backup og meta

ရုတ်တရက် ဝိတ်ကျသွားတာဘာကြောင့်လဲ? ကင်ဆာကြောင့်လား?


Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုတ်တရက် ဝိတ်ကျသွားတာဘာကြောင့်လဲ? ကင်ဆာကြောင့်လား?

    တခါတလေမှာ ဘာမှန်းမသိတဲ့ အကြောင်းအရင်းတွေကြောင့် ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတတ်ပါတယ်။ ကိုယ်တိုင် ဝိတ်ချနေချိန်မဟုတ်ပဲ ဒီလိုရုတ်တရက် ကိုယ်အလေးချိန်လျော့နည်းလာတာဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် သိပ်ပြီး ကောင်းမွန်တဲ့ လက္ခဏာမျိုးမဟုတ်ပါဘူး။

    များသောအားဖြင့် ဒီလို ရုတ်တရက် ကိုယ်အလေးချိန် အကြီးအကျယ်လျော့ကျသွားတာမျိုးကို ကင်ဆာရောဂါလက္ခဏာ ရှေ့ပြေးလက္ခဏာအဖြစ် မှတ်ယူထားကြတာများပါတယ်။ ဒါပေမယ့် ဒီလို မထင်မှတ်ပဲ ကိုယ်အလေးချိန် လျော့ကျတာမျိုးက အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။

    ကိုယ်အလေးချိန်လျှော့ချမှု အစီအစဉ် တစ်စုံတစ်ရာမရှိပဲ ၆ လ အတွင်း ခန္တာကိုယ်ရဲ့ အလေးချိန် ၅% လောက်ကျဆင်းသွားတယ်ဆိုရင် ဒါဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရင်ဆိုင်နေရတာကြောင့်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။

    ကင်ဆာဟာ လူကို ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားစေနိုင်အောင် ပြင်းထန်တဲ့ ဝေဒနာဖြစ်ပေမယ့် အဓိကအားဖြင့်တော့ ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာဝေဒနာတွေကို ခံစားရချိန်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဒါဟာ ဒီဝေဒနာတွေ ခံစားနေရပြီဆိုတာကို ပြသတဲ့ ဦးဆုံးလက္ခဏာဖြစ်ပါတယ်။

    အဆိုပါ ကင်ဆာဝေဒနာတွေ ခံစားနေရပြီဆိုရင် အော့အန်တာ၊ အစာစားချင်စိတ် နည်းပါးတာနဲ့ အစာဝါးမျိုရခက်ခဲတာတွေ ဖြစ်လာနိုင်တာမို့ ခုလို ကိုယ်အလေးချိန် လျော့ကျရတာဖြစ်ပါတယ်။

    ကင်ဆာမဟုတ်တဲ့ တခြားဝေဒနာတွေကြောင့်လား

    တကယ်လို့ မိမိမှာ ခံစားနေရတဲ့ ဝေဒနာက ကင်ဆာမဟုတ်ဘူးဆိုရင် ဘယ်လို ရောဂါတွေကြောင့် ခုလို ဖြစ်နိုင်သလဲဆိုတာကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်အလေးချိန် အလွန်အမင်းလျော့ကျတာဟာ ကင်ဆာတစ်မျိုးတည်းကြောင့်မဟုတ်ပဲ တခြားသော ဝေဒနာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

    ဒါ့အပြင် ရောဂါတစ်စုံတစ်ရာကြောင့်မဟုတ်ပဲ ယာယီခံစားနေရတဲ့ ဝေဒနာတွေကြောင့်လည်း ကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းနိုင်ပါတယ်။

    ဒါတွေကတော့

    • အသက်ရှူရခက်တာ၊
    • သွေးအန်တာ၊
    • စာခြေရည်အန်တာ၊
    • အစာစားချင်စိတ် နည်းပါးတာ၊
    • အစာစားရခက်ခဲတာ၊
    • ရင်ပူတာ၊
    • အစာခြေဖျက်ရခက်တာ၊
    • ပင်ပန်းနွမ်းနယ်တာ၊
    • ပြင်းထန်တဲ့ ဆေးဝါးတွေ သုံးစွဲနေရတာ၊
    • ကာလရှည် နာကျင်မှုဝေဒနာ ခံစားနေရတာ၊
    • အစားအသောက် စားသောက်မှုပုံစံ ပြောင်းလဲလာတာ၊
    • အစာစားချိန် မမှန်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် မိမိရဲ့ ခန္တာကိုယ်က ကိုယ်အလေးချိန် ရုတ်တရက် သိသိသာသာကျဆင်းလာပြီဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ညှိနှိုင်းမှုပြုလုပ်ဖို့ လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလိုပဲ တစ်ခါတစ်ရံမှာ ယာယီဝေဒနာတွေကြောင့်ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ ရောဂါတစုံတရာ ကပ်ညှိနေတာကြောင့်လည်းဖြစ်နိုင်တာမို့ပါပဲ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement