နွေရာသီရောက်ပြီဆို မိတ်ထွက်မှာ စိတ်ပူနေတဲ့ လူတချို့ရှိတယ်နော်။ နေများပူပြီဆို နှစ်တိုင်းလာနေကျ ဖောက်သည်လေးတွေ ကျောမှာ၊ ခါးမှာ၊ ဗိုက်မှာ၊ လည်ပင်းမှာ၊ ချိုင်းနဲ့ လက်မောင်းမှာ၊ ပခုံးမှာ နေရာယူကြတာ အလုအယက်ပဲ။ မိတ်တွေ က သေးသေးလေးဆိုပေမယ့် တစ်ဖုချင်းမဟုတ်ဘဲ သူတို့က အင်အားအစုလိုက်နဲ့ဆိုတော့ ယားစပ်စပ်နဲ့ အတော်ခံရခက်ပါတယ်။