အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဝမ်းပျက်ဝမ်းလျှောခြင်း

ပဋိဇီဝပိုးသတ်ဆေး ကြောင့် ဖြစ်တဲ့ ဝမ်း ပြဿနာ

အစားအသောက်တော့ ဂရုစိုက်နေတာပဲ၊ ဗိုက်ကမကောင်းဘူး၊ တော်ကြာ ဝမ်း ချုပ်လိုက်၊ ဝမ်းမကောင်းလိုက် ဖြစ်နေတယ်။ ဒီအခြေအနေမျိုး ဖြစ်ဖူးကြမှာပါ။ ဘာမှလည်းမစားရပါဘဲ ခဏခဏဝမ်းပျက်တယ်။ ဝမ်းပျက်လို့ ဆိုပြီး ဆေးတွေသောက်ရတယ်၊ နောက်ပိုင်း ပိုဆိုးလာတယ်။ လုံးလည်ချာလည် လိုက်နေတာ ဘာကြောင့်ဖြစ်မလဲ။ အကြောင်းရင်းခံ တစ်ခုခုကြောင့် ပဋိဇီဝဆေးတွေ ဆေးပတ်လည်အောင် သောက်ခဲ့ရပြီးနောက်ပိုင်း probiotics တွေကို သောက်ဖို့ ဆရာဝန်တွေ ညွှန်းတာ ဘာကြောင့်လဲ။ ဟုတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းညှိပေးဖို့ probiotics တွေကို လိုအပ်တာပါ။ Probiotic ဆိုတာ ဘာလဲ Probiotic ဆိုတာ အစာခြေလမ်းကြောင်းမှာ ရှိနေပြီး ခန္ဓာကိုယ်ရဲ့အာဟာရဓာတ်စုပ်ယူနိုင်စွမ်း နဲ့ ရောဂါပိုးတွေ ခုခံနိုင်စွမ်းကို ထောက်ပံ့ပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ Probiotic တွေက ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်ကို ထောက်ကူတဲ့အပြင် ရောင်ရမ်းမှုတွေ လျော့ကျစေပြီး […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင်

တအေ့အေ့ နဲ့ လေချဉ်တက် တယ် ဆိုတာ တစ်နည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစား အမြန်စားမိတာ၊ အစာစားရင်း စကားပြောတာ၊ ပီကေ ဝါးတာ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ်။ ဒါ့ပြင် အစာခြေရည် ပြန်ဆန်တက်ခြင်း နဲ့ ရင်ပူနာ ဝေဒနာတွေ ကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ် ဆိုရင်တော့ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယား ကြောင့် ဒါမှမဟုတ် အစာအိမ်နံရံ ရောင်ရမ်းခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင် (၁) ဖြည်းဖြည်း စားပါ၊ ဖြည်းဖြည်း သောက်ပါ ဖြည်းဖြည်း စားသောက်မယ်ဆို လေတွေ […]


ဝမ်းချုပ်ခြင်း

လူသိနည်းတဲ့ ဝမ်းချုပ် စေတဲ့ အကြောင်းရင်း (၁၁) မျိုး

ရေသောက်နည်းရင်၊ အသီးအရွက် သိပ်မစားရင် ဝမ်းချုပ် တယ် လို့ ပြောလေ့ရှိကြပါတယ်။ ရှိသေးတယ်… ကောက်ညှင်းစားရင်၊ အပူအပုပ်များရင်လည်း ဝမ်းချုပ်မယ်တဲ့။ ဒါပေမယ့် ဒီလို လူသိများတဲ့အရာတွေထက် နောက်ထပ် တခြား အကြောင်းရင်း တွေ ရှိနေနိုင်တယ် ဆိုတာရော သင်သိပြီးပြီလား။ ဒါတွေကြောင့် ဝမ်းချုပ်စေနိုင်တယ်ဆိုတာ လူသိနည်းပါတယ် - (၁) အူရောဂါ အူရောဂါ (IBD) မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစားနှစ်ခု ရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။ (၂) လည်ပင်းကြီးရောဂါ လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ သည်ရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ကလေးတွေပဲ သန်ချ ရမှာလား

ဘာလို့ ဒီလိုမေးရတာလဲဆိုတော့ လူတွေက သန်ချ တာ အရေးမကြီးဘူးလို့ ယူဆကြလို့ပါ။ လူရဲ့ သဘောကလည်း ကိုယ်သာ ကျန်းမာနေရင် ဘာကိုမှ အားမထုတ်ချင်တာပါ။ ကျန်းမာရေးစာစောင်တွေမှာ သန်ကောင်တွေ အူကနေ အထွေးလိုက် ထွက်လာတယ်လို့၊ အသက်ရှူလမ်းကြောင်းမှာ သန်ကောင်ပိတ်နေတယ်တို့၊ နှာခေါင်းကနေ သန်ကောင် ထွက်လာတယ်လို့ ဆိုတာ တကယ့်အဖြစ်အပျက်တွေပါ။ သန်ကောင်ဆိုတာ ခုဝင် ခုဒုက္ခပေးတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန် သန်ချနေဖို့ လိုပါတယ်။ အထူးသဖြင့် ဒီနိုင်ငံက လူတွေက ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ သန်ထတာလဲ။ သန်ကောင်တွေ ဘာလို့ ကိုယ်ထဲဝင်တာလဲလို့ မေးရင် အရိုးဆုံးဖြေရရင် ညစ်ပတ်လို့ပါ။ ခုထက်ထိကို လက်သန့်၊ ရေသန့်၊ အိမ်သာသန့်ကို လိုက်မလုပ်နိုင်တဲ့ သူတွေ အများကြီး ရှိပါသေးတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်ရောင် ခြင်း အကြောင်း သင်ဘယ်လောက် သိထားလဲ

အူအတက်ရောင် တယ်ဆိုတာ အူအတက်မပေါက်ခင် အရေးပေါ်ခွဲစိတ်မှုခံယူဖို့ လိုအပ်တဲ့ အခြေအနေပါ။ ကံကောင်းတာက အူအတက်ကို ဖယ်ထုတ်လိုက်လည်း ဘာပြဿနာမှမရှိဘဲ နေလို့ရတာပါပဲ။ ဒီလက္ခဏာ တွေ သိသာလာတယ် ဝမ်းဗိုက်ညာဘက် အောက်နားမှာ ဗိုက်အောင့်တာက အူအတက်ရောင်တဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုက ချက်နားတဝိုက်မှာ နာကျင်မှု စတင်ပြီး နောက်မှ ညာဘက်ကို ရွေ့လျားလာတာ ဖြစ်ပါတယ်။ အဲဒီကနေ ကိုယ်လှုပ်ရှားလိုက်တဲ့အခါ၊ အသက်ပြင်းပြင်းရှူတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ နှာချေလိုက်တဲ့အခါ ပိုဆိုးလာတတ်ပါတယ်။ ရောင်ရမ်းမှု ပိုပြင်းထန်လာတာနဲ့အမျှ ဗိုက်အောင့်တာပိုဆိုးလာပြီး အချိန်မီမကုသနိုင်ရင် အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ တခြားအဖြစ်များတဲ့ လက္ခဏာတွေကတော့ - အစာစားချင်စိတ်မရှိတာ၊ မအီမသာ၊ ပျို့အန်ချင်တာ၊ ကိုယ်ပူတာ၊ ဗိုက်ပွ၊ ဗိုက်ကယ်တာ၊ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။ အူအတက်ရောင် တာ ဒီလူတွေ အဖြစ်များတယ် အများအားဖြင့် အသက် ၁၀ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ခန္ဓာကိုယ်မှာ သန်ထနေရင် ဘယ်လိုသိနိုင်မလဲ

သန်ကောင် တွေ ဆိုတာ အရေပြားကနေတဆင့်၊ အစားအသောက်ကနေတဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ သန်ကောင်ဥရှိနေတဲ့ နေရာကို ထိတွေ့မိရာက အရေပြားကနေ ထိုးဖောက်ကူးစက်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဒီလိုကပ်ပါးကောင်တွေရှိနေပြီ ဆိုရင် အပေါ်ယံမှာ မသိသာပေမယ့် လက္ခဏာထူးခြားတာတွေ ဖြစ်လာမှာသေချာပါတယ်။ ဒီလက္ခဏာတွေ သတိထားကြည့်ပါ - (၁) ဝမ်းလျှောမယ် ဝမ်းလျှောခြင်းက ရောဂါအတော်များများရဲ့ အဖြစ်များတဲ့လက္ခဏာတစ်ခု ဖြစ်ပေမယ့် ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေ စားသုံးခြင်း ကနေ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းရောဂါ ပိုးဝင်ခြင်းအထိ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အူထဲမှာ သန်ကောင် တွေ များလွန်းလာတဲ့အခါ ဝမ်းပျက်တတ်ပါတယ်။ မစင်ထဲမှာ အကောင်တွေပါလာတာ တွေ့ရတတ်ပါတယ်။ (၂) ဗိုက်အောင့်မယ် သန်ကောင် ကြောင့် ရံဖန်ရံခါ ဗိုက်အောင့်ဝေဒနာခံစားရပြီး ပြင်းထန်တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ အမျိုးသမီးတွေကျတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆင်တူတာကြောင့် သိပ်သတိမထားမိကြပါဘူး။ သန်ကောင်ကြောင့်ဖြစ်ရတဲ့ ဝေဒနာက ဝမ်းဗိုက်အောက်ပိုင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပြင်းထန်အူပွရောဂါ (Toxic megacolon)

Toxic megacolonဆိုတာ အူမကြီးပွလာတာပါ။ Megacolonဆိုတာ အူပွလာတာ၊ Toxicဆိုတာ အခြေအနေပြင်းထန်တာပါ။ ရှားပါးတဲ့ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်လာရင် ရက်ပိုင်းအတွင်းမှာပဲ အူက ပွလာပြီး ပေါက်ထွက်နိုင်တာကြောင့်အသက်အန္တရာယ်ရှိပါတယ်။ ဒီပြင်းထန်အူပွရောဂါဘာလို့ဖြစ်တာလဲ။ ဖြစ်လာရင် ဘယ်လိုကုကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။ ဘာကြောင့်ဖြစ်တာလဲ။ ဖြစ်ရတဲ့အကြောင်းကိုတော့ တိတိကျကျမသိရသေးပေမယ့် တချို့သော အူလမ်းကြောင်းရောဂါတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးကတော့ Inflammatory Bowel Diseaseလို့ခေါ်တဲ့ နာတာရှည် အူရောင်​တဲ့ ရောဂါစုနဲ့၊ အူလမ်းကြောင်းပိုးဝင်တာပါ။ ဒါ့ပြင်ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ နာတာရှည်အူရောင်ရောဂါစု ဒီရောဂါစုမှာ Ulcerative colitis(UC)လို့ခေါ်တဲ့ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်းနဲ့ Crohn’s diseaseတို့ပါဝင်ပါတယ်။ ဒီနှစ်ခုလုံးက ခုခံအားကမောက်ကမဖြစ်တာ ဒါမှမဟုတ် ဗီဇကြောင့်လို့ဆိုပါတယ်။ နှစ်ခုလုံးက အူရောင်ရမ်းတာပါ။ သူတို့ရဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက်နာတာ၊ ဝိတ်ကျတာ၊ ဝမ်းလျှောတာ၊ သွေးဝမ်းသွားတာ၊ ပျို့တာ၊ အဆစ်တွေနာတာ၊ ဖျားတာ၊ […]


အစာအိမ်ရောင်ခြင်း

အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ

အစာအိမ် ရောင်တာက ဘာတွေကြောင့် ဖြစ်ရတာလဲ။ ဘယ်လို လက္ခဏာတွေ ဖြစ်နိုင်သလဲ။ ဘာတွေ သတိထားဖို့ လိုမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အစာအိမ် ရောင်တဲ့အခါ လိုက်နာရမှာလေးတွေကို ကြည့်လိုက်ရအောင်နော်။ ဘာတွေကြောင့် အစာအိမ် ရောင်နိုင်သလဲ အစာအိမ် အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် – H.pylori ဘက်တီးရီးယားပိုး ကူးစက်ခံရတာ အစားအသောက် (အထူးသဖြင့် ပင်လယ်စာ) ပိုးပါနေတဲ့ သောက်သုံးရေ ရောဂါပိုး ရှိနေတဲ့ လူနဲ့ထိတွေ့မှု လက်မဆေးခြင်း ဇွန်း၊ တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်နိုင်ပါတယ်။ အစာအိမ် ရောင်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ လက္ခဏာတွေ ကတော့ – မအီမသာ ဖြစ်ခြင်း၊ ချွေးထွက် […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါကို ဒီလိုကာကွယ်ပါ။

ဝမ်းသွားမလို့ ထိုင်လိုက်တာ သွေးတွေ ဗွမ်းကနဲထွက်လာမျိုးကြုံဖူးလား။ ဒါဆိုရင် ခေါင်းထဲမှာ ငါတော့ လိပ်ခေါင်းရောဂါ ဖြစ်နေပြီနဲ့တူတယ်လို့ ထင်ကြပါတယ်။ လူ၄ယောက်မှာ ၃ယောက်မှာ လိပ်ခေါင်းဖြစ်ဖူးကြပါတယ်။ ဒါကြောင့် ဒီရောဂါကမရှားပါဘူး။ မရှားတာကြောင့် လိပ်ခေါင်းရောဂါကို သေချာနားလည်ထားဖို့ လိုပါတယ်။ လိပ်ခေါင်းဆိုတာ တကယ်တော့ မစင်အိမ်နဲ့ စအိုနားက သွေးပြန်ကြောတွေ ဖောင်းလို့ဖြစ်လာတာပါ။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အပြင်လိပ်နဲ့ အတွင်းလိပ်လို့လည်း ခွဲထားပါတယ်။ လိပ်ခေါင်းက ဘာလို့ဖြစ်တာလဲ။ မကုဘဲထားရင် ဘာဖြစ်မလဲ။ အသက်အန္တရာယ်စိုးရိမ်ရလား။ ကာကွယ်လို့ရလားဆိုတာကို ပြောပြပေးပါမယ်။ လိပ်ခေါင်းရောဂါ ဘာလက္ခဏာတွေပြမလဲ။ လိပ်ခေါင်းရောဂါ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေကလည်း မတူပါဘူး။ အပြင်လိပ် စအိုပတ်လည်က အရေပြားမှာတွေ့ရပါတယ်။ လက္ခဏာတွေကတော့ -စအိုနားတစ်ဝိုက်မှာယားပါမယ်။ -နာမယ်။ နေရတာ အဆင်မပြေပါဘူး။ -စအိုနားမှာ အလုံးစမ်းမိပါမယ်။ -သွေးထွက်ပါမယ်။ အတွင်းလိပ် မစင်အိမ်ထဲမှာဖြစ်တာပါ။ မြင်လည်းမမြင်ရသလို စမ်းကြည့်လို့လည်း မရပါဘူး။ ဒါကြောင့် ရှိလို့ရှိမှန်းတောင်မသိပါဘူး။ ဝမ်းသွားလိုက်တဲ့အခါမှသာ -သွေးပါလာမယ်။ မနာဘူး။ ဝမ်းသွားပြီးမှ အိမ်သာခွက်မှာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ကရိယရောင် ခြင်း

ပန်ကရိယ ဆိုတာ အစာအိမ်နောက်မှာရှိတဲ့ ရှည်မျောမျော အင်္ဂါတစ်ခုပါ။ သူက အစာခြေစနစ်အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ၊ သွေးချိုဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်းတွေ ထွက်ပေးပါတယ်။ ပန်ကရိယရောင် တာက ရုတ်တရက်ရောင်တာလည်း ဖြစ်နိုင်သလို၊ နာတာရှည်ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပန်ကရိယရောင်တာက သိပ်မဆိုးရင် ဒီတိုင်းသက်သာပေမယ့် ပြင်းထန်လာရင်တော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒီဆောင်းပါးမှာ ပန်ကရိယရောင်ရင် ဘယ်လိုခံစားရမှာလဲ။ အသက်အန္တရာယ်ရှိလား။ ဘာလို့ဖြစ်ရတာလဲ စတာတွေကို ပြောပြပေးသွားမှာပါ။ ပန်ကရိယရောင် တဲ့အခါ ခံစားရတဲ့ လက္ခဏာများ ရုတ်တရက်ရောင်တာလား၊ နာတာရှည်လားဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲသွားပါတယ်။ ရုတ်တရက်ရောင်ရမ်းရင် ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ် နောက်ကျောထိပျံ့မယ် အစာစားရင် ပိုနာမယ် ဖျားမယ် သွေးခုန်နှုန်းမြန်မယ် ပျို့မယ် အန်မယ် ဗိုက်က အထိမခံနိုင်အောင် နာမယ်။ နာတာရှည်ရောင်ရမ်းရင်တော့ ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ် ​အလိုလိုနေရင်းပိန်လာမယ် ဝမ်းနံ့ဆိုးပြီး ဝမ်းထဲမှာ အဆီများမယ် (steatorrhoea) တကယ်လို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း