ပထမအကြိမ် ဒုတိယအကြိမ် (ပထမဆေးထိုးပြီး ၁လ သို့မဟုတ် ၂လအကြာ) တတိယအကြိမ် (ပထမဆေးထိုးပြီး ၆ လအကြာ) HPV ကာကွယ်ဆေးထိုးတဲ့ အချိန်မှာ တခြားကာကွယ်ဆေးတွေလည်းထိုးနိုင်ပါတယ်။
HPV ကာကွယ်ဆေးကို မထိုးသင့်တဲ့လူတွေ သို့မဟုတ် ဆေးထိုးဖို့ အချိန်စောင့်ဆိုင်းသင့်တဲ့သူတွေကတော့
- HPV ကာကွယ်ဆေးရဲ့ ပါဝင်ပစ္စည်းတစ်ခုခုနဲ့ အသက်အန္တရာယ်ရှိလောက်အောင် ဓာတ်မတည့်မှု ဖြစ်ခဲ့ဖူးသူတွေ ဒါမှမဟုတ် HPV ကာကွယ်ဆေးထိုးခဲ့စဉ်က ဓာတ်မတည့်မှု ပြင်းထန်ခဲ့သူတွေ (latex ဓာတ်မတည့်မှုအပါအဝင် ကိုယ့်မှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှု တစ်ခုခု ရှိရင် ဆရာဝန်ကိုပြောပြပါ)
- ဒီ ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ထိုးလို့ မရပါဘူး။
- ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားချိန်မှာ အနည်းငယ် နေမကောင်းဖြစ်နေတဲ့သူတွေလည်း ဆေးထိုးလို့ ရနိုင်ပါတယ်။ တော်တော်လေး နေမကောင်းသူ၊ပြင်းထန်သူတွေကတော့ နေကောင်းလာတဲ့အထိ စောင့်သင့်ပါတယ်။
ဒီ Cervarix ဆေးကို လက်မောင်း ကြွက်သားမှာ ထိုးပေးတာဖြစ်ပြီး သုံးကြိမ် ထိုးရပါတယ်။ ပထမအကြိမ်ကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ဘယ်အချိန်မှာ ထိုးခဲ့ပါစေ၊ ထိုးပြီး ၁ လအကြာမှာ ဒုတိယအကြိမ် ထပ်ထိုး ရပါတယ်။ ပထမဆေး ထိုးပြီး ၆ လအကြာမှာတော့ နောက်ဆုံး တစ်ကြိမ် ဆေးထိုးရတာ ဖြစ်ပါတယ်။ ၂၆နှစ်အထက်တွေကတော့ ဆေးထိုးမယ်ဆိုရင် အာနိသင်ရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒီ အဆင့် အတိုင်း မပျက်မကွက် ဆေးထိုးဖို့တော့ လိုပါတယ်။ မဟုတ်ရင် ရောဂါ ကာကွယ်နိုင်စွမ်း အပြည့်အဝ မရရှိနိုင်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။