ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို ဖယ်ရှားပါ
ဆေးလိပ်မသောက်ဘဲနေတာ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ အရက်အများကြီးမသောက်တာ၊ အသင့်စား အစားအစာတွေကို အများကြီးမစားတာ၊ အနီရောင်အသားတွေကို အတိုင်းအချင့်နဲ့စားသုံးတာနေရောင်ထဲထွက်တဲ့အခါနေလောင်ကာခရင်မ်လူးတာ၊ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာတွေလုပ်မယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ နဲ့ကောက်နှံတွေပါဝင်အောင် စားသုံးမှုတွေ။ လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးတာမျိုးတွေကနေတဆင့်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
ကင်ဆာကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ အချို့ကင်ဆာရောဂါတွေဆို ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အကြောင်းအရင်းသေသေချာချာမသိရသေးပါဘူး။ ကင်ဆာအချို့က ပတ်ဝန်းကျင်က အရာတွေနဲ့ ဘဝနေထိုင်မှုပုံစံတွေကြောင့်ဖြစ်နိုင်သလို အချို့ကင်ဆာရောဂါတွေကတော့ မျိုးဗီဇကြောင့်ဖြစ်ရတာပါ။ ကင်ဆာရောဂါတော်တော်များများကတော့ ဒီအကြောင်းအရင်းတွေထဲက နှစ်ခု၊ သုံးခုလောက်ပေါင်းမိရာကနေဖြစ်ရတာပါ။ ပတ်ဝန်းကျင်မှာနေ့စဉ်ထိတွေ့နေတဲ့ ဓါတုပစ္စည်းတွေ၊ အစားအသောက်တွေထဲက မမြင်ရတဲ့ ဓါတုပစ္စည်းတွေ တဆင့်ခံဆေးလိပ်ငွေ့တွေ။နေ့စဉ်ထိတွေ့နေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေထဲက ဓါတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် ၊ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတို့ကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါသေးတယ်။ အပူချိန် ပြင်းပြင်းနဲ့ကင်ထားတဲ့ အသားကင်တွေ အစားများတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။