ဝမ်းသွားမလို့ ထိုင်လိုက်တာ သွေးတွေ ဗွမ်းကနဲထွက်လာမျိုးကြုံဖူးလား။ ဒါဆိုရင် ခေါင်းထဲမှာ ငါတော့ လိပ်ခေါင်းရောဂါ ဖြစ်နေပြီနဲ့တူတယ်လို့ ထင်ကြပါတယ်။ လူ၄ယောက်မှာ ၃ယောက်မှာ လိပ်ခေါင်းဖြစ်ဖူးကြပါတယ်။ ဒါကြောင့် ဒီရောဂါကမရှားပါဘူး။
ထွက်မှာ သေချာပြီလား။
ဝမ်းသွားမလို့ ထိုင်လိုက်တာ သွေးတွေ ဗွမ်းကနဲထွက်လာမျိုးကြုံဖူးလား။ ဒါဆိုရင် ခေါင်းထဲမှာ ငါတော့ လိပ်ခေါင်းရောဂါ ဖြစ်နေပြီနဲ့တူတယ်လို့ ထင်ကြပါတယ်။ လူ၄ယောက်မှာ ၃ယောက်မှာ လိပ်ခေါင်းဖြစ်ဖူးကြပါတယ်။ ဒါကြောင့် ဒီရောဂါကမရှားပါဘူး။
လိပ်ခေါင်းဆိုတာ တကယ်တော့ မစင်အိမ်နဲ့ စအိုနားက သွေးပြန်ကြောတွေ ဖောင်းလို့ဖြစ်လာတာပါ။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အပြင်လိပ်နဲ့ အတွင်းလိပ်လို့လည်း ခွဲထားပါတယ်။လိပ်ခေါင်းက ဘာလို့ဖြစ်တာလဲ။ မကုဘဲထားရင်ဘာဖြစ်မလဲ။ အသက်အန္တရာယ်စိုးရိမ်ရလား။ ကာကွယ်လို့ရလားဆိုတာကို ပြောပြပေးပါမယ်။
လိပ်ခေါင်းရောဂါ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေကလည်း မတူပါဘူး။
စအိုပတ်လည်က အရေပြားမှာတွေ့ရပါတယ်။ လက္ခဏာတွေကတော့
-စအိုနားတစ်ဝိုက်မှာယားပါမယ်။
-နာမယ်။ နေရတာ အဆင်မပြေပါဘူး။
-စအိုနားမှာ အလုံးစမ်းမိပါမယ်။
-သွေးထွက်ပါမယ်။
မစင်အိမ်ထဲမှာဖြစ်တာပါ။ မြင်လည်းမမြင်ရသလို စမ်းကြည့်လို့လည်း မရပါဘူး။ ဒါကြောင့် ရှိလို့ရှိမှန်းတောင်မသိပါဘူး။ ဝမ်းသွားလိုက်တဲ့အခါမှသာ
-သွေးပါလာမယ်။ မနာဘူး။ ဝမ်းသွားပြီးမှ အိမ်သာခွက်မှာ သွေးပေနေတာတွေ့မယ်။
-တစ်ခါတစ်လေ ဝမ်းညှစ်လိုက်မှ လိပ်ခေါင်းက အပြင်ကို ထွက်လာမယ်။ အဲ့တော့မှ နာလို့ သိတာမျိုးလည်းဖြစ်နိုင်ပါတယ်။
လိပ်ခဲ
အပြင်လိပ်မှာရှိတဲ့ သွေးတွေခဲလာတဲ့အခါ လိပ်ခဲဆိုတာဖြစ်လာပြီး
-ပြင်းပြင်းထန်ထန်နာတာ
-ဖောင်းလာတာ
-ရောင်ရမ်းတာ
-ခပ်မာမာအဖုဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။
အိမ်မှာနေရင်း တစ်ပတ်နေလိုမှ မသက်သာရင်ဆရာဝန်နဲ့ပြပါ။ ဒါ့ပြင် ဝမ်းသွားလို့ သွေးပါတိုင်း လိပ်ခေါင်း ဟုတ်ချင်မှ ဟုတ်မှာပါ။ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဝမ်းသွားတဲ့ပုံစံပြောင်းနေတယ်။ဝမ်းအရောင်တွေပြောင်းနေတယ်ဆိုရင် သတိထားပါ။ အူမကြီးကင်ဆာနဲ့ စအိုကင်ဆာတို့လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းထဲမှာ သွေးပါတာများလာတယ်၊ ခေါင်းမူးတယ်၊ အားနည်းလာတယ်၊ မိုက်ခနဲဖြစ်လာတယ်ဆိုရင်လည်း သတိထားပါ။ သွေးလန့်(shock)ရတတ်ပါတယ်။ ဒါတွေဖြစ်လာပြီဆိုရင်တော့ ဆေးရုံကို မြန်မြန်သွားပါ။
