ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အသည်းကင်ဆာ

အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

ဘယ်သူတော့ အသည်းကင်ဆာ ဖြစ်နေပြီတဲ့၊ ဘယ်သူတော့ အသည်းခြောက်နေပြီတဲ့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေရမှာပါ။ အဲဒီလို ရောဂါတွေ့တဲ့ အချိန်မှာ ကင်ဆာအဆင့်က အတော်မြင့်နေတာမျိုး အဖြစ်များပါတယ်။ အသည်းရောဂါ တွေဆိုတာလည်း အစပိုင်းမှာ သတိမထားမိလောက်တဲ့ လက္ခဏာတွေ ပြတတ်တာမို့ သတိမထားမိဘဲ ရောဂါရင့်မှ သိကြရပါတယ်။ ဒါ့ကြောင့် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်နော်။ အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်ပေါ့။ အသည်းကင်ဆာ ကာကွယ်ကြမယ် အသည်းကင်ဆာဟာ အဖြစ်များဆုံး ကင်ဆာတွေထဲ ရှေ့ဆုံးက ပါဝင်နေတာမို့ သတိထားကာကွယ်သင့်ပါတယ်။ ဒီလိုကာကွယ်ဖို့ အတွက် အသည်းကျန်းမာရေးကို သတိတရ ဂရုစိုက်စေချင်ပါတယ်။ အသည်းကျန်းမာဖို့အတွက် နေ့စဉ်ဘဝမှာ သိထားသင့်တဲ့ အရေးကြီးအချက်လေးတွေက - ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်က များနေရင် အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့် မဟုတ်တဲ့ […]


အခြားကင်ဆာများ

အရက် နဲ့ ကင်ဆာ ဆက်နွှယ်နေသလား

အရက် ကြောင့် အသည်း ခြောက်လိမ့်မယ်၊ အသည်းကင်ဆာ ဖြစ်လိမ့်မယ် ဆိုတာတော့ သိထားကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်တွေ သတိမထားမိတဲ့ တခြားကင်ဆာအမျိုးအစားတွေကရော အရက်နဲ့ ဆက်နွှယ်နေမှာကို မစိုးရိမ်မိကြဘူးလား။ ဘီယာဆိုင်၊ စားသောက်ဆိုင်၊ ဘားထိုင်တာတွေမှာ တွေ့ဆုံပွဲတွေလုပ်ကြတာအပြင် အခုဆို အကင်ဆိုင်၊ ဟော့ပေါ့ဆိုင်တွေမှာပါ အယ်လ်ကိုဟောက အမြဲလိုလို ပါနေတတ်ကြပြီလေ။ လူငယ်၊ လူလတ်တို့အတွက် ခေတ်ရေစီးကြောင်းအရကို အချိုရည်တစ်ခွက်လို ပေါ့ပေါ့ပါးပါးသောက်လို့ရတဲ့ အစဉ်အလာ ဖြစ်လာခဲ့ပြီပဲ။ ဒါပေမယ့် အရက်ရဲ့ ကြောက်စရာ ဆိုးကျိုး တွေရယ်၊ ပမာဏ နည်းနည်းလေးပဲ သောက်သုံးမိရင်တောင် အဆိပ်အတောက် ဖြစ်စေနိုင်တာရယ်၊ နောက်ဆုံး ကင်ဆာရောဂါတွေ အထိပါ ဖြစ်လာနိုင်တယ်ဆိုတာကို သိထားဖို့တော့ သင့်ပါတယ်။ အရက်ကြောင့် ဖြစ်စေနိုင်တဲ့ ကင်ဆာ (၆) မျိုး အယ်လ်ကိုဟော ခေါ် အရက်တွေကြောင့် - (၁) ခံတွင်းကင်ဆာ (၂) […]


အခြားကင်ဆာများ

ကင်ဆာ ဆိုတိုင်း သေရမှာလား။ အထိရောက်ဆုံး ကုထုံးတွေ ရှိနေပါပြီ။

ကင်ဆာ ဖြစ်နေပြီ လို့ပြောလိုက်တာနဲ့ စိတ်ထဲ ဂိတ်ဆုံးတွေးမိတတ်ကြတာ အနည်းနဲ့ အများ ပါပဲ။ သေမိန့်ကျလိုက်သလိုလို၊ မျှော်လင့်ချက်မရှိတော့ဘူး၊ ကုလို့မရတော့ဘူး လို့ တွေးထင်ပြီး စိတ်ဓာတ်ကျ မသွားပါနဲ့။ ကင်ဆာနဲ့ ပတ်သက်တဲ့ အထူးကုသမှုတွေ ရှိနေပါပြီ။ ကင်ဆာတိုင်းက သေစေနိုင်လား ကင်ဆာရောဂါတိုင်းက သေစေနိုင်မှာ မဟုတ်ပါဘူး။ ကုသလို့ ရနိုင်ပါတယ်။ ရောဂါကို စောစောတွေ့ရှိလေ ရောဂါသက်သာပြီး သက်တမ်းစေ့နေရနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ ကင်ဆာရှိ၊ မရှိ အစောပိုင်းအဆင့်မှာ စစ်ဆေးတွေ့ရှိခဲ့ရင် ရွေးချယ်စရာ ကုသမှုတွေ ပိုများပါတယ်။ ဥပမာ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ စတာတွေမှာ သူများတန်းတူ သက်တမ်းစေ့ နေနိုင်စေမယ့် ကင်ဆာအထူးကုသမှုတွေ ရှိနေပါပြီ။ ဒီနေ့ခေတ်မှာ နည်းပညာ အဆင့်မြင့်လာတာမို့ ကုသနည်းတွေကလည်း ပိုကောင်းလာတာပေါ့။ အဖြစ်များတဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေအတွက် ဒီလို ရွေးချယ်စရာ […]


အခြားကင်ဆာများ

ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ

မီးဖိုချောင်မှာရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ကျန်းမာရေးကို အထောက်အကူ ဖြစ်တယ်ဆိုတာကို သင်သိကောင်းသိပါလိမ့်မယ်။ အလားတူပဲ မီးဖိုချောင်မှာရှိတဲ့ အစားအစာတချို့ကလည်း ကင်ဆာ ရောဂါများစွာရဲ့ အဓိကအကြောင်းရင်းဖြစ်လာနိုင်တာကိုရော သိကြပါသလား။ တကယ်တော့ ကင်ဆာရောဂါရဲ့ ၇၀ ရာခိုင်နှုန်းအထိက နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ ကာကွယ်နိုင်ပါတယ်။ ကျန်တဲ့ ၃၀% က သင်မထိန်းချုပ်နိုင်တဲ့ မျိုးရိုးဗီဇနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ https://hellosayarwon.com/cancer/other-cancers/cancer-sugar-link/ ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများကတော့ - (၁) စည်သွပ်ဘူး စည်သွပ်ဘူးမှာ ပါဝင်တဲ့ အစားအစာတွေမှာ ဆားနဲ့ သကြားမြင့်မားစွာ ပါဝင်နေတာအပြင် အသုံးပြုတဲ့ ဘူးခွံတွေကြောင့်လည်း ပါပါတယ်။ ဘူးခွံတွေမှာ ကင်ဆာဖြစ်စေတယ်လို့ လူသိများတဲ့ အန္တရာယ်ရှိ BPA ဓာတုပစ္စည်းများ ပါဝင်နေပါတယ်။ ဒါကို […]


အခြားကင်ဆာများ

ကင်ဆာဝေဒနာဆိုးကို ကျော်လွှားပြီးသည့်နောက်

ကင်ဆာဟာ ကုသရခက်ခဲပြီး ဆိုးရွားတဲ့ဝေဒနာတစ်မျိုးအဖြစ် မှတ်ယူခြင်းခံရလေ့ရှိပါတယ်။ ကင်ဆာအမျိုးအစားတစ်ချို့ဟာ ပျောက်ကင်းအောင်ကုသရခက်ခဲနေဆဲပါ။ ဒါပေမယ့် တစ်ချို့သော ကင်ဆာအမျိုးအစားတွေကိုတော့ စောလျှင်စွာ သိရှိမယ်ဆိုရင် ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ အရေပြားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့လို အမျိုးအစားတွေပေ့ါ။ ကင်ဆာဟာ ကြောက်စရာဝေဒနာတစ်မျိုးလို့ မှတ်ယူထားကြတာကြောင့် ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့ကြသူတွေဟာ ကုထုံးတွေ ပြီးစီးချိန်မှာ နာလန်ထူလာစေဖို့ အပြင်းအထန်ကြိုးပမ်းကြလေ့ရှိပါတယ်။ တကယ်တမ်းမှာတော့ ကနဦးနာလန်ထစေဖို့ ချမှတ်ပေးထားတဲ့ အစီအမံတွေ (Initial Recovery) ကို ကျော်လွန်ပြီး လုပ်ဆောင်တာမျိုးမလုပ်မိဖို့ လိုအပ်ပါတယ်။ Initial Recovery လုပ်ဆောင်ချက်တွေဟာ ရေရှည်ကျန်းမာရေးအတွက် အထူးအရေးပါတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီးတော့ ကင်ဆာအလွန် ပျော်ရွှင်ကျန်းမာဖွယ် ဘဝအတွက် ကနဦးခြေလှမ်းတွေလို့လည်း ဆိုနိုင်တာပေါ့။ နာလန်ပြန်ထကာစမှာ ဘာကြောင့် လေ့ကျင့်ခန်းလုပ်ပေးသင့်တာလဲ ကင်ဆာဝေနာကနေ ပြန်လည်သက်သာလာသူတွေကို မှန်ကန်သင့်လျော်စွာ ပြုမူနေထိုင်ဖို့၊ စားသောက်မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ […]


အခြားကင်ဆာများ

အသက်ရှင်နှုန်းများတဲ့ ကင်ဆာရောဂါ များ

ကင်ဆာရောဂါ ဆိုတာ ဘယ်သူမှ မကြားချင်တဲ့ ဆေးစစ်ချက် အဖြေပါပဲ။ ကင်ဆာလို့များ ကြားလိုက်တာနဲ့ သေမိန့်ကျထားတဲ့ လူတစ်ယောက်လိုပါပဲ။ လူရော စိတ်ရော ချုံးချုံးကျ သွားပြီး 'အိမ်ပဲပြန်ပါတော့မယ် ဆရာမရယ်၊ လှူစရာရှိတာလေးတွေ လှူပြီး ကိုယ့်နောက်ပါအောင်ပဲ လုပ်ပါတော့မယ်'လို့ ပြောပြီး ပြန်သွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ နောက်တစ်ခုက ကင်ဆာကုထုံးတွေကို လက်မခံချင်တာပါ။ သောက်ဆေးတွေ၊ ဆေးသွင်းတာတွေ၊ ရောင်ခြည်ပြတာတွေကြောင့် ဆံပင်တွေကျွတ်တာ၊ အစားအသောက်ပျက်တာကို မခံချင်လို့ မကုကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခုခေတ်မှာက ဆေးဝါးတွေက အရင်ကထက် ပိုတိုးတက်လာပြီး ကုသနည်းတွေလည်း ပိုစုံလာပါပြီ။ လူနာကို ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ ကုနိုင်အောင် တီထွင်လာကြပါပြီ။ ကင်ဆာကိုလည်း ဒီထက်ပိုသက်သာအောင် ကုလာနိုင်ကြပါပြီ။ ဒါကတော့ ဝမ်းသာစရာ သတင်းကောင်းပါပဲ။ အရင်ကထက်စာရင်လည်း ကင်ဆာကို ပိုပြီး သက်သာအောင် […]


