗိုက်အောင့်တိုင်း အူအတက်ရောင်တာ မဟုတ်ပါဘူး။ မှားတတ်ကြတာတော့ လေနာတာနဲ့ အူအတက်ရောင်တာနဲ့ မှားတတ်ကြပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာက အူအတက်ကြောင့်လား၊ လေနာတာကြောင့်လားဆိုတာ အကြမ်းဖျင်း ခွဲကြည့်ရအောင်။ လက္ခဏာပေါ်မူတည်ပြီး ခွဲတာဖြစ်တတ်တဲ့အတွက် အတိအကျမှန်မှာတော့ မဟုတ်ပါဘူး။ အတိအကျသိချင်ရင် ဆေးစစ်ကြည့်မှပဲ ရမှာပါ။ ဒါပေမယ့် အောက်ကပြောတဲ့အချက်တွေကတော့ အနည်းနဲ့ အများ အထောက်အကူပြုမှာပါ။ အူအတက်ရောင်တဲ့အခါ အူအတက်က ဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ ရှိတယ်ဆိုပေမယ့် နာရင်တော့ ချက်ကနေ စနာတာပါ။ ပြီးတော့မှ တဖြည်းဖြည်း ညာဘက်ကို ရောက်လာတာပါ။ စစချင်းကတော့ ညှစ်ထားသလို အောင့်ပေမယ့် နောက်ပိုင်းကျရင် လှုပ်တာနဲ့ကို နာလာပါတယ်။ ဆေးသောက်လို့လည်း မသက်သာပါဘူး။ အူအတက်ရောင်သူတွေရဲ့ ၈၀ရာခိုင်နှုန်းမှာ ဒီလက္ခဏာ ၃ရပ်ရှိပါတယ်။ ဗိုက်နာတာ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင်

အခုပဲ စားလို့ပြီးတယ်။ တော်ကြာအိမ်သာထဲမှာ သွားပြန်ထုတ်နေရတယ်ဆိုရင် သင့်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။ ဆေးပညာအရတော့ ဒါကို Postprandial diarrhea (PD) လို့ ခေါ်ပါတယ်။ တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ကြည့်ရအောင်။ Postprandial diarrhea (PD) ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် တစ်ခါတလေ ဘာကြောင့် ဖြစ်လို့ ဖြစ်မှန်း ရောဂါရှာမရတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ကြာချိန်ပေါ်လိုက်ပြီး နှစ်မျိုး ခွဲထားပါတယ်။ ရက်ပိုင်းကနေ ၂ပတ်လောက်ပဲဆို  Acute ရက်တို ဝမ်းလျှောတာလို့ ခေါ်ပါတယ်။ ရက်သတ္တပတ်ကနေ လနဲ့ ချီကြာလာပြီဆိုရင်တော့ Chronic နာတာရှည် ဝမ်းလျှောတာလို့ သတ်မှတ်ပါတယ်။ ကြာချိန်ပေါ်လိုက်ပြီး ဖြစ်တဲ့အကြောင်းရင်းတွေလည်း မတူပါဘူး။ တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင် ဒါတွေကြောင့် […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ ဝမ်းလျှော ပြန်ပြီလား။ ဘာသွားစားမိလို့လဲ လို့ မေးကြမယ်၊ ပဋိဇီဝပိုးသတ်ဆေးတွေ၊ ဝမ်းပိတ်ဆေးဆိုတာတွေ သောက်ခိုင်းမယ်။ လျှောနေတဲ့ ဝမ်း ရပ်သွားဖို့ပဲ အဓိက တွေးကြတယ် မဟုတ်လား။ ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ ဆိုတာကို ကိုယ်တိုင် လေ့လာလိုက်တော့နော်။ တကယ်တော့ ဝမ်းလျှော တယ်၊ ဝမ်းပျက်တယ် ဆိုတာတွေက အစားအသောက်က တဆင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ရရှိတာအပါအဝင် တခြားအကြောင်းရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ဝမ်းပျက်ဝမ်းလျှောကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက - ရောဂါပိုးကြောင့် ကူးစက်ဝမ်းလျှောခြင်း ဒီလို ဝမ်းပျက်ခြင်းမျိုးက Rotavirus ၊ E. coli နဲ့ Salmonella အပါအဝင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေ အစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ပေါ်တဲ့လက္ခဏာပေါ် မူတည်ပြီး အကြောင်းအရင်းကို ခန့်မှန်းရပါတယ်။ လိုအပ်တဲ့ကုသမှုကို ခံယူနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စားသောက်ပြီးချိန်မှာ ပျို့အန်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း က ဒီအချက်တွေကြောင့်ပါ။ အစာမတည့်ခြင်း တစ်ခါတရံမှာ အစားအစာအချို့ ဥပမာ ခရုကမာ၊ အခွံမာသီး၊ ဥအမျိုးမျိုးကို သင့်ကိုယ်ခံစွမ်းအားကနေ အန္တရာယ်ရှိတဲ့ ပစ္စည်းများအနေနဲ့ မှတ်ယူတတ်ကြပါတယ်။ တစ်ခုခုကိုစားလိုက်မိရင် ကိုယ်ခံအားစနစ်ကနေ ဟစ်စ်တမင်းနဲ့ တခြားဓာတ်ပစ္စည်းများ ထုတ်လုပ်ခြင်းအားဖြင့် တုံ့ပြန်မှုတွေ ပြုလုပ်ပါတယ်။ အဲဒီအခါ ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်တဲ့ အင်ပျဉ်ထခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်လာတတ်ပြီး ပျို့အန်တာပါ ဖြစ်လာနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း သေချာစွာ ထုတ်ပိုးသိမ်းဆည်းမထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး […]