လိပ်ခေါင်းဆိုတာ အူအောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ဖိအားများပြီး ဖောင်းလာတာပါ။ ဖိအားများစေတဲ့ အကြောင်းတွေကတော့
-ဝမ်းကို ညှစ်ပြီးသွားတာ
-အိမ်သာအကြာကြီးတက်တာ
-နာတာရှည် ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ
–ဝတာ
-ကိုယ်ဝန်ရှိတာ
–အမျှင်ဓာတ်အစားနည်းတာ
-အလေးအပင်မတာ စတာတွေပဲ ဖြစ်ပါတယ်။
-အသက်ကြီးလာတာနဲ့အမျှ လိပ်ခေါင်းဖြစ်နိုင်ချေပိုများပါတယ်။ အကြောင်းက တစ်ရှူးတွေ အားပျော့လာလို့ပါ။
-နောက်တစ်ခုက ကိုယ်ဝန်သည်တွေပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးက စအိုနားကိုဖိထားပါတယ်။ ဒါကြောင့် ဖိအားများပြီး လိပ်ခေါင်းဖြစ်တာပါ။
လိပ်ခေါင်းက နောက်ဆက်တွဲဆိုးကျိုး ဖြစ်ခဲပါတယ်။ ဖြစ်တတ်တာတွေကတာ့
-သွေးအားနည်းခြင်း
ဖြစ်ခဲပေမယ့် နာတာရှည် လိပ်ခေါင်းရောဂါမှာဆိုရင်တော့ သွေးနီဥနည်းပြီး သွေးအားနည်းတတ်ပါတယ်။
-လိပ်ခေါင်းပုပ်ခြင်း
အတွင်းလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သွေးမလျှောက်တဲ့အခါ ပုပ်ပြီး ပြင်းပြင်းထန်ထန်နာတတ်ပါတယ်။
-လိပ်ခဲ
လိပ်ခေါင်းထဲမှာရှိတဲ့သွေးတွေက ခဲတတ်ပါတယ်။ အန္တရာယ်မရှိပေမယ့် အင်မတန်နာတာကြောင့် ဖောက်ထုတ်ရတတ်ပါတယ်။
လိပ်ခေါင်းမဖြစ်ဖို့ အကောင်းဆုံးနည်းကတော့ ဝမ်းချုပ်မခံပါနဲ့။ လိပ်ခေါင်းမဖြစ်ဖို့နဲ့ လိပ်ခေါင်းရဲ့ လက္ခဏာကို သက်သာစေဖို့ဆိုရင်
(၁)အမျှင်ဓာတ်များများစားပါ။ အသီးအရွက်၊ အစေ့အဆန်များများစားပါ။
(၂)ရေများများသောက်ပါ။ တစ်နေ့ကို ရေ၆ဖန်ခွက်ကနေ ၈ဖန်ခွက်အထိသောက်ပေးပါ။
(၃)ဝမ်းမညှစ်ပါနဲ့။ ဝမ်းညှစ်ရင် အူအောက်ပိုင်းက သွေးပြန်ကြောတွေမှာ သွေးဖိအားများလာပါတယ်။
(၄)ဝမ်းမအောင့်ထားပါနဲ့။ ဝမ်းအောင့်ထားရင် ဝမ်းချုပ်တာ၊ စမြင်းခံတာတွေဖြစ်တတ်ပါတယ်။
(၅)လေ့ကျင့်ခန်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေတာက ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
(၆)အကြာကြီးမထိုင်ပါနဲ့။ အထိုင်များရင် စအိုနားက သွေးပြန်ကြောတွေကို ဖိထားတာကြောင့် သွေးဖိအားများပြီး လိပ်ခေါင်းဖြစ်တတ်ပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။