အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားမဲတာ ပတ္တမြားခဲပါ

အသားမဲလို့ဆိုပြီး စိတ်ညစ်နေလား။ သမီးကိုဘာလို့ အသားဖြူဖြူလေးမွေးမထားရတာလဲ မေရယ်ဆိုပြီး အပြစ်တင်နေမိလား။ အပြစ်မဆိုပါနဲ့နော်။ အရာရာတိုင်း၊ ကိစ္စရပ်တိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲနေတာပါ။ တစ်ခါတလေကျ ငါ့ကျမှဒါမျိုးဖြစ်ရလားဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ အချို့သောကိစ္စတွေက ဆိုးတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာတော့ကောင်းကျိုးလေးတွေရှိနေပါတယ်နော်။ အသားမဲတာက မကောင်းဘူးလို့ ဘယ်သူပြောလဲ အသားအရောင်တွေက အမျိုးမျိုးနော်။ အာရှအသားအရေကပိုတောင် စုံသေးတယ်။ ရာသီဥတုအခြေအနေစုံလင်သလို အသားအရောင်ကလည်း အသားဖြူဖြူလေးတွေရှိသလို ဝါညက်ညက်လေးတွေ၊ ညိုပြာညက်လေးတွေ၊ အသားရောင် အညိုရင့်ရင့်လေးတွေရယ်ဆိုပြီး အမျိုးအစားကိုစုံနေတာပါပဲ။ လူတိုင်း အထူးသဖြင့်လေဒီလေးတွေက အသားဖြူတာကို သဘောကျကြတယ်နော်။ သတိထားမိကြမလားမသိဘူး။ အသားညိုတာက အရေပြားပြဿနာတွေကို အသားဖြူသူတွေလောက်မခံစားရဘူးဆိုတာကိုလေ။ အသားအရောင်ကွာခြားရတာက ခန္ဓါကိုယ်က ထုတ်လုပ်တဲ့ မယ်လ်လာနင် ပမာဏကွာခြားတာကြောင့်ပါ။ အသားအရောင်ဖြူလေလေနေပူအောက်မှာ အသားအရေထိခိုက်နိုင်ခြေ များလေလေပါနော်။ အသားညိုတဲ့သူ အသားမဲတဲ့သူတွေရဲက အရေပြားက မယ်လ်လာနင်ကြွယ်ဝတာကြောင့် ပူပြင်းတဲ့နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကို အသားဖြူသူတွေ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

သကြား scrub လေးတွေနဲ့ အသားအရေအလှကိုထိန်းကြမယ်

နေတအားပူတော့ အပြင်သွားလိုက်တဲ့အခါ အသားအရေလည်းပျက်စီးရပြီပေါ့။ အသားမမည်းချင်လို့နေလောင်ကာခရင်မ်တွေ လိမ်းလည်း အသားကညစ်နေတယ်ဆို တစ်ပတ်တစ်ကြိမ်တော့ ဆဲလ်သေဖယ်ရှားတဲ့ scrub လုပ်ပေးပေါ့။ ဒါလည်း အသားအရေထိန်းချင်တဲ့ သူတွေအတွက် မလုပ်မဖြစ်တဲ့အဆင့်တစ်ခုပဲလေ။ ဒါပေမယ့်မကြာခဏမလုပ်ချင်ဘူး၊ တစ်ခါတလေပဲသုံးမှာမို့ဈေးကြီးပေးမဝယ်ချင်ဘူးဆိုတဲ့သူတွေအတွက် အလွယ်ဖန်တီးလို့ရပြီးဘေးကင်းတဲ့ ကိုယ်တိုင်လုပ် srcubလေးတွေအကြောင်းပြောပြချင်လို့။ သကြားဆိုတာ အစားအသောက်ထဲ ပါဝင်ပစ္စည်းအဖြစ်နဲ့အသုံးများပေမယ့် အသားအရေ အတွက်လည်း အရမ်းအကျိုးပြုတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။ သကြား scrub သာဆို အရေပြားဆဲလ်သေတွေကိုဖယ်ရှားတဲ့နေရာမှာ သိပ်အစွမ်းထက်တယ်နော်။ နောက်ပြီးရင်တော့ အစိုဓါတ်ပြန်ထိန်းဖို့ moisturizer သုံးဖို့ လိုအပ်တယ်နော်။ ပျားရည်သံပရာသကြား Scrub ပျားရည်နဲ့သံပရာက အသားအရေကို လင်းလက်စေတယ်၊အစိုဓါတ်ထိန်းတယ်၊ အသားအရေကျန်းမာစေတယ်။ ပျားရည် ၃ ဇွန်း၊သံပရာရည် ၂ ဇွန်း၊ သကြား ၂ ဇွန်းပဲ လိုပါတယ်။ သည်သုံးမျိုးကို မျက်နှာနဲ့ခန္ဓါကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် အသာအယာပွတ်လိမ်းပါ။ ၁၀ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ဒဏ်ခံထားရတဲ့ နှုတ်ခမ်း လေးတွေကို ဘယ်လိုကုစားမလဲ

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ ပြဿနာက မကြာခဏဆိုသလို တွေ့ရမြင်ရ၊ ကြားနေရပါတယ်။ ကမ်းခြေသွားပြီး ပြန်လာလို့ အသားတွေ မည်းလာတယ်။ သင်္ကြန်မှာ ရေကစားပြီးလို့ အသားတွေ ပပ်ပြီး ပျက်စီးသွားတယ်။ နေပူထဲ အကာအကွယ်မပါဘဲ ထွက်ပြီး ပြန်လာတော့ အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ် အစရှိသဖြင့် ပြဿနာကတော့ အစုံပါပဲ။ ဒီလိုနေလောင်တဲ့ အထဲမှာ နှုတ်ခမ်း ကတော့ ဘေးကင်းမယ်ထင်ရင် မှားသွားပါလိမ့်မယ်။ မျက်နှာအရေပြားလိုပဲ တော်တော်လေး နူးညံ့ပြီး ထိခိုက်ပျက်စီးလွယ်တာကြောင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကို အလွယ်တကူ ခံရတတ်ပါတယ်။ နှုတ်ခမ်း က နေလောင်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။ အသားအရေမှာ နေလောင်ရင် တွေ့ရတဲ့ လက္ခဏာတွေလိုပါပဲ။ နှုတ်ခမ်းက ပုံမှန်ထက်ပိုပြီး နီရဲနေတာ ဖူးရောင်နေတာ ထိမိလိုက်ရင် ပျော့အိအိလေးနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား ။ ။

အားလုံးချစ်တဲ့ တာသင်္ကြန် ပွဲတော်ကြီး ပြီးသွားလို့ လွမ်းနေတဲ့ သူတွေ ရှိလား။ သင်္ကြန်ဆိုတာ ပြီးသွားတိုင်း အမှတ်တရတွေ ကျန်ခဲ့တယ်မဟုတ်လား။ အထူးသဖြင့် သင်္ကြန်ရဲ့ ကဲခဲ့ခြင်း အမှတ်တရ ဖြစ်တဲ့ အသားအရေ နေလောင်တာလေးတွေ ကျန်ခဲ့တယ် ဟုတ်။ သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား .... ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်နော်။ သင်္ကြန် ပွဲတော်ရှိတဲ့ အချိန်က မြန်မာနိုင်ငံ နွေရာသီ ရဲ့ အပူဆုံးလ ဖြစ်တဲ့ ဧပြီဆိုတော့ နေကလည်း ပြင်း၊ ခရမ်းလွန်းရောင်ခြည်တွေ ကလည်း များ၊ ရေကလည်းစို လေက တိုက်နဲ့ တစ်နှစ်လုံး ဥထားတဲ့ အသားအရေတွေ သင်္ကြန် ၄ ရက်တွင်းမှာ တစ်ခါတည်း ပျက်စီးသွားပါ လေရောလား။ လက်ရှည်တော့ ဝတ်ခဲ့ပါရဲ့။ ဒါပေမယ့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံကေသာလေး ကျော့ရှင်းလှပနေစေဖို့ သံလွင်ဆီလိမ်းပေးစို့

အရေပြားနဲ့ ဆံကေသာလေး အတွက် သံလွင်ဆီရဲ့ ကောင်းကျိုးတွေကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ သံလွင်ဆီဟာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးဒုက္ခ မဖြစ်စေတဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ သံလွင်ဆီရဲ့ ဦးရေပြားဆိုင်ရာကောင်းကျိုးတွေ သံလွင်ဆီမှာ ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အာဟာရဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် ဆံသားပျော့ဆေးအဖြစ်နဲ့လည်း သံလွင်ဆီကို အသုံးပြုလို့ ရပါတယ်။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး အေးမြစေတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းလို့ ဆံသားကို ကျန်းမာသန်စွမ်းပြီး နက်မှောင်စေတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေ ခြောက်ပြီး ပျက်စီးတာ၊ ဆံသားကျိုးကြေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကယ်လို့ ဆံသားနဲ့ ဦးရေပြားအတွက် သံလွင်ဆီကို တစ်ခါမှ မသုံးဖူးဘူးဆိုရင် ဒီဆောင်းပါးလေးကနေ ဘယ်လိုအကျိုးရှိစွာ အသုံးပြုလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ သံလွင်ဆီကို အရင်ဆုံး လက်ပေါ်မှာ အနည်းငယ် လိမ်းကြည့်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ်က သွေးကြောတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်နော်

တစ်နေ့တခြားပိုပူလာတဲ့ရာသီဥတုေကြာင့်နွေရာသီက ပိုပီပြင်လာခဲ့သလို အသားတွေ နေလောင်တာလည်း အသားကုန်ပဲနော်။နေပူထဲကို ထီးဆောင်းထွက်တာတောင်တော်တော်လေးပူတဲ့အနေအထားမှာ အပူဒဏ်ကြောင့် အသားအရေကို မထိခိုက်စေဖို့ ဘာလုပ်ရင်ကောင်မလြဲတွးနေလာ။နေပူလည်း ထွက်စရာရှိတဲ့အပြင်ကထွက်ရမှာပဲလေ။ ဒီလိုဖြစ်တဲ့အခါ အသားအရေကို အပူဒဏ်ကြောင့်ထိခိုက်မှုနည်းအောင်လုပ်ရမှာက ကိုယ်တိုင်ပါနော်။ အသားအရေကိုနေလောင်ဒဏ်ကနေကာကွယ်ပေးမယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခု အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကနေလောင်ကာခရင်မ်လူးတာပါနော်။ အပြင်သွားခါနီးတိုင်း နာရီဝက်အလိုလောက်မှာ သတိထားပြီး အသားအရေကိုနေလောင်ကာခရင်မ်လူးပြီးမှထွက်ပေးပါနော်။ ဒီလိုလုပ်တာက ရုံးခန်းထဲမှာထိုင်ပြီး အလုပ်လုပ်နေသူတွေအတွက်လည်း အကျုံးဝင်တာပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့နေရောင်ဝင်နိုင်တဲ့နေရာမှာရှိနေသမျှနေလောင်ခံရနိုင်တာကြောင့်ပါ။ ဒါကြောင့်နေ့တိုင်းလိုလို အသားအရေကိုနေလောင်ဒဏ်က ကာကွယ်ဖို့ဆိုရင်နေလောင်ကာခရင်မ်လူးရမှာကမေးနေစရာတောင်မလိုအောင်ပါနော်။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုက ဘာတွေဖြစ်စေနိုင်လဲ ခန္ဓါကိုယ်အရေပြားကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့စေမှုက အသားအရေနေလောင်တာ အသားအရေခြောက်သွေ့တာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာနဲ့ အရေပြားကင်ဆာတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေကင်းစေဖို့ကနေရောင်ထဲထွက်တဲ့အခါပြည့်စုံတဲ့ ကာကွယ်မှုတွေလုပ်သွားပေးဖို့ပါ။ ဒီလိုလုပ်ဖို့ကလည်းနေလောင်ကာခရင်မ်လူးမယ်၊ ချည်သားလက်ရှည်ပွပွလေးတွေဝတ်မယ်။ ထီးဆောင်းမယ်၊ ဦးထုပ်ဆောင်းမယ်စသဖြင့် ကာကွယ်မှုတွေလုပ်ဖို့လိုပါမယ်နော်။ နေလောင်ကာခရင်မ်က အသားအရေအတွက်တင်မကဘဲသွေးကြောတွေကိုပါကျန်းမာစေနိုင်ပါတယ် နေလောင်ကာခရင်မ်က အသားအရေကိုနေလောင်တာကနေကာကွယ်ပေးတယ်၊ အရေပြားကင်ဆြာဖစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ ဆိုတာက သိထားပြီးသား အယူအဆတစ်ခုပါ။ ဒီအယူအဆအပြင်ထပ်တိုးသိလာရတာတစ်ခုကနေလောင်ကာခရင်မ်ကသွေးကြောလေးတွေကိုပါ ကျန်းမာစေတယ်ဆိုတဲ့အချက်ပါ။ သိပ္ပံပညာရှင်တွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကတွေ့ရှိခဲ့တဲ့အချက်တစ်ခုကနေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုဖြစ်စေနိုင်တယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် […]


အသားအရေ ထိန်းသိမ်းခြင်း

တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

လူတော်တော်များများ ရေချိုးရင် တံတောင်ဆစ် ၊ ဒူးခေါင်းတွေကို သေချာတိုက်ချွတ်ဖို့ မေ့တတ်ကြပါတယ်။ နေရောင်ခြည်ထဲ မကြာခဏ နေရောင်ကာလိမ်းဆေး မပါဘဲ ထွက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေ ပေါင်းလိုက်တော့ အဲ့ဒီနေရာတွေက ဆဲလ်အသေတွေ စုပြုံလာပြီး မည်းလာတော့တာပေါ့။ များသောအားဖြင့် တံတောင်ဆစ်မည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားရှိတာမျိုး မဟုတ်လို့ သိပ်တော့ စိတ်ပူဖို့ မလိုပါဘူး။ တံတောင်ဆစ် မည်းရခြင်း အကြောင်းရင်း ၁။ တံတောင်ဆစ် တစ်ဝိုက်မှာ ပျက်စီးသွားတဲ့ ဆဲလ်အသေတွေ စုပြုံလာတာ ၂။ ခရမ်းလွန်ရောင်ခြည်ဒဏ်ေကြာင့် နဂိုအသားအရောင် ပျောက်ပြီး အရောင်မှိန်လာတာ ၃။ သန္ဓေတားဆေးတွေ သောက်သုံးခြင်း ၄။ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေပြား အမည်းစက်လေးတွေ ၅။ ကိုယ်ဝန်အစောပိုင်းကာလ၊ မီးဖွားပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာခြင်း ၆။ အရေပြားဆဲလ်တွေ လျင်မြန်စွာဖြစ်တည်လာပြီး အကြေးခွံကဲ့သို့ ထလာတဲ့ အရေပြားရောဂါ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား

ဆံပင်တွေ တနေ့တခြားပါးလာတာ သတိထားမိကြမှာပေါ့။ စဉ်းစားရတာ၊ ဦးနှောက်ခြောက်ရတာများလို့ ဆံပင်တွေကျွတ်ရတယ်လို့ပြောကြတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားကျွတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ဆံပင်ကျွတ်တာ အဲဒီထက်ပိုတယ်လို့ထင်တယ်၊ မှန်ထဲကြည့်လိုက်ရင်လည်း အရင်နဲ့မတူတော့တာ သိလာတယ်၊ခေါင်းဖြီးလိုက်တိုင်း စိတ်ညစ်ရတာ တကယ်ပါပဲ။ လူတစ်ယောက်ရဲ့အသွင်အပြင်မှာ ဆံပင်ပုံစံက သိပ်ကိုအဓိကကျပါတယ်။ ဆံပင်ညှပ်ဆိုင်တွေ၊ စင်တာတွေ နဲ့ ဆံသားအလှပညာရှင်တွေ ဘာလို့ ဝင်ငွေတွေကောင်းနေတယ်ထင်ပါသလဲ။ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမရှိရင်၊ ဆံပင်ပျက်စီးနေရင်၊ ဆံပင်နည်းလွန်းရင် (ထိပ်ပြောင်လုလု) ဘယ်လောက်ချောနေပါစေ ကြည့်မကောင်းပါဘူး။ ဆံသားအလှအတွက် ညှပ်တယ်၊ ပုံသွင်းတယ်၊ အရောင်ဆိုးတယ် ဆိုတာ မလုပ်ဖူးတဲ့သူမရှိသလောက်ပါပဲ။ လူကြီးတွေတောင် ဆံပင်အနက်ဆိုးကြတာပဲ။လုပ်ငန်းခွင်မှာအောင်မြင်မှုအတွက်ဆိုလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကရှိနေမှဖြစ်မှာ၊ အသွင်အပြင် ကြည့်ကောင်းနေဖို့ကလည်း အရေးပါတယ်လေ။ ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား ဆံပင်ကျွတ်တယ်ဆိုတာ သဘာဝပဲဆိုပေမယ့် ဆံပင်ပါးလာတာက […]


