သားအိမ်ကင်ဆာကို ဘယ်လိုနည်းလမ်းတွေနဲ့ စစ်ဆေးနိုင်မလဲ
သားအိမ်ကင်ဆာ ရှိ၊ မရှိကို ဒီနည်းလမ်းတွေနဲ့ စစ်ဆေးအတည်ပြုနိုင်ပါတယ်။
- မမျိုးပွားအင်္ဂါများအား စမ်းသပ်စစ်ဆေးခြင်း
ဆရာဝန်က လူနာရဲ့ လိင်အင်္ဂါ အပြင်ဘက်ကို ဦးဆုံး စမ်းသပ်စစ်ဆေးမှာ ဖြစ်ပါတယ်။ နောက်တဆင့် အနေနဲ့ မိန်းမကိုယ်ထဲ လက်ချောင်း ၂ချောင်းထည့်ပြီး ကျန်လက်တစ်ဖက်က ဝမ်းဗိုက်ပေါ်ဖိခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက သားအိမ်နဲ့ သားဥအိမ်တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကို ကောင်းစွာမြင်ရဖို့ မိန်းမကိုယ်ထဲ ပစ္စည်းတစ်မျိုး ထည့်ပြီး စမ်းသပ်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
- မိန်းမကိုယ်မှတဆင့် အာလ်ထရာဆောင်း ရိုက်ခြင်း
ဒီ နည်းလမ်းကတော့ မိန်းမကိုယ်ထဲကို အသံလှိုင်း အာရုံခံ ကိရိယာတစ်မျိုး ထည့်ပြီး သားအိမ် အတွင်းပိုင်း နံရံရဲ့ မျက်နှာပြင် အခြေအနေကို ပုံဖော်စစ်ဆေးတဲ့နည်းလမ်း ဖြစ်ပါတယ်။
- သားအိမ်မှန်ပြောင်းကြည့်ခြင်း
သင့်သားအိမ် အတွင်းပိုင်း နံရံကို မှန်ပြောင်း အသုံးပြုပြီး ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါတယ်။
သားအိမ်ကင်ဆာ ဟုတ်၊ မဟုတ် ရောဂါရှာဖွေအတည်ပြုနိုင်တဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ သားအိမ်အတွင်းပိုင်း နံရံက တစ်ရှူးနမူနာ အနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အသားစယူခြင်းကို မေ့ဆေး ထုံဆေး အသုံးမပြုဘဲ ပြုလုပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။