တအေ့အေ့ နဲ့ လေချဉ်တက် တယ် ဆိုတာ တစ်နည်းနည်း နဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစား အမြန်စားမိတာ၊ အစာစားရင်း စကားပြောတာ၊ ပီကေ ဝါးတာ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
တအေ့အေ့ နဲ့ လေချဉ်တက် တယ် ဆိုတာ တစ်နည်းနည်း နဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစား အမြန်စားမိတာ၊ အစာစားရင်း စကားပြောတာ၊ ပီကေ ဝါးတာ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ်။
အစာခြေရည် ပြန်ဆန်တက်ခြင်း နဲ့ ရင်ပူနာ ဝေဒနာတွေ ကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ် ဆိုရင်တော့ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယား ကြောင့် ဒါမှမဟုတ် အစာအိမ်နံရံ ရောင်ရမ်းခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။
ဖြည်းဖြည်း စားသောက်မယ်ဆို လေတွေ သိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီး နေရင် လေမျိုချမိတာ ပိုများစေနိုင်လို့ အစားစားချိန် မှာ စိတ်ကို ဖြေလျှော့ထားပါ။
လေနဲ့ ပတ်သက်တဲ့ ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။
ဒါတွေ စားတဲ့ အခါ ပုံမှန်ထက် ပိုပြီး ခဏခဏ မျိုချရတာ များတာမို့ လေတွေ ပိုဝင်နိုင်စေတာပေါ့။
မသောက်ပါနဲ့လို့ တားလို့ရမှာ မဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကို ရှိုက်တဲ့အခါ လေကို နှာခေါင်းက ရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။ ဖြတ်လိုက်တာကတော့ အကောင်းဆုံးပါပဲ။
အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်း လမ်းလျှောက်လိုက်ပါ။
အစာခြေရည် ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်း မထားဘဲ ကုသလိုက်ပါ။ ဆရာဝန်နဲ့ မပြသေးခင် ရုတ်တရက် ဖြစ်လာတဲ့ ဝေဒနာဆို အစာအိမ်လေနာ ပျောက်ဆေးတွေနဲ့တင် သက်သာစေနိုင်ပေမယ့် ကြာရှည်လာရင်တော့ မကောင်းပါဘူး။
အဆီက အစာချေဖျက်မှု ကို နှေးစေတာကြောင့် အစာတွေ ကို ပိုပြီး အချိန်ကြာကြာ အချဉ်ပေါက်စေနိုင်ပါတယ်။
ဂက်စ်ပါတဲ့ ဘူးအချိုရည်တွေ၊ ဘီယာ၊ ဆိုဒါတို့ကို သောက်လိုက်တဲ့အခါ လေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲ ရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကို လေတက်လိုက်ရင် ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး အစာခြေစနစ်တလျှောက် ရွေ့လျားနေနိုင်တယ်။ တဂွီဂွီဖြစ်လိုက်၊ လေထိုးလိုက်ပေါ့လေ။
ဝမ်းက ပုံမှန်မသွားတာနဲ့ပဲ လေတွေ ထကြွတတ်ပါတယ်။ လေတက်မယ်၊ လေမတက်နိုင်၊ လေမလည်နိုင်ရင် လေထိုးလေအောင့် က စဖြစ်ပါလေရောပဲ။ ရေများများ သောက်၊ အမျှင်ဓာတ်များတာ စားပေးပြီး ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ဖို့ လိုပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။