ကိုယ်အလေးချိန် မြင့်မားလာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ နောက်တက်ဆွဲအနေနဲ့ စိတ်ပူရ စိုးရိမ်ရလာပါပြီ။ အဝလွန်နေသူတွေဟာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတစ်ချို့ စွဲကပ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ကိုယ်အလေးချိန် မြင့်မားလာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ နောက်တက်ဆွဲအနေနဲ့ စိတ်ပူရ စိုးရိမ်ရလာပါပြီ။ အဝလွန်နေသူတွေဟာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတစ်ချို့ စွဲကပ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။
ဒီလို အဝလွန်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေထဲမှာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဟာလည်း တစ်ခုအပါအဝင် ဖြစ်လာပါတယ်။
ဆေးသိပ္ပံပညာရှင်တွေ နောက်ဆုံးလေ့လာထားတဲ့ လေ့လာချက်တွေအရ ဆိုရင် ကိုယ်အလေးချိန်မြင့်မားမှုနဲ့ ဆီးကျိတ်ကင်ဆာတို့ဟာ တိုက်ရိုက်ပတ်သက်နေတယ်လို့ ခိုင်ခိုင်မာမာ ဆိုထားပါတယ်။
လူပေါင်း ၈၃၁၀၀၀ ကို လေ့လာထားတဲ့ သုတေသန ၁၅ ခုရဲ့ ရလဒ်တွေအရ အဝလွန်ခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်လောက်တဲ့ အန္တရာယ်တစ်မျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလေ့လာချက်တွေမှာပါဝင်ခဲ့သူတွေထဲက ၅၂၀၀၀ လောက်ဟာ ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး အများစုဟာလည်း ရောဂါဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ပြသနေကြတယ်လို့ ဆိုပါတယ်။
BMI (body mass index) ၂၁-၂၅ ကြားမှာ ရှိမနေပဲ အဆိုပါ ဂဏန်းတွေထက် ပိုများနေတဲ့ အသက်လတ်ပိုင်းအရွယ် လူတိုင်းမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေရှိနေပါတယ်။
ဆီးကျိတ်ကင်ဆာဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ဒီဝေဒနာ ဖြစ်ပွားတဲ့ အမျိုးသား ၁၀၀% ဟာ ၅ နှစ် ဝန်းကျင်ကြာ ဒါမှမဟုတ် ၅ နှစ်နဲ့အထက် အသက်ရှင်သန်နိုင်ချေရှိပါတယ်။ ဒီထဲကမှ ၃ ပုံ ၁ ပုံ လောက်ဟာ ပိုပြီးဆိုးရွားတဲ့ ပြင်းထန်ဆီးကျိတ်ကင်ဆာရောဂါကို ခံစားရတတ်ပါတယ်။
ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရသူတွေဟာ အောက်ပါ လက္ခဏာတွေကို ကြုံရနိုင်ပါတယ်။
စတဲ့ ရောဂါလက္ခဏာတွေပါပဲ။
ဆီးကျိတ်ကင်ဆာဟာ ပြင်းထန်သလို ထူးခြားတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ကိုယ်အလေးချိန်မြင့်မားမှုကြောင့်ကလွဲပြီး ဒီဝေဒနာ စွဲကပ်စေရတဲ့ တခြား သိသာထင်ရှားတဲ့ အကြောင်းအရင်းတွေကို ရှာဖွေမတွေ့ရှိသေးပါဘူး။ ဆီးကျိတ်မှာရှိတဲ့ ဆဲလ်စ်တွေ ပုံမှန်မဟုတ်ပဲ လုပ်ဆောင်ချက် လွဲချော်တာကြောင့် ဒီကင်ဆာဝေဒနာဖြစ်ပေါ်လာတာလို့သာ လတ်တလောမှာ သိရှိထားကြပါသေးတယ်။
ဆီးကျိတ်ကင်ဆာ ရောဂါကို ရှောင်ရှားနိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ နေ့စဉ် အဆီပမာဏများပြားစွာ မှီဝဲသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်မားပါတယ်။
ဒီလိုအလေ့အထတွေကို ပုံမှန်ထားရှိကျင့်သုံးသွားမယ်ဆိုရင် ဆီးကျိတ်ကင်ဆာဝေဒနာ စွဲကပ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်မှာပါ။
ကိုယ်အလေးချိန်ကို ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတဲ့ ပမာဏမှာရှိနေအောင် ထိန်းညှိပြီး ကျန်းမာစွာနေထိုင်သွားတာဟာ ဆီးကျိတ်ကင်ဆာဝေဒနာကို ရှောင်ရှားနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ American Cancer Society နဲ့ World Cancer Research Fund တို့ကလည်း ဆိုထားပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။