အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ

မိုးလေးစ ရွာလာမှုနဲ့အတူ အပူတွေလျော့ပြီး ပတ်ဝန်းကျင်က စိမ်းစိုစပြုလာပြီ။ အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်းခြေထောက်လှလှလေးတွေကို ကြည့်ပြီး လမ်းလျှောက်ရတာကိုသဘောကျကြလား။ မိုးရာသီက ခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာ ခြေထောက် က လှနေရင် တစ်ပန်းသာတာပဲနော်။ ခြေထောက်ကို လှနေစေဖို့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။ မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ မုတ်သုံမှာ ခြေထောက်လေး ကို ဒီလိုဂရုစိုက်ပါ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။ မိုးရေက ခြေထောက်လေး တွေကို ထိခိုက်စေနိုင်လား မိုးရေက ခြေထောက်ကိုရော ခြေသည်းကိုပါ ထိခိုက်စေနိုင်တာပါ။ မိုးရာသီမှာ ဗွက်ထတဲ့အခါ၊ ရေတစိုစိုနဲ့ အကြာကြီးနေတဲ့အခါ ဘက်တီးရီးယားတွေနဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မှု များလာပါတယ်။ ဒီတော့ မုတ်သုံရာသီမှာ ခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့် ခြေထောက်မှာ ရေဝဲစားနိုင်တယ်၊ သဲဝဲစားနိုင်တယ်၊ ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်စေနိုင်တယ်။ မုတ်သုံရာသီမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

ကိုရီးယားကားတွေကြည့်တိုင်း ရုပ်ရှင်ထဲက ဖြူဖြူဖွေးဖွေး ချစ်စရာမင်းသမီးလေးတွေရဲ့ အသားအရေမျိုး လိုချင်တယ်ဟုတ်။ ခုခေတ်ကြီးကလည်း အရမ်းကိုတိုးတက်လာတော့ အရင်က မဖြစ်နိုင်တာတွေ ခုခေတ်မှာ အကုန်ရနိုင်ပြီလေ။ ဒီထဲမှာ ကိုယ့်ရဲ့ ညိုညစ်နေတဲ့ အသားအရေကို ဖြူအောင် ဆေးသောက်မလား၊ ဆေးထိုးမလား၊ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ပြုပြင်မလား။ အကုန်အကုန်လုပ်လို့ရနေပြီဆိုတော့ အဲဒီ သဘာဝကို ဆန့်ကျင်တဲ့ အလှအပ လုပ်ငန်းတွေနောက်က ဆိုးကျိုးတွေလည်း ကပ်လိုက်လာပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားနာမှာကြောက်လို့ အသားဖြူအောင် ဆေးပဲ သောက်တော့မယ်လို ဆုံးဖြတ်ထားတဲ့ သူလေးတွေအတွက် အသားဖြူဆေးတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ပြောပြပေးတော့မှာပါ။ ကဲ ..... အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။ အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ […]


ဝက်ခြံ

ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာလို့ စိတ်ညစ်နေပြီလား

ဝက်ခြံဆိုတာ အလှအပနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေတဲ့ သူတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ အရေပြားပေါ်က နီနီရဲရဲအဖုတွေကြောင့် ငါအရမ်းများ ရုပ်ဆိုးနေပြီလားဆိုပြီး လူမြင်ကွင်းထဲသွားတဲ့အခါ ကိုယ့်စိတ်ထဲ မလုံသလို ဖြစ်နေရတယ်။ ဒါ့အပြင် လက်နဲ့မတော်တဆလေးများ ကုတ်မိလိုက်လို့ လက်သည်းထဲက ပိုးဝင်သွားရင် အနာက တော်ရုံနဲ့မကျက်တော့ဘဲ ပိုဆိုးသွားနိုင်သေးတယ်လေ။ ဝက်ခြံတွေက နေရာတော်တော်များများမှာ ထွက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ ဝက်ခြံဆိုတာ ဘာလဲ။ ကျွန်တော်တို့ အရေပြားပေါ်က နီနီရဲရဲ အဖုလေးတွေကို ဝက်ခြံလို့ ခေါ်ပါတယ်။ ဝက်ခြံ ဘယ်လိုဖြစ်ရတာလဲဆိုတော့ အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်လေးတွေထဲကို ဖုန်၊ အညစ်အကြေးတွေ၊ အဆီတွေ စုမိရာကနေစပါတယ်။ ချွေးပေါက်ထဲမှာ ဒီအညစ်အကြေးတွေက ပိတ်မိနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ခိုအောင်းလာပြီး အခုလို နီရဲရဲ ဝက်ခြံအဖုလေးတွေ ဖြစ်လာရတာပါ။ အရေပြားမှန်ရင် […]


ဝက်ခြံ

ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

ဝက်ခြံ ပြောတော့သာ ဘာမှမဟုတ်သလို သူပေးတဲ့ ဒုက္ခက မသေးဘူးရယ်။ ဝက်ခြံက မျက်နှာမှာ အဓိကထွက်တာဆိုပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ထွက်နိုင်ပါသေးတယ်နော်။ အဓိကကတော့ မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတာတွေ၊ ကျဆင်းတာတွေဖြစ်ရတာပါ။ ဝက်ခြံထွက်နေရင် မိတ်ကပ်လူးရတာတောင်အဆင်မပြေဘူးနော်။ အလှကြိုက်တဲ့ လေဒီလေးတွေအတွက် ဝက်ခြံက ရန်သူတော်ကြီးပါပဲ။ ဒီရန်သူတော်ကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းမျိုးစုံကြိုးစားပေမယ့် အခုထိမအောင်မြင်သေးဘူးဆိုရင်တော့ အတူတူချေမှုန်းကြည့်မလား။ ဝက်ခြံ တွေကို ဒီလိုချေမှုန်းပါ မျက်နှာမှာ ဝက်ခြံတစ်လုံး ပျောက်သွားတိုင်းဖြစ်တဲ့ ပီတိကတော်တော်လေး သဘောကျစရာပါနော်။ ဒီပီတိလေးကိုများ မခံစားချင်ဘူးလား။ ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်နော်။ Micellar Water သုံးပါ မျက်နှာပေါ်က အညစ်အကြေးတွေကို အတွင်းပိုင်းထိ သန့်စင်စေဖို့ မျက်နှာ မသစ်ခင်မှာ အရင်ဆုံး Micellar Water ကို ဂွမ်းစလေးမှာ ဆွတ်ပြီး မျက်နှာပေါ်က […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ

ဆံပင်တွေပျက်စီးနေပြီလို့ စပြီးသိလာတာ ဘယ်တုန်းကလဲ။ ဘီးဖြီးရတာ အဆင်မပြေတော့ လို့လား။ ခြောက်သွေ့၊ ဖွာပြီး ဖြီးလိုက်တိုင်း ပြတ်ထွက်ကုန်တာလား၊ ဆံပင် အဖျား နှစ်ခွ ကွဲတာလား။ အလိုလိုနေရင်းကို အလယ်ကနေ ကျိုးပြတ်ကုန်တဲ့ ဆံပင်တွေ ဖြစ်လာရင်တော့ ဆံသားပျက်စီးတာ သေချာနေပါပြီ။ အဖျားမှာလည်း ထက်ပိုင်းတွေကျိုးလို့။ ဒါဆို ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆိုတာ ဆန်းစစ် လိုက်ရအောင်နော်။ ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆံပင်တွေကျိုးတာ၊ ပြတ်တာ ဘာတွေလုပ်မိလို့လဲ ဆိုတော့ ဆံသားတွေ ကျိုးပြတ်တာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ကိုယ့်မှာ ရှိနေလို့ပဲဖြစ်ရမယ်။ ဒီလို ဖြစ်နေတာကို ကုစားဖို့အတွက် အကြောင်းရင်းကို သိမှ ဖြစ်မယ်လေ။ ဘာတွေကြောင့် ဖြစ်နိုင်လဲဆိုတော့ - (၁) ဆံသား အလှအပ ပစ္စည်းတွေအသုံးများတာ ဆံပင်ကို ဆေးဆိုး၊ ကောက်၊ ဖြောင့်တာတွေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

မိန်းမတို့ဘုန်း ဆံထုံး တဲ့။ မြန်မာတွေရဲ့အမြင်မှာ ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်ရဲ့အလှတရားထဲ ၇၀ ရာခိုင်နှုန်းလောက်အရေးပါနေပါတယ်။ ဒါပေမဲ့လည်း ဆံပင်ဆိုတာ အသားအရေပဲ ပြဿနာတွေ များလှပါတယ်။ ဒီတစ်ခေါက်တော့ ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆိုတာကို ပြောပြပေးပါမယ်။ ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆံပင် ပုံစံနဲ့ မလိုက်တာနဲ့တင် ကိုယ့်ရုပ်ရည်အသွင်အပြင်က ပြောင်းကိုပြောင်းလဲသွားပါတယ်။ ဒီတော့ ဆံသား ပျက်စီးလာလို့ အရင်လိုမလှနိုင်တော့မှာကို မစိုးရိမ်ကြဘူးလား။ ဆံပင် ကျိုးပြတ်တာတွေ၊ ဆံသားပျက်စီးတာတွေကို ကုသဖြေရှင်းဖို့က ဗြူးရှင်းဆလွန်းတွေမှာ ခေါင်းထိုးအပ်လိုက်ရုံနဲ့ အရာရာပြည့်စုံပြီထင်နေတာလား။ ကုထုံးဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆိုရင်တော့ အရင်ဆုံး - ဆံပင်နဲ့ပတ်သက်တဲ့ လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ ဆံပင်အလှအပအတွက် ကိုယ်လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ။ ဥပမာ ဆံပင်ဖြောင့်စက် မကြာခဏဆွဲတာ၊ ဓာတုပြင်းတဲ့ ဆေးတွေသုံးတာ၊ ဆံပင်ခြောက်ခံစက်သုံးတာတွေက ဆံသားကို ပျက်စီးစေပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း

လူဆီ ရမယ်၊ လူဆီ ဆိုတာကကြော်ငြာထဲမှာပဲ ရယ်ရတာပါ။ လက်တွေ့ဘဝမှာ အဆီပြန်တာက တော်တော်လေး ခံရခက်စေတယ်နော်။ ဒီတစ်ခေါက်တော့ အဆီပြန်တာကြောင့် အလှပျက်နေရတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေ အတွက်အဆီပြန်တဲ့ အသားအရေထိန်းသိမ်းနည်းလေးကို ပြောပြမယ်နော်။ အလှအပ မဟုတ်တဲ့ အသားအရေထိန်းသိမ်းနည်းကို ပြောပြမှာ ဆိုတော့ လေဒီတွေတင် မဟုတ်ဘဲ ကိုကိုတွေပါဖတ်လို့ရပါတယ်နော်။ ကဲ ...... အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း လေးတွေကို  အတူတူ ကြည့်လိုက်ရ အဆီပြန်တာက အမွေရတာပါ တော်တော်များများသတိမထားမိတဲ့အချက်ကအသားအရေအမျိုးအစားတွေဆိုတာကလည်း အမွေဆက်ခံမှုတစ်ခုပါပဲနော်။ အထူးသဖြင့် အဆီပြန်တတ်တဲ့ အသားအရေ၊ခြောက်သွေ့တဲ့အသားအရေ၊ပေါင်းစပ်အသားအရေဆိုတာတွေကမေမေဖေဖေတို့ဆီကနေ ဆက်ခံထားတဲ့အမွေတစ်ခုပါပဲနော်။ အဆီပြန်ရတယ်ဆိုတာက Sebumတွေအရမ်းထွက်လို့ပါ။ ဒီလိုဆိုတာနဲ့ Sebum က မကောင်းဘူးလို့ မဆိုလိုပါဘူးနော်။ အသားအရေခြောက်သွေ့မှုကင်းစေပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအသားအရေအတွက် နွားနို့နဲ့ ပျားရည်

နေလောင်ထားလို့ မျက်နှာအသားအရေတွေညစ်နေလား။ ဝက်ခြံနဲ့ အမာရွတ်၊ချိုင့်ခွက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းနေလား။ ဒါတွေအဆင်ပြေဖို့ အလှပြုပြင်ရေးစင်တာတွေဆီ သွားစရာမလိုပါဘူး။ သဘာဝအတိုင်းလေး ဖြူဝင်းလှပချင်တယ်ဆိုရင် ပျားရည်နဲ့နွားနို့ကိုသုံးပြီး အိမ်မှာပဲအလှပြုပြင်လို့ရပါတယ်။ ပျားရည်ဆိုတာ အရေပြားနဲ့ပတ်သက်လာရင် ဟိုးရှေးကတည်းက ဆေးစွမ်းကောင်းတစ်လက်ဖြစ်သလို ဝက်ခြံနဲ့အမာရွတ်တွေကုသရာမှာ အကျိုးကျေးဇူးများလှပါတယ်။ ခြောက်သွေ့ပျက်စီးနေတဲ့အသားအရေကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့ အစွမ်းထက်အာနိသင်အပြင် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ နွားနို့ကတော့ အသားအရေကို သန့်စင်ပေးပြီး အစိုဓါတ်ထိန်းတဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။ အသားအရေကို ထိခိုက်စေတဲ့ radicals တွေကို ခုခံတိုက်ဖျက်ပေးပြီး အသားအရေကို ချောမွတ်နူးညံ့သွားစေနိုင်ပါတယ်။ ပျားရည်နဲ့နွားနို့ ပေါင်းစပ်လိုက်တဲ့အခါ အသားအရေကို အတွင်းပိုင်းအထိ သန့်စင်နိုင်လောက်အောင် ဘက်တီးရီးယားသေစေတဲ့အစွမ်းသတ္တိတွေရှိလာ စေပါတယ်။ ပေါင်းတင်ဆေး ဘယ်လိုလုပ်မလဲ အရသာမထည့်ထားတဲ့ နွားနို့ ခွက်တစ်ဝက်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း ၃/၄ ဇွန်းထည့်ပြီး အနှစ်ရတဲ့အထိ မွှေပါ။ မျက်နှာတစ်ခုလုံးကို သေချာလိမ်းပါ။ ပါးရိုးနေရာတွေနဲ့ ဝက်ခြံအဖြစ်များတဲ့နေရာတွေကို ဦးစားပေးလိမ်းပါ။ မျက်နှာနဲ့လည်ပင်းကို မထူမပါး ညီညာစွာလိမ်းပြီး […]