အရေပြားကင်ဆာ

မှဲ့ကင်ဆာ ကို ကာကွယ်မယ်ဆိုရင်

မှဲ့က ဘယ်နားမှာ ရှိနေရင် စီးပွားတက်တယ်တို့ လူချစ်လူခင်များတယ်တို့ ဆိုပြီး ဖတ်ဖူးကြတယ်မလား။ မှဲ့ကနေ ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာရော သိကြပါသလား။ ဒါကို ဆေးပညာအရ Melanoma လို့ ခေါ်ပါတယ်။ မှဲ့ကင်ဆာ က အရေပြားကင်ဆာ အမျိုးအစားထဲမှာ ပါပါတယ်။ ဒါပေမယ့် အရေပြားမှာ ဖြစ်တဲ့အတွက် စောစောသိရင် စောစောကုလို့ရပါတယ်။ ဒါကြောင့် မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ၊ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။ မှဲ့ကင်ဆာရဲ့ လက္ခဏာတွေ မှဲ့ကင်ဆာက နေရောင်နဲ့ အတွေ့များတဲ့ မျက်နှာ၊ လက်မောင်း၊ ခြေထောက်နဲ့ ကျောတွေမှာ အတွေ့ရများပါတယ်။ ရှားရှားပါးပါး နေရာင် မထိတဲ့ ခြေဖဝါး၊ လက်ဖဝါးနဲ့ လက်သည်းကြားမှာ ဖြစ်တာလည်း ရှိပါတယ်။ ဒါမျိုးကတော့ အသားညိုတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။ မှဲ့ကင်ဆာရဲ့ အစောဆုံးလက္ခဏာက နဂိုရှိပြီးသားမှဲ့ ပုံစံပြောင်းလာတာ […]


ဆီးကျိတ်ကင်ဆာ

ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်

ကိုယ်အလေးချိန် မြင့်မားလာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ နောက်ဆက်တွဲအနေနဲ့ စိတ်ပူရ စိုးရိမ်ရလာပါပြီ။ အဝလွန်နေသူတွေဟာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတစ်ချို့ စွဲကပ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။ ဒီလို အဝလွန်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေထဲမှာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဟာလည်း တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော် သိပြီးပြီလား! ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော် ဆေးသိပ္ပံပညာရှင်တွေ နောက်ဆုံးလေ့လာထားတဲ့ လေ့လာချက်တွေအရ ဆိုရင် ကိုယ်အလေးချိန် မြင့်မားမှုနဲ့ ဆီးကျိတ်ကင်ဆာတို့ဟာ တိုက်ရိုက်ပတ်သက်နေတယ်လို့ ခိုင်ခိုင်မာမာ ဆိုထားပါတယ်။ လူပေါင်း ၈၃၁၀၀၀ ကို လေ့လာထားတဲ့ သုတေသန ၁၅ ခုရဲ့ ရလဒ်တွေအရ အဝလွန်ခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်လောက်တဲ့ အန္တရာယ်တစ်မျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလေ့လာချက်တွေမှာပါဝင်ခဲ့သူတွေထဲက ၅၂၀၀၀ လောက်ဟာ ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေ သတိထားနိုင်စေဖို့အတွက် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ အကြောင်း မျှဝေပေးလိုက်ပါတယ်။ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ ကတော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အိမ်ထောင်သည် အမျိုးသမီးတွေ ထိုးလို့ ရပါသလား။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက အမျိုးသမီးတိုင်းနဲ့ သင့်တော်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားပြီ ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးတဲ့နည်းက ပိုထိရောက်မှု ရှိမှာပါ။ အကယ်၍ အပျိုဖော်အရွယ် သမီးရှိရင်တော့ သူ့ကို ဉီးစားပေးလိုက်တာက ပိုသင့်တော်ပါတယ်။ ကာကွယ်ဆေးဆိုသည့်အတိုင်း လိင်ဆက်ဆံမှု မရှိခင် ထိုးတာက ပိုမို ထိရောက်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတဲ့နည်းကရော အမျိုးသမီးတိုင်းစစ်လို့ရပါသလား။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်းဆိုတာ ကင်ဆာ မဖြစ်ခင် အကြို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးလည်း […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Cervarix

သားအိမ်ခေါင်းကင်ဆာ အကြောင်း ညီမငယ်တို့ ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေအတွက် သိပ်ကို အဖြစ်များပြီး အန္တရာယ်များတဲ့ ဒီရောဂါကို ကြိုတင် ကာကွယ်လို့ ရတယ်ဆိုတာရော သိထားပြီးပြီလား။ ဒီအကြောင်းကို ပြောပြချင်လို့ Cervarix ကာကွယ်ဆေးကို ဥပမာပေး ရှင်းပြသွားပါမယ်နော်။ Cervarix Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေ ဖြစ်တဲ့ HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၆ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။ HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်