သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အစာအိမ်သမားတွေ နွားနို့သောက် တာ ကောင်းလား

အစာအိမ်သမားတွေ နွားနို့သောက် တာ ကောင်းလား

အစာအိမ်ရောဂါရှိတာလား နွားနို့သောက် လေ။ နွားနို့က အစာအိမ်အတွက်ကောင်းတယ်တဲ့။ ဟိုးအရင်တည်းက ဒီလိုသိထားကြတာပဲ။ ဒါက တကယ်ရော မှန်ရဲ့လား။

အမှန်တော့ အစာအိမ်အက်စစ်ပြန်ဆန်တက်တဲ့ဝေဒနာကို သက်သာဖို့ နွားနို့သောက်ကြတာပါ။ ရင်ပူလာရင် အစာအိမ်အက်စစ်ထွက်တာလျော့သွားအောင် နွားနို့သောက် ျခင္းက ကူညီပေးနိုင်တယ်ပေါ့။ အဲဒီမှာ နွားနို့က အစာအိမ်အက်စစ်ထွက်တာကို ယာယီပဲလျော့စေနိုင်တာဖြစ်ပြီး တကယ်ကုသပေးနိုင်တာမဟုတ်ပါဘူး။

နွားနို့မှာပါတဲ့ ပရိုတင်းက အူသိမ်ဦးပိုင်းကြွက်သားတွေကိုအားကောင်းစေပြီး အစာအိမ်ရင်ပူခြင်း ကိုကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ရင်ပူဝေဒနာကို မကြာခဏခံစားနေကျ အစာအိမ်သမားတွေမှာ အဆီများတဲ့အစားအသောက်တွေကြောင့် အစာအိမ်အက်စစ်ပိုထွက်စေနိုင်လို့ သောက်မယ်ဆို အဆီထုတ်နွားနို့ကမှ နည်းနည်းအဆင်ပြေနိုင်ပါတယ်။

နွားနို့သောက် လိုက်ရင် ရင်ပူတာနဲ့ အစာအိမ်အက်စစ်ကြောင့်ဖြစ်တဲ့ အနာတို့ရဲ့လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သောက်တာများရင်တော့ အက်စစ်ပိုထွက်စေပြီး ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်သမားတွေအနေနဲ့ အက်စစ်ထွက်ရှိမှုထိန်းနိုင်ဖို့ နွားနို့နဲ့နို့ထွက်ပစ္စည်းတွေကို တစ်နေ့ သုံးကြိမ်ထက် ပိုမစား၊သောက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

နွားနို့သောက် မလား ဘာတွေစားလို့ရမလဲ

Probiotics ပါတဲ့အစားအစာ

ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေကြောင့်

အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ

ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာ

ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊နဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။

ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာ

ဗီတာမင် C က အနာကျက်စေနိုင်တဲ့အစွမ်းရှိတာမို့ ဒီဓာတ်မလုံလောက်တဲ့သူတွေမှာ အစာအိမ်အနာဖြစ်နိုင်ခြေပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှမ်းတဲ့အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်းစားလို့ရပါတယ်။

ဒါ့ကြောင့် နွားနို့သောက်မယ်ဆို အဆီနည်းတဲ့နွားနို့ကို တော်သင့်ရုံအနည်းအကျဉ်းသောက်ပါ၊ သက်သာပါတယ်။ အစာအိမ်မကောင်းချိန်မှာ အဆီတွေ၊ မလိုင်တွေနဲ့ အဆီပြည့်နွားနို့တွေ၊ နို့ထွက်ပစ္စည်းတွေကို များများမသောက်၊ မစားပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 24/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။