အခြားအရေပြားပြဿနာများ

ယားစပ်စပ်နဲ့ မိတ်တွေ အမြန်သက်သာစေမယ့် နည်းလမ်း (၈) ခု

နွေရာသီရောက်ပြီဆို မိတ်ထွက်မှာ စိတ်ပူနေတဲ့ လူတချို့ရှိတယ်နော်။ နေများပူပြီဆို နှစ်တိုင်းလာနေကျ ဖောက်သည်လေးတွေ ကျောမှာ၊ ခါးမှာ၊ ဗိုက်မှာ၊ လည်ပင်းမှာ၊ ချိုင်းနဲ့ လက်မောင်းမှာ၊ ပခုံးမှာ နေရာယူကြတာ အလုအယက်ပဲ။ မိတ်တွေ က သေးသေးလေးဆိုပေမယ့် တစ်ဖုချင်းမဟုတ်ဘဲ သူတို့က အင်အားအစုလိုက်နဲ့ဆိုတော့ ယားစပ်စပ်နဲ့ အတော်ခံရခက်ပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များတယ်ဆိုပေမယ့် လူကြီးဖြစ်တောင် မိတ်အမြဲထွက်တဲ့သူတွေမှာ အတော်ဒုက္ခရောက်ရပါတယ်။ လူကြားထဲ ကုတ်နေလို့လည်းမရ၊ မိတ်တွေ လူမြင်မှာစိုးလို့ အဝတ်အစားလည်းရွေးရ၊ ချွေးထွက်ရင် စပ်တာလည်းခံရနဲ့။ အခုတော့ မိတ်အမြန်သက်သာမယ့် နည်းတွေ မျှပေးလိုက်မယ်နော်။ ယားစပ်စပ်နဲ့ မိတ်တွေ အမြန်သက်သာစေမယ့် နည်းလမ်း (၈) ခု (၁) ရေအေးနဲ့ ချိုးပါ။ အရေပြားမှာ အအေးဓာတ်ရရင် မိတ်တွေ ပျောက်လေ့ရှိပါတယ်။ ရိုးရိုးရေအေးလေးနဲ့ တစ်နေ့နှစ်ကြိမ်ချိုးပါ။ အရေးကြီးတာက ဆပ်ပြာအပြင်းတွေ သိပ်မသုံးဖို့ရယ်၊ ချိုးပြီးရင် […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

နွေရာသီမှာ မိတ်ပေါက်တာ မဆန်းပေမယ့် မိတ်ပျောက် သွားရင်တော့ ဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သူများမြင်ရင်တော့ ဆန်းနေမှာနော်။ မိတ်ဖုလေးတွေပျောက်သွားရင် ကျန်ခဲ့တဲ့ အကွက်လေးတွေက ညှင်းတွေလိုလို၊ ပွေးတွေလိုလို အထင်ခံရတာ တော်တော်ဆိုးပါတယ်။ သူကတော့ အန္တရာယ် မပေးနိုင်ပေမယ့် နေရခက်စေတာရယ်၊ အမာရွတ် ကျန်တာရယ် ကြောင့် မိတ်ပေါက်လာတာနဲ့ ကိုယ်သက်သာမယ့် နည်းလမ်းကို ရှာရပါတော့တယ်။ ဒီတစ်ခေါက်တော့ မိတ်ပျောက် သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မိတ်ဖုလေးတွေ ဟာ အပူချိန်ပြင်းလွန်းလို့ အရေပြားက တုံ့ပြန်လာတဲ့အရာပါ။ ချွေးထွက်ပြွန်တွေ ပိတ်ဆို့ပြီး အရေပြားထဲမှာ ချွေးတွေ ငုပ်သွားတဲ့အခါ မိတ်ထွက်လာပါတယ်။ နီနီဖု အသေးလေးတွေ ခပ်ကျဲကျဲ သို့မဟုတ် အပြင်လိုက် ထွက်တတ်တဲ့ မိတ်ဖုလေးတွေ က အများအားဖြင့် အဝတ်အစားနဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း