သွေးကင်ဆာ

သွေးကင်ဆာရဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးကင်ဆာ

သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။

သွေးကင်ဆာအကြောင်း သိထားသင့်တာလေးတွေကို လေ့လာလိုက်ရအောင်နော်။ ကိုရီးယားကားတွေကြည့်လို့ မင်းသား ဒါမှမဟုတ် မင်းသမီး တစ်ယောက်ယောက်ကများ နှာခေါင်းသွေးလျှံနေပြီဆိုရင် "ဟယ် သူတော့ သွေးကင်ဆာ ဖြစ်နေပြီ။ သေတော့မှာပဲ။"ဆိုပြီး ပြောတတ်ကြပါတယ်။ ဆိုတော့ သွေးကင်ဆာ ဖြစ်ရင် ခန္ဓာကိုယ်ကနေ သွေးယိုတတ်တာကိုတော့ သိကြပါတယ်။ ဒါ့ပြင် ဘာဖြစ်နိုင်သေးလဲ။ သွေးကင်ဆာဖြစ်တိုင်း ရုပ်ရှင်ထဲကလို သေရမှာလား ဆက်ကြည့်ရအောင်။ သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။ သွေးကင်ဆာ ဆိုတာဘာလဲ။ သွေးကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်စနစ်မှာရှိတဲ့ဆဲလ်တွေ ပွားပြီးကင်ဆာဖြစ်တာပါ။ များသောအားဖြင့်တော့ သွေးဖြူဥဆဲလ်တွေ ပွားတာများပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပွားတာကြောင့် ဆဲလ်တွေသာများလာတယ်။ အလုပ်ကတော့ မလုပ်နိုင်ပါဘူး။ အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ တချို့က​ ကလေးတွေမှာအဖြစ်များပါတယ်။ တချို့က လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ သွေးကင်ဆာ ဘယ်နှစ်မျိုးရှိလဲ။ ပွားတဲ့နှုန်းပေါ်မူတည်ပြီး Acute leukemia Chronic leukemia ပါဝင်တဲ့ သွေးဖြူဥပေါ်မူတည်ပြီး […]

သွေးကင်ဆာ

Chronic Myelogenous Leukemia ()

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ) ကဘာလဲ။ သွေးကင်ဆာသည် သွေးဖြူဥများတွင်ဖြစ်သော ကင်ဆာ ဖြစ်သည်။ သွေးကင်ဆာတွင် ရိုးတွင်ခြင်ဆီ ( အရိုး၏ အလယ် မှ တစ်ရှူးအပျော့) သည် သွေးဖြူဥ အများအပြားကို ထုတ် လုပ်ရပါသည်။ သွေးဆဲလ်များသည် ရိုးတွင်းခြင်ဆီတွင် ဖြစ် ပေါ်ပြီး ကြီးထွားလာပါသည်။ ထို့နောက် သွေးစီးကြောင်းတွင်း သို့ ရောက်သွားပါသည်။ သွေးကင်ဆာသည် သွေးဖြူဥ၊ သွေး နီဥ နှင့် သွေးဥမွှာများကို ထိခိုက်စေပါသည်။ သွေးကင်ဆာ အမျိုးအစားသည် ကင်ဆာဖြစ်စေသော သွေးဆဲလ် အမျိုးအစားအပေါ်မူတည်ပါသည်။ သွေးကင်ဆာ ၄မျိုး ရှိပါသည်။ နာတာရှည် lymphocyte သွေးကင်ဆာ နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ရုတ်တရက် ပြင်းထန်သော lymphocyte သွေးကင် ဆာ ရုတ်တရက် ပြင်းထန်သော ရိုးတွင်းခြင်ဆီ […]

advertisement
advertisement