အသားအရေ ထိန်းသိမ်းခြင်း

မြင်သူတိုင်းငေးတဲ့ ခြေထောက်လှလှလေးဖြစ်ဖို့

လူတစ်ယောက်ကိုစကြည့်ရင် မျက်နှာကနေစကြည့်တယ်နော်။ပြီးရင် ဘယ်အစိတ်အပိုင်းကိုဆက်ကြည့်မိမယ်ထင်လဲ။ လက်နဲ့ ခြေထောက်လေးတွေပါ့။ လူတစ်ယောက်ကို စွဲဆောင်မှုရှိစေတဲ့အချက်တွေထဲမှာ မျက်နှာသွင်ပြင်လှတာက အရေးပါသလိုခြေထောက်လေးတွေ လက်လေးတွေဖြူဖွေးသန့်စင်မှုကလည်းတော်တော်လေးအရေးပါတာပါ။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်ကြီးကို စွဲဆောင်မှုပြည့်ဝတဲ့သူတစ်ဦးဖြစ်စေဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ခြေချောင်းလေးတွေ ဖြူဖွေးသန့်စင်အောင်ဘယ်လိုလုပ်ရမလဲပြောပြပါရစေနော်။ ခြေထောက်ကိုနေ့တိုင်းသန့်စင်မိရဲ့လား ဒီအမေးကို အင်း....လုပ်တာပေါ့။နေ့တိုင်းပဲလေလို့ ဖြေလိုက်မိတယ်ဆိုရင်တော့ ပရိသတ်ကြီးက စမတ်ကျတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာသေချာနေပြီနော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လူတော်ေ်တာ်များများကရေသာချိုးလိုက်ကြတာ၊ခြေထောက်ကိုကြေးတွန်းဖို့ကျတော့မေ့နေတတ်တယ်လေ။ တကယ်တော့ရေချိုးတိုင်းမှာခြေထောက်ကြေးတွန်းတဲ့ အလေ့အကျင့်ကိုမွေးမြူသင့်ပါတယ်။ ဒါမှလည်း ကြည့်လိုက်တိုင်းခြေထောက်လေးတွေကဖြူဖွေးသန့်စင်နေတော့မှာပေါ့။ ခြေထောက်လေးကိုမြင်သူငေးစေချင်တယ်ဆိုရင် ကိုယ့်ရဲ့ခြေထောက်လေးကိုမြင်သူငေးရတဲ့ခြေထောက်လေးဖြစ်စေဖို့ဆိုရင် မဖြစ်မနေလုပ်ရမှာကကြေးချွတ်သန့်စင်ဖို့ပါ။ ခြေထောက်ကိုကြေးချွတ်သန့်စင်ဖို့ ဒါလေးတွေလိုပါမယ် ခြေထောက်ကြေးချွတ်သန့်စင်တော့မယ်ဆိုရင် ဇလုံတစ်လုံး (ခြေထောက်ထည့်စိမ်လို့အဆင်ပြေမယ့် အနေအထား) ချည်သားတဘက်တစ်ထည် ကြေးတွန်းကျောက်တုံး (ဆဲလ်သေတွေကိုဖယ်ရှားနိုင်ဖို့ပါ) ခြေထောက်လိမ်းလို့ရမယ့် ခရင်မ်တစ်မျိုးမျိုး ခြေထောက်ကြေးချွတ်ရအောင် ခြေထောက်ကို အခုပြောပြမယ့်နည်းလေးတွေထဲက ကိုယ်နှစ်သက်လွယ်ကူတဲ့နည်းနဲ့ကြေးချွတ်လို့ရပါတယ်။ သံပရိုသီးသုံးမယ် ခြေထောက်ကကြေးတွေကိုဖယ်ရှားပေးပြီးခြေထောက်ကွဲတာကို သက်သာစေနိုင်ပါတယ်။ ဇလုံထဲကိုရေနွေး တဝက်လောက်ထည့်လိုက်ပါ။ပြီးရင်ရေနွေးထဲကို သံပရိုသီး အရည်ညှစ်ထည့်လိုက်ပါ။ ဒီရောစပ်ထားတဲ့ရေခပ်နွေးနွေးလေးထဲကိုခြေထောက်တွေကို မိနစ် ၂၀လောက်စိမ်ထားပေးပါ။ပြီးရင်တော့ကြေးတွန်းကျောက်ကိုသုံးလို့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ပြီးရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီး အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခု လူးပေးလို့ရပါတယ်နော်။ ဗီနီကာသုံးမယ် ခြေဆီထွက်တာ၊ခြေထောက်အနံ့ဆိုးတာတွေကို ပါသက်သာစေနိုင်တာပါနော်။ရေနွေးထဲကို ဗီနီကာလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးရေအေးသွားတဲ့အထိစိမ်ပေးပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

ကျန်းမာရေး ဂရုစိုက်ပါ ဆိုတဲ့ စကားထဲမှာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေး အကုန်လုံး အကျုံးဝင်ပေမယ့် လူတွေက ခြေထောက်ကျန်းမာရေးကို လျစ်လျူရှု့ ထားတတ်ကြတယ်နော်။ တကယ်တော့ နေ့တိုင်း စိတ်ရှိတိုင်း သွားလာလှုပ်ရှားတာတွေကို မညည်းမညူ လုပ်ပေးတဲ့ ခြေထောက်လေးတွေကို မေ့ထားတတ်ကြတယ်နော်။ ခြေထောက်လေးတွေလည်း ကျန်းမာဖို့ လိုပါတယ်နော်။ ဒီတစ်ခေါက်တော့ ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ခြေထောက်က ဘယ်လိုဖွဲ့စည်းထားတာလဲ ခြေထောက်မှာ ခန္ဓာကိုယ်ရဲ့ အရိုး ၂၅ ရာခိုင်နှုန်းပါဝင်နေသလို အဆစ်က ၁၈ ရာခိုင်နှုန်း နဲ့ ကြွက်သား ၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ တကယ်လို့ ခြေထောက်လေးမှာသာ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခုဖြစ်မယ်ဆိုရင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်သလို ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တာတွေကလည်း အများကြီးပါ။ တစ်ကိုယ်လုံးကို ဟန်ချက်ညီအောင်ထိန်းထားပေးတဲ့အစိတ်အပိုင်းကိုသေချာလေးဂရုစိုက်ဖို့ လိုမယ်နော်။ ခြေထောက်ကို သေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ လူတော်တော်များများက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း