backup og meta

ကင်ဆာ ဆိုတိုင်း သေရမှာလား။ အထိရောက်ဆုံး ကုထုံးတွေ ရှိနေပါပြီ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာ ဖြစ်နေပြီ လို့ပြောလိုက်တာနဲ့ စိတ်ထဲ ဂိတ်ဆုံးတွေးမိတတ်ကြတာ အနည်းနဲ့ အများ ပါပဲ။ သေမိန့်ကျလိုက်သလိုလို၊ မျှော်လင့်ချက်မရှိတော့ဘူး၊ ကုလို့မရတော့ဘူး လို့ တွေးထင်ပြီး စိတ်ဓာတ်ကျ မသွားပါနဲ့။ ကင်ဆာနဲ့ ပတ်သက်တဲ့ အထူးကုသမှုတွေ ရှိနေပါပြီ။

    ကင်ဆာတိုင်းက သေစေနိုင်လား

    ကင်ဆာရောဂါတိုင်းက သေစေနိုင်မှာ မဟုတ်ပါဘူး။ ကုသလို့ ရနိုင်ပါတယ်။ ရောဂါကို စောစောတွေ့ရှိလေ ရောဂါသက်သာပြီး သက်တမ်းစေ့နေရနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။

    ကင်ဆာရှိ၊ မရှိ အစောပိုင်းအဆင့်မှာ စစ်ဆေးတွေ့ရှိခဲ့ရင် ရွေးချယ်စရာ ကုသမှုတွေ ပိုများပါတယ်။ ဥပမာ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ စတာတွေမှာ သူများတန်းတူ သက်တမ်းစေ့ နေနိုင်စေမယ့် ကင်ဆာအထူးကုသမှုတွေ ရှိနေပါပြီ။

    ဒီနေ့ခေတ်မှာ နည်းပညာ အဆင့်မြင့်လာတာမို့ ကုသနည်းတွေကလည်း ပိုကောင်းလာတာပေါ့။ အဖြစ်များတဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေအတွက် ဒီလို ရွေးချယ်စရာ ကုသမှုတွေ ရှိနေတာ သင်သိထားပြီးပြီလား –

    နောက်ဆုံးပေါ် ကင်ဆာ ကုထုံးများ

    ကင်ဆာ ရောဂါအတွက် အဓိကကုသနည်းတွေက ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) နဲ့ ဓာတ်ရောင်ခြည်ပေးကုသခြင်း (Radiotherapy) နဲ့ ခွဲစိတ်ကုသခြင်း တို့ဖြစ်ပါတယ်။ ဆေးပညာကုထုံးတွေ အဆင့်မြင့်လာတာနဲ့အမျှ လူနာကို ထိခိုက်မှု၊ ဘေးထွက်ဆိုးကျိုး၊ နာကျင်မှုနည်းနိုင်သမျှနည်းပြီး အကျိုးရလဒ်ကောင်းနိုင်သမျှ ကောင်းစေမယ့် နောက်ဆုံးပေါ် ကင်ဆာကုသမှုအမျိုးအစားတွေ ပေါ်ပေါက်လာပါတယ်။

    ကင်ဆာဆေးသွင်းကုသခြင်း

    • ကင်ဆာဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ပေးခြင်းကို တစ်ပြိုင်နက်တည်းပြုလုပ်ခြင်း (Concurrent chemo-radiation)
    • ခွဲစိတ်ကုသခြင်း (သို့) ဓာတ်ရောင်ခြည်ပေးခြင်းတို့ကို အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်စေဖို့ အကြို ကင်ဆာဆေးသွင်းခြင်း ( Upfront induction chemotherapy)

    ဓာတ်ရောင်ခြည်ပေးကုသခြင်း

    • ကင်ဆာကျိတ်ရဲ့ သုံးဖက်မြင်ပုံရိပ်အတိုင်း အတိအကျ ဓာတ်ရောင်ခြည်ပေးကုသခြင်း (3D conformal radiation therapy)
    • ကင်ဆာကျိတ်အတွင်း ရေဒီယိုသတ္တိကြွပစ္စည်း ထည့်သွင်းကုသခြင်း (Brachytherapy and implants)
    • ကင်ဆာကျိတ်ပတ်ဝန်းကျင်ရှိ ပုံမှန်ဆဲလ်တွေကို ထိခိုက်မှုမရှိစေဖို့ ဓာတ်ရောင်ခြည်ကို ပမာဏနည်းနည်းဖြင့် အကြိမ်ရေများများ ခွဲပေးခြင်း (Conventional radiation therapy)
  • ပုံရိပ်ဖော်နည်းပညာအကူအညီဖြင့် ဓာတ်ရောင်ခြည်ပေးကုသခြင်း (Image-guided radiation therapy -IGRT)
    • ပြောင်းလဲလာတဲ့ ကင်ဆာကျိတ်အရွယ်အစားအလိုက် ဓာတ်ရောင်ခြည်ပြင်းအား ထိန်းညှိပြောင်းလဲကုသခြင်း (Intensity-modulated radiation therapy – IMRT)
    • တိတိကျကျရွေးချယ်ထားသော အလွန်သေးငယ်သည့် ကင်ဆာကျိတ်နေရာကို စွမ်းအားမြင့် ဓာတ်ရောင်ခြည်ပေး ကုသခြင်း (Radiosurgery)
    • ကင်ဆာကျိတ်နေရာကို ဓာတ်ရောင်ခြည်တိတိကျကျထိအောင် ချိန်ရွယ်ပြီး ဓာတ်ရောင်ခြည်ပမာဏ နည်းနည်းဖြင့် အကြိမ်ရေများများ ခွဲပေးခြင်း (Stereotactic brain radiation therapy / Stereotactic body radiation therapy – SBRT)

    ခွဲစိတ်ကုသခြင်း

    ကင်ဆာက နုလည်း နုသေးတယ်၊ အရွယ်လည်း သေးတယ်ဆိုရင် ခွဲစိတ်ပြီး အပြီးဖယ်ရှားတဲ့ နည်းလမ်းရှိပါတယ်။ ကုသမှုနည်းပညာတွေ တိုးတက်လာတဲ့အခါ သမားရိုးကျ ခွဲစိတ်ကုသမှုတွေထက် မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း (အပေါက်ငယ်မှတဆင့် ခွဲစိတ်ကုသခြင်း) နည်းလမ်းကို ပိုမို အသုံးပြုလာကြပါတယ်။ ဒါဟာ ကင်ဆာကုထုံးတွေထဲ နောက်ဆုံးပေါ်ကုသမှုတစ်မျိုးလည်း ဖြစ်ပါတယ်။

    ဒီခွဲစိတ်ကုသမှုဟာ ဘေးထွက်ဆိုးကျိုးတွေ နည်းပါးတဲ့ အပြင် သမားရိုးကျ အကြီးစားခွဲစိတ်မှုတွေထက် အမာရွတ်လည်း သေးငယ်လွန်းပါတယ်။ စင်တီမီတာ ဝက် (သို့မဟုတ်) တစ်စင်တီမီတာ အပေါက်ငယ်လေးများမှ တဆင့် အထူးပြုလုပ်ထားတဲ့ ကိရိယာ အသေးလေးများကို အသုံးပြုပြီး ခွဲစိတ်ရတာမို့ သမာရိုးကျ ခွဲစိတ်မှုတွေထက် စာရင် ပိုသေးငယ်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။

    ဒါ့ကြောင့်ပဲ နာကျင်မှု ပိုနည်းပါးသလို ပိုပြီးမြန်မြန် ပြန်လည် သက်သာကျန်းမာလာနိုင်တဲ့အတွက် လူနာအနေနဲ့ နေ့စဉ်ပုံမှန် ဘဝကို အမြန်ဆုံးပြန်လည် ရရှိနိုင်ပါတယ်။ ကင်ဆာရောဂါတွေအတွက် ဒီကုထုံးတွေကို Mount Elizabeth ဆေးရုံကြီးမှာ ခံယူရရှိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement