အရေပြားကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 14, 2020 . 2 mins read
Share now

အရေပြားကင်ဆာဆိုတာ ဘာလဲ

အရေပြားဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများခြင်းဟာ အရေပြားကင်ဆာရဲ့ ဝိသေသလက္ခဏာတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မကြာခဏထိတွေ့ရတဲ့ အရေပြားနေရာတွေမှာ ကင်ဆာဖြစ်နိုင်ချေပိုများလေ့ရှိပေမယ့် နေရောင်ခြည်နဲ့မထိတွေ့ရတဲ့ နေရာတွေမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။

အရေပြားကင်ဆာရှိမရှိ ဘယ်လိုသိနိုင်မလဲ

အရေပြားကင်ဆာအမျိုးအစား ၃မျိုးရှိတဲ့အလျောက် ရောဂါလက္ခဏာတွေလည်း တစ်မျိုးနဲ့တစ်မျိုး ကွဲပြားနိုင်ပါတယ်။

Basal cell carcinoma – မျက်နှာ၊ လည်ပင်း စတဲ့ နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့ရတဲ့ နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး အသားရောင် သို့မဟုတ် အညိုရောင်အမာရွတ်သဏ္ဍာန် ပြောင်လက်လက် အဖုအထစ်များအသွင် တွေ့မြင်ရမှာဖြစ်ပါတယ်။

Squamous cell carcinoma – ဒီကင်ဆာအမျိုးအစားဟာလည်း နေရောင်ခြည်နဲ့ ထိတွေ့ဖန်များတဲ့နေရာတွေမှာ ဖြစ်တတ်တဲ့ အရေပြားကင်ဆာတစ်မျိုး ဖြစ်ပေမယ့် အသားအရောင်ရင့်သူတွေမှာတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့နေရာတွေမှာ ပိုဖြစ်တတ်ပါတယ်။ အနီရောင်အဖုမာမာနဲ့ မျက်နှာပြင်မှာ ဗြုတ်ထနေတဲ့ အနာကွက်သဏ္ဍာန် တွေ့မြင်နိုင်ပါတယ်။

Melanoma ခေါ် မှဲ့ကင်ဆာ – နေရောင်ခြည်နဲ့ ထိတွေ့မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေရာမရွေး ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာ အရောင်ရင့်ရင့် အစက်အပြောက်တွေနဲ့ အညိုရောင်အမှတ်ကြီးကြီး ရှိနေရင်ဖြစ်စေ၊ အရောင်ပြောင်းနေတဲ့ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ မှဲ့ရှိနေရင်ဖြစ်စေ၊ အနားသတ်မညီမညာနဲ့ ထူးထူးဆန်းဆန်း အနာကွက်ရှိနေရင်ဖြစ်စေ၊ အရောင်ရင့်ရင့် အနာကွက်ရှိနေရင်ဖြစ်စေ မှဲ့ကင်ဆာဖြစ်ဖို့ အလားအလာရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အရေပြားပြောင်းလဲမှုတိုင်းက ကင်ဆာလက္ခဏာမဟုတ်ပေမယ့် သင့်ကိုစိုးရိမ်ပူပင်စေတဲ့ ပြောင်းလဲမှုတစ်ခုခု ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အရေပြားကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

အရေပြားဆဲလ်တွေရဲ့ ဒီအန်အေဖောက်ပြန်မှုကြောင့် ကင်ဆာဆဲလ်အစုအဝေးအဖြစ် ပြောင်းလဲပြီး အရေပြားကင်ဆာ ဖြစ်လာရပါတယ်။ များသောအားဖြင့် အရေပြားကင်ဆာရဲ့ အဓိကတရားခံဟာ နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ရွှေညိုရောင်အသားအရေရအောင် ဖန်တီးရာမှာ အသုံးပြုတဲ့ ရောင်ခြည်တွေဖြစ်ပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့ နေရာတွေမှာလည်း ကင်ဆာဖြစ်တတ်တာကို ကြည့်ခြင်းအားဖြင့် အဆိပ်အတောက်များနဲ့ ထိတွေ့မိခြင်း၊ ခုခံအားကျဆင်းခြင်း စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အရေပြားကင်ဆာကို ကုသလို့ရနိုင်သလား

ကင်ဆာရောဂါရဲ့ ပြင်းထန်မှုအဆင့်၊ အမျိုးအစား၊ ကင်ဆာအကျိတ်ရဲ့ အရွယ်အစားနဲ့ လူနာရဲ့ ယေဘုယျကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ကုသမှုနည်းလမ်းတွေလည်း ကွဲပြားနိုင်ပါတယ်။ စံသတ်မှတ်ထားတဲ့ အရေပြားကင်ဆာကုထုံး ၆မျိုးရှိပါတယ်။

  • ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း
  • ဓါတ်ရောင်ခြည်အသုံးပြုပြီး ကင်ဆာဆဲလ်များကို သေစေခြင်း၊ ထိန်းချုပ်ခြင်း
  • ကင်ဆာဆေးအသုံးပြုပြီး ကင်ဆာဆဲလ်များကို သေစေခြင်း၊ ဆဲလ်မပွားအောင် ထိန်းချုပ်ခြင်း
  • လေဆာရောင်ခြည်နှင့် ဆေးဝါးများအသုံးပြုပြီး ကင်ဆာဆဲလ်များကို သေစေခြင်း
  • ခန္ဓါကိုယ်၏ ကိုယ်ခံအားအဖွဲ့အစည်းကို အားကောင်းစေပြီး ကင်ဆာရောဂါကို ခုခံစေခြင်း
  • ဆေးဝါးနှင့်အခြားပစ္စည်းများ အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ရိုက်တိုက်ခိုက်စေခြင်း

ဒီကုထုံးကတော့ ဓါတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံးတို့လောက် လူကိုအန္တရာယ်မပေးတတ်တဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။

ယနေ့ခေတ်အခါမှာ ကင်ဆာသုတေသနလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမယ့် စမ်းသပ်မှုများ ပြုလုပ်နေကြသလို ဒီစမ်းသပ်မှုတွေမှာ ထူးခြားဆန်းသစ်တဲ့ ကုသမှုနည်းလမ်းတွေကို အသုံးပြုတာဖြစ်တဲ့အလျောက် အချို့သော ကင်ဆာဝေဒနာရှင်တွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Takeaways

အရေပြားကင်ဆာဟာ အဖြစ်များတာ မှန်ပေမယ့် ကုထုံးတွေက ပိုပြီး ခေတ်မီလာတာကြောင့် လူနာတွေအနေနဲ့ ရွေးချယ်စရာပိုများလာသလို ရောဂါကုသရာမှာလည်း အများကြီး အကျိုးရှိလာပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

နေရောင်ခြည် က စိတ်ကျရောဂါကို သက်သာစေခြင်း၊ ဗီတာမင်ဒီရရှိခြင်း စတဲ့ကောင်းကျိုးတွေရှိသလို မျက်စိထိခိုက်ခြင်း၊ အသားအရေထိခိုက်ခြင်းစတဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်းစနစ်ဟာ ကိုယ်ခန္ဓာထဲမှာ ရှုပ်ထွေးပြီးရှည်လျားတဲ့ စနစ်တခုဖြစ်ပါတယ်။ အူလမ်းကြောင်းတခုလုံးဟာ ပါးစပ်ကနေ စတင်ပြီး စအိုမှာဆုံးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

နှုတ်ခမ်းသား အရေပြား အလှအပ ရေဓာတ် အဆိပ်အတောက် skin care ရေသောက် နှုတ်ခမ်းခြောက် တံတွေး ဟင်းသီးဟင်းရွက် အသီးအနှံ ဗီတာမင် အမျှင်ဓာတ် နေရောင်ခြည် Mask ပျားရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ကလေး အစာမကြေတဲ့ ပြဿနာ ဒီလို ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read
စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 2 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 2 mins read