သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေ သတိထားနိုင်စေဖို့အတွက် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ အကြောင်း မျှဝေပေးလိုက်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေ သတိထားနိုင်စေဖို့အတွက် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ အကြောင်း မျှဝေပေးလိုက်ပါတယ်။
သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ ကတော့
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက အမျိုးသမီးတိုင်းနဲ့ သင့်တော်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားပြီ ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးတဲ့နည်းက ပိုထိရောက်မှု ရှိမှာပါ။ အကယ်၍ အပျိုဖော်အရွယ် သမီးရှိရင်တော့ သူ့ကို ဉီးစားပေးလိုက်တာက ပိုသင့်တော်ပါတယ်။ ကာကွယ်ဆေးဆိုသည့်အတိုင်း လိင်ဆက်ဆံမှု မရှိခင် ထိုးတာက ပိုမို ထိရောက်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်းဆိုတာ ကင်ဆာ မဖြစ်ခင် အကြို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးလည်း စိတ်ချထားလို့ မရပါဘူး။ အိမ်ထောင် ကျပြီးတဲ့ အမျိုးသမီးများ တစ်သက်တာလျှင် အနည်းဆုံး တစ်ကြိမ် စစ်ဆေးမှု ခံယူသင့်ပါတယ်။
စစ်ဆေးနည်း အမျိုးမျိုးရှိရာ တစ်ခုနဲ့ တစ်ခု အားသာချက် အားနည်းချက် မတူပါဘူး။ မစစ်ခင် နီးစပ်ရာ ဆရာ၀န် နဲ့ တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံးပါ။
ကိုယ်ဝန်ဆောင်တွေနဲ့ ကာကွယ်ဆေးက သင့်တော်လားဆိုတာ ဘယ်သူမှ တိတိကျကျမပြောနိုင်ပါဘူး။ အကယ်၍အခုမှ စထိုးတာဖြစ်စေ ထိုးနေရင်းနဲ့ ကိုယ်ဝန်ရသွားတာဖြစ်စေ ကလေးမွေးဖွားပြီးတဲ့အထိ စောင့်လိုက်တာကတော့ အကောင်းဆုံးပါ။
စစ်ဆေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီးသွားရင်လည်း သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်တော့ဘူးဆိုပြီး စိတ်ချထားလို့ မရတဲ့အတွက် ပုံမှန်စစ်ဆေးမှု(သားအိမ်ခေါင်းကင်ဆာအကြို အဆင့်စစ်ဆေးမှု) ခံယူသင့်ပါတယ်။
အခု စျေးကွက်ထဲမှာ ဝယ်လို့ရတဲ့ ကာကွယ်ဆေးတွေကတော့ အဖြစ်များတဲ့HPV(Human Papillomavirus) နှစ်မျိုးကနေ လေးမျိုးထိပဲ ကာကွယ်ပေးနိုင်ပါတယ်။ အဖြစ်များတဲ့ ပိုးအမျိုးအစားကြောင့်ဖြစ်တဲ့ သားအိမ်ခေါင်းအပြင် မိန်းမကိုယ်နှုတ်ခမ်း၊ မွေးလမ်းကြောင်း၊ စအို နဲ့ လေပြွန်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
အကယ်၍သာ အမျိုးသမီးတစ်ယောက်က ကာကွယ်ဆေးမထိုးခင် တစ်မျိုးထက်ပိုတဲ့ HPV အမျိုးအစားကူးစက်ခြင်း ခံရပြီးသားဆိုရင်တော့ ကာကွယ်ဆေးက အပြည့်အ၀ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
ကာကွယ်ဆေးကနေ ကာကွယ်ပေးနိုင်တဲ့ပိုးကြောင့် မဟုတ်ဘဲ အခြား ကြွက်နို့ပိုးအမျိုးအစားကြောင့် ဖြစ်သော ကြွက်နို့ဖြစ်စေ၊ အခြားလိင်ကနေ ကူးစက်နိုင်သောရောဂါများကိုဖြစ်စေ ကာကွယ်မပေးနိုင်ပါ။
ပုံမှန်အားဖြင့်တော့ နှစ်ကြိမ် (တချို့ ၃ကြိမ်)အပြည့် ထိုးပြီးသွားရင် ထပ်ထိုးဖို့မလိုတော့ပါဘူး။ တာရှည်ကာကွယ်ပေးပါတယ်။
ယောကျ်ားလေးတွေလည်းထိုးလို့ရပါတယ် Gardasil or Gardasil.9 ဆိုတဲ့ အမျိုးအစားကို လူပျိုဖော်ဝင်ချိန် ၉ နှစ်အရွယ်ကစပြီး အိမ်ထောင်မကျခင် အရွယ် ၂၆ နှစ်လောက်အထိ ထိုးလို့ရပါတယ်။ အကယ်၍သာ ယောကျ်ားလေးတွေ ထိုးနိုင်ရင်တော့ မိမိလက်တွဲဖော်ကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
ရေးသားသူ – Dr. Z
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။