ကင်ဆာရောဂါ ဆိုတာ ဘယ်သူမှ မကြားချင်တဲ့ ဆေးစစ်ချက် အဖြေပါပဲ။ ကင်ဆာလို့များ ကြားလိုက်တာနဲ့ သေမိန့်ကျထားတဲ့ လူတစ်ယောက်လိုပါပဲ။ လူရော စိတ်ရော ချုံးချုံးကျ သွားပြီး ‘အိမ်ပဲပြန်ပါတော့မယ် ဆရာမရယ်၊ လှူစရာရှိတာလေးတွေ လှူပြီး ကိုယ့်နောက်ပါအောင်ပဲ လုပ်ပါတော့မယ်’လို့ ပြောပြီး ပြန်သွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ နောက်တစ်ခုက ကင်ဆာကုထုံးတွေကို လက်မခံချင်တာပါ။ သောက်ဆေးတွေ၊ ဆေးသွင်းတာတွေ၊ ရောင်ခြည်ပြတာတွေကြောင့် ဆံပင်တွေကျွတ်တာ၊ အစားအသောက်ပျက်တာကို မခံချင်လို့ မကုကြတာတွေလည်း ရှိပါတယ်။