ဝမ်းချုပ်ခြင်း

သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ

ဝမ်းမှန်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း ကျန်းမာကြောင်းကို ညွှန်ပြနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ စကားလည်း ရှိပါတယ်။ ယခုဖော်ပြပေးမှာကတော့ သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ အကြောင်း ဖြစ်ပါတယ်။ သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ ကတော့ ချီယာစေ့ အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့ အဓိကကျတဲ့ အခန်းက ပါဝင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက် လမ်းကြောင်းချောမွေ့စေပြီး ဝမ်းများကိုပျော့စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ချီယာစေ့ တစ်အောင်စမှာ အမျှင်ဓာတ် ၁၁ ဂရမ်ပါဝင်တာကြောင့် အမျှင်ဓာတ်လွန်စွာ ကြွယ်ဝပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ ရေဓာတ်ကို ဆွဲထိန်းထားပြီး ဝမ်းပျော့စေပါတယ်။ ဘယ်ရီသီး ဘယ်ရီသီးများမှာလည်း အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ စတော်ဘယ်ရီ ၁၅၀ ဂရမ်မှာ အမျှင်ဓာတ် ၃ ဂရမ်၊ ဘလူးဘယ်ရီ ၁၄၈ […]


အစာအိမ်အနာ

အစာအိမ်အနာ လား၊ အူအနာလား ဘယ်လိုခွဲမလဲ။

ဗိုက်အောင့်တယ်။ တချို့က ဆာရင် အောင့်တယ်။ တချို့က စားရင်အောင့်တယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ မေးကြည့်လိုက်ရင်လည်း အစာအိမ်ရှိတယ်ဆိုတာလောက်ပဲ သိတယ်။ တချို့ကတော့ ဘာဖြစ်မှန်းတောင် မသိဘူး။ ဒီဆောင်းပါးမှာတော့ လက္ခဏာပေါ်မူတည်ပြီး အစာအိမ်အနာ လား၊ အူအနာလား ဆိုတာ ပြောပြပေးပါမယ်။ လက္ခဏာနဲ့ ပြောတာ ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်ပဲ မှန်မှာပါ။ အတိအကျသိချင်ရင်တော့ ဆေးစစ်ချက်တွေ ထပ်လုပ်ရမှာပါ။ အစာအိမ်အနာ လား၊ အူအနာလား အစာအိမ်အနာကို gastric ulcer လို့ခေါ်ပါတယ်။ အတိုကောက် GUလို့ ခေါ်ရအောင်။ အူအနာကိုတော့ duodenal ulcer လို့ ခေါ်ပါတယ်။ အတိုကောက်  DUလို့ ခေါ်ရအောင်။ အူအနာကတော့ အူသိမ်ဦးပိုင်းမှာ ဖြစ်တာများပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေကလည်း အတူတူလောက်ပါပဲ။  H.pyloriလို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဆေးလိပ်သောက်တာကြောင့် အကိုက်အခဲပျောက်ဆေးတွေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

သင့်ဗိုက်ထဲမှာ ရှိတဲ့ အူအခွေလိုက်ကို ဖြန့်ကြည့်ရင် ၂၅ပေလောက်ရှိပါတယ်။ တစ်နေ့ တစ်နေ့ စားသောက်သမျှ အစားအစာတွေက အူကို ဖြတ်ပြီး နောက်ဆုံး မစင်အနေနဲ့ ထွက်သွားတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ဒီအစာတွေ အပြင်ကို ပြန်မထွက်နိုင်တဲ့အခါမျိုးလည်း ရှိပါတယ်။ ဥပမာ အူပိတ် နေတယ်ဆိုရင်ပေါ့။ ဒီလောက် ရှည်လျားလှတဲ့ အူလမ်းကြောင်း တလျှောက်မှာ ဘယ်နားကနေ ဘယ်လိုများ အူပိတ်မှာလဲ။ အူပိတ်တဲ့အခါ ပိတ်တဲ့နေရာ ပေါ်လိုက်ပြီး လူနာက ခံစားရတဲ့ လက္ခဏာတွေ မတူပါဘူး။ အူသိမ်ပိုင်းဆို လက္ခဏာက တစ်မျိုး၊ အူမကြီးဆို လက္ခဏာက တစ်မျိုး ခံစားရပါတယ်။ အူပိတ်တာက ကြောက်စရာကောင်းလားဆိုတော့ အူပိတ်တာကြာလာတာနဲ့အမျှ အူထဲက စားကြွင်းစားကျန်တွေ၊ အညစ်အကြေးတွေက ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်နိုင်ဘဲ တဖြည်းဖြည်းများလာပြီး အူပေါက်တတ်ပါတယ်။ ဒါဆိုရင်တော့ […]


သည်းခြေဆိုင်ရာရောဂါများ

သည်းခြေကျောက် မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ။

သည်းခြေကျောက် တည်တဲ့ ဝေဒနာ တော်တော့်ဆိုးဆိုးပါ။ ဒီတိုင်းကျောက်က သည်းခြေအိတ်ထဲမှာဆို ပြဿနာ သိပ်မရှိပေမယ့် သည်းခြေပြွန်ထဲရောက်လာပြီဆိုရင်တော့ တော်တော်ခံရခက်ပါတယ်။ ဗိုက်တွေအောင့်၊ ချွေးစေးတွေပြန်၊ အော့အန်၊ အဖျားတွေတက်၊ အသားတွေဝါနဲ့ လူနာခမျာ အတော်ခံစားရရှာတာပါ။ ဒီဝေဒနာကို ဘယ်သူမှ မခံစားချင်ကြပါဘူး။ ဒါပေမယ့် ဖြစ်ပြီးမှတော့ မတတ်နိုင်ဘူးလေ။ အစကတည်းက ဖြစ်မလာအောင် နေခဲ့ရင် အကောင်းသားလို့ တွေးနေမိပြီဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းတချို့ကို လိုက်နာရပါမယ်။ ၁၀၀ရာခိုင်နှုန်း မဟုတ်တောင် ရာနှုန်းတော်တော်များများတော့ ကာကွယ်နိုင်မှာပါ။ သည်းခြေကျောက်က ဘယ်လိုလူတွေ ပိုဖြစ်နိုင်ခြေရှိလဲ။ ဘယ်လိုအကျင့်တွေကြောင့် ဖြစ်တတ်လဲ။ ဘယ်လိုကာကွယ်မလဲဆိုတာ မပြောခင် ဘယ်လိုလူတွေ ပိုဖြစ်နိုင်လလဲဆိုတာ ပြောပြပေးပါမယ်။ ဒါမှ ဒီအချက်တွေကို ရှောင်ပြီး ကာကွယ်လို့ရမှာပါ။ 5Fs ပထမတစ်ချက်က 5Fsပါ။ Female, fatty, fertile, forty, flatulenceလို့ အလွယ်မှတ်ပါတယ်။ အမျိုးသမီးဖြစ်နေခြင်း၊ အဝလွန်ခြင်း၊ […]


အသည်းရောဂါများ

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

ဖက်တီး လို့ ပြောရင် စိတ်ဆိုးတတ်ကြတယ်၊ ဘယ်သူမှ မကြိုက်ကြဘူးနော်။ ဒါပေမယ့် လူကို ပြောတာထက် အသည်း မှာ ဖက်တီးဖြစ်နေတာက အများကြီး ပိုဆိုးပါတယ်။ Fatty Liver Disease လို့ ခေါ်တဲ့ အသည်းအဆီဖုံးခြင်းက အသက်တိုစေမယ့် အန္တရာယ်တစ်ခု ဖြစ်နေလို့ပါပဲ။ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ ဆိုတော့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ ...... အသည်း အဆီဖုံးတာ လူတိုင်းဖြစ်နိုင်ခြေ ရှိပါတယ်။ အရက် သောက်တဲ့သူမှ မဟုတ်ပါဘူး။ အရက် မသောက်တဲ့သူတွေလည်း အသည်းအဆီဖုံးနိုင်ပါတယ်၊ အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။ ဒါ့ကြောင့် အရက်မသောက်တတ်တဲ့ အမျိုးသားတွေမှာ အသည်းရောဂါ ဖြစ်တာတွေ့နေရတာပါ။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါတာ စိုးရိမ်စရာလား။

အန်ချင်လိုက်တာ။ အစာမကြေဘူးထင်တယ်။ အန်လိုက်တော့ အစာတွေတင်မဟုတ်ဘဲ သွေးစတွေ ပါလာတယ်။ အရောင်က ကော်ဖီရောင် ရင့်ရင့် ဖြစ်နေတယ်။ ဝမ်းသွားတာကလည်း ဝမ်းက အနက်ရောင်တွေ ဖြစ်နေတယ်၊ ဝမ်းထဲမှာ သွေးတွေ ပါလာတယ်ဆိုပြီး စိုးရိမ်နေကြပြီလား။ အန်တဲ့အခါ သွေးပါတာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာတွေက ပြင်းထန်တဲ့ ရောဂါ တစ်ခုခုကြောင့် ဆိုတာထက် ဖြစ်နိုင်ခြေ အရှိဆုံး တစ်ခုက ပါးစပ်ကစလို့ အစာဟောင်းစွန့်တဲ့ နေရာအထိ ပါဝင်နေတဲ့ အစာခြေစနစ်မှာ ပြဿနာ တစ်ခုခု ရှိနေပြီဆိုတာကို ဖော်ပြနေတာပါ။ ဒီ အခြေအနေကို ကြည့်ပြီး အရမ်း မစိုးရိမ်သွားစေချင်ပါဘူး။ အန်ရင် သွေးပါတယ်။ ဝမ်းသွားတဲ့အခါ သွေးပါတယ်ဆိုတာက ကုသလို့ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း  ဖြစ်နိုင်တယ် ဆိုတာကို သတိရစေချင်ပါတယ်။ အစာခြေစနစ်မှာ သွေးထွက်တိုင်း အရမ်းမစိုးရိမ်ပါနဲ့။ အန်တဲ့အခါ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း