backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျက်နှာအသားအရေအတွက် နွားနို့နဲ့ ပျားရည်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်နှာအသားအရေအတွက် နွားနို့နဲ့ ပျားရည်

နေလောင်ထားလို့ မျက်နှာအသားအရေတွေညစ်နေလား။ ဝက်ခြံနဲ့ အမာရွတ်၊ချိုင့်ခွက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းနေလား။ ဒါတွေအဆင်ပြေဖို့ အလှပြုပြင်ရေးစင်တာတွေဆီ သွားစရာမလိုပါဘူး။

သဘာဝအတိုင်းလေး ဖြူဝင်းလှပချင်တယ်ဆိုရင် ပျားရည်နဲ့နွားနို့ကိုသုံးပြီး အိမ်မှာပဲအလှပြုပြင်လို့ရပါတယ်။ ပျားရည်ဆိုတာ အရေပြားနဲ့ပတ်သက်လာရင် ဟိုးရှေးကတည်းက ဆေးစွမ်းကောင်းတစ်လက်ဖြစ်သလို ဝက်ခြံနဲ့အမာရွတ်တွေကုသရာမှာ အကျိုးကျေးဇူးများလှပါတယ်။ ခြောက်သွေ့ပျက်စီးနေတဲ့အသားအရေကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့ အစွမ်းထက်အာနိသင်အပြင် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။

နွားနို့ကတော့ အသားအရေကို သန့်စင်ပေးပြီး အစိုဓါတ်ထိန်းတဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။ အသားအရေကို ထိခိုက်စေတဲ့ radicals တွေကို ခုခံတိုက်ဖျက်ပေးပြီး အသားအရေကို ချောမွတ်နူးညံ့သွားစေနိုင်ပါတယ်။ ပျားရည်နဲ့နွားနို့ ပေါင်းစပ်လိုက်တဲ့အခါ အသားအရေကို အတွင်းပိုင်းအထိ သန့်စင်နိုင်လောက်အောင် ဘက်တီးရီးယားသေစေတဲ့အစွမ်းသတ္တိတွေရှိလာ စေပါတယ်။

ပေါင်းတင်ဆေး ဘယ်လိုလုပ်မလဲ

အရသာမထည့်ထားတဲ့ နွားနို့ ခွက်တစ်ဝက်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း ၃/၄ ဇွန်းထည့်ပြီး အနှစ်ရတဲ့အထိ မွှေပါ။ မျက်နှာတစ်ခုလုံးကို သေချာလိမ်းပါ။ ပါးရိုးနေရာတွေနဲ့ ဝက်ခြံအဖြစ်များတဲ့နေရာတွေကို ဦးစားပေးလိမ်းပါ။ မျက်နှာနဲ့လည်ပင်းကို မထူမပါး ညီညာစွာလိမ်းပြီး ၁၀ မိနစ်/၁၅ မိနစ်ထားပါ။ ခြောက်သွားပြီဆိုရင် ကြက်သီးနွေးရေလေးနဲ့မျက်နှာသစ်ပါ။

မှတ်ထားရမယ့်အချက်တွေက –

  • မျက်နှာလေးလန်းဆန်းနေချင်ရင် ပေါင်းတင်ဆေးထဲကို rosewater လေးနည်းနည်းထည့်ပြီးသုံးနိုင်ပါတယ်။ မျက်နှာသစ်ပြီးနောက်ပိုင်း moisturizer မသုံးပါနဲ့နော်။ နွားနို့ကို အရေပြားက စုပ်ယူနိုင်ဖို့ အချိန်ခဏလိုအပ်မှာဖြစ်ပြီး moisturizer အတိုင်း အစိုဓါတ်ထိန်းပေးပါလိမ့်မယ်။
  • ပေါင်းတင်ပြီးလို့ မျက်နှာသစ်တဲ့အခါ ဆပ်ပြာ၊ မျက်နှာသစ်ဆေး ဘာမှမသုံးပါနဲ့။ သဘာဝအတိုင်းပဲထားပါ။
  • သည်နည်းကို မျက်နှာအတွက်တင် မဟုတ်ဘဲ တံတောင်ဆစ်၊ ခြေထောက်၊ ဒူး စတဲ့ တခြားအစိတ်အပိုင်းတွေမှာ အသားအရေထိန်းသိမ်းချင်တဲ့အခါ၊ အသားအရေဝင်းလက်စိုပြေချင်တဲ့အခါ အသုံးပြုလို့ရပါတယ်။
  • နှုတ်ခမ်းသားတွေ ခြောက်သွေ့၊ ကွဲတာ ဒါမှမဟုတ် ခြေဖနောင့်ကွဲတာဖြစ်ရင် သည်နည်းနဲ့ ပေါင်းတင်ပေးပါ။

သည်ပေါင်းတင်နည်းက အသားအရောင်ညီစေပြီး ဖြူစင်ဝင်းလက်စေမယ့်အပြင် အရွယ်တင်နုပျိုစေနိုင်စွမ်းလည်းရှိပါတယ်။ အရေးအကြောင်းတွေ၊ အမည်းစက်တွေလျော့ပါးစေလို့ အချိန်မကုန် ငွေမကုန်ဘဲ သဘာဝနည်းလေးနဲ့ အသားလှစေနိုင်ပါတယ်။

Scrub ဆိုရင်ကော

နွားနို့၊ပျားရည်တစ်ဇွန်းစီ ရောထားတဲ့အထဲကို အသာညက်ညက်ထုခြေထားတဲ့(ညက်မှုန်နေတဲ့အမှုန့်မဟုတ်) ဗာဒံစေ့နည်းနည်းထည့်ပါ။ ကိုယ်လိုသလောက်မှန်းထည့်ပေးပေါ့။

ဇွန်းနဲ့ ရောမွှေလို့ရလာတဲ့အနှစ်ကို မျက်နှာမှာသုတ်လိမ်းပါ။ အသာအယာနှိပ်နယ်ပြီးပွတ်ပေးပါ။ ဗာဒံစေ့အမှုန်လေးတွေက အသားအရေကို ဆဲလ်သေဖယ်ရှားပေးလိမ့်မယ်။ နှာခေါင်းတဝိုက်နဲ့နှုတ်ခမ်း၊ မျက်လုံးတို့လို ထိခိုက်လွယ်တဲ့ဧရိယာတွေကိုရှောင်ပါ။ တစ်ပတ်တစ်ကြိမ်သာလုပ်သင့်တဲ့ scrub လုပ်ပြီးရင်တော့ moisturizer သုံးပေးဖို့လိုပါမယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement