အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

အခုလို ပူပြင်းတဲ့ နွေရာသီကို ရောက်လာတဲ့အခါမှာ နေလောင်ဒဏ်ကြောင့် အသားအရေ တွေ ထိခိုက်ပျက်စီးကြရပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ နေလောင်ကာကရင်မ် လိမ်းတာ၊ နေရောင်အောက်ကို တိုက်ရိုက်ထွက်တဲ့အခါ ဦးထုပ်၊ ထီး နဲ့ အခြားအကာအကွယ်တွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ ပြောပြပေးချင်တာကတော့ အဲဒီလို နည်းလမ်းတွေအပြင် နေလောင်ဒဏ်ကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေအကြောင်း ဖြစ်ပါတယ်။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဆိုရင် ၁။ Blueberries ( ဘလူးဘယ်ရီသီး ) နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicals လေးတွေ ထွက်လာပါတယ်။ Blueberries သီးလေးတွေမှာ […]


အခြားအရေပြားပြဿနာများ

ကြွက်နို့ တွေကို အိမ်မှာတင် ကုကြမယ်။

ကြွက်နို့ ဖြစ်ဖူးတဲ့သူတွေဆို သိပါတယ်။ ဒီအဖုလေးတွေက အင်မတန် စိတ်ရှုပ်စရာ ကောင်းပါတယ်။ ကုတ်မရ ဖဲ့မရ ဘယ်လို လုပ်လုပ် မကွာသွားပါဘူး။ ဒါ့ပြင် တစ်လုံး ထွက်ပြီးရင် နောက်က ဇယ်ဆက်သလို လိုက်ထွက်လာပါတော့တယ်။ ဒီလိုအချိန်မှာ ဘယ်သူကမှ ကြွက်နို့အတွက် ဆေးခန်း သွားမပြချင်ကြပါဘူး။ ဒါကြောင့် အိမ်မှာတင် အလွယ်တကူ ကြွက်နို့သတ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ကြွက်နို့ ဆိုတာ ဘာလဲ။ ကြွက်နို့ဆိုတာ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ တစ်ယောက်နဲ့ တစ်ယောက်ထိမိရင် ကူးတတ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ လက်တွေ၊ လက်ချောင်းတွေ၊ ခြေထောက်နဲ့ မျက်နှာတွေပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါမှာ ဖြစ်တဲ့ ကြွက်နို့လည်း ရှိပါတယ်။ HPV ဗိုင်းရပ်စ် အမျိုးပေါင်း ၁၀၀လောက်ရှိပေမယ့် အနည်းစုကပဲ ကြွက်နို့ ဖြစ်တာပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

လေဒီလေးတို့ သိထားသင့်တဲ့ Baking Soda Scrub အကြောင်း

အသားအရေလေး လှပချင်တာက လေဒီလေးတိုင်းရဲ့ စိတ်ကူးပါ။ ဒီလို လှပမှုအတွက် အသုံးတည့်တဲ့အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ မုန့်ဖုတ်ဆော်ဒါလို့ သိထားကြတဲ့ (Baking Soda) ပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေအတွက် အသုံးတည့်မယ့် အလှအပအတွက် Baking soda အသုံးပြုနည်းလေးကို ပြောပြပေးမယ်နော်။ Baking Soda Scrub က ဘာတွေ အသုံးတည့်လဲ.......... Baking Soda Scrub ကို အသုံးပြုပေးမယ်ဆိုရင် (၁) အသားအရေ ကြည်လင်စေတယ် ကြည်လင်တဲ့အသားအရေက ကျန်းမာခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါပေမယ့် ရရှိဖို့ကတော့ မလွယ်လှပါဘူး။ ဒီတော့ အသားအရေကို အညစ်အကြေး ကင်းစင်ပြီး ကြည်လင်စေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီးအရည်နဲ့ မုန့်ဖုတ်ဆော်ဒါကို သုံးလို့ရပါတယ်။ ဒီနည်းက ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ baking soda လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီဖု၊အဆီခဲတွေကို လျော့နည်းသက်သာအောင် ဘယ်လို ပြုလုပ်ကြမလဲ။

အဆီဖု၊ အဆီခဲတွေဟာ အရေပြားပေါ်မှာ ဖြစ်ပေါ်လာတတ်တဲ့ အဖြူရောင် အဖုအပိမ့်အခဲလေးတွေပါ။ အဆီဖု၊ အဆီခဲလေးတွေဟာ စုဝေးပြီး နှာခေါင်း၊ ပါးစပ်နဲ့ မေးစေ့စတဲ့ မျက်နှာအစိတ်အပိုင်းတွေပေါ်မှာ ပေါက်လာတတ်ကြပါတယ်။ မျက်နှာတင်မဟုတ်ပါဘူး၊ လည်ဂုတ်၊ ကျော စတဲ့နေရာတွေမှာလည်း ရှိတတ်ပါတယ်။ ဒါဟာ အရေပြားပေါ်က အမွှေးအမျှင်တွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေလို့ ဖြစ်ပါတယ်။ အဆီဖု၊ အဆီခဲလေးတွေဟာ မွေးကင်းစကလေးလေးတွေရဲ့ အရေပြားပေါ်မှာလည်း ရှိတတ် ပါတယ်။ (၄၀) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းသော မွေးကင်းစကလေးလေးတွေမှာ ဒီလိုအဆီဖု၊ အဆီခဲလေး တွေရှိတတ်ကြပါတယ်။ မွေးပြီးတစ်လအတွင်း ဖြစ်တတ်ပါတယ်။ ကလေးကြီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဒီလိုအဆီဖု၊ အဆီခဲတွေ ရှိနေနိုင်ပါသေးတယ်။ (၁)   သူတို့ကိုဖယ်ရှားဖို့ လက်နဲ့ထိုးဆွတာမျိုး၊ ညှစ်တာမျိုး လုံးဝမလုပ်ပါနဲ့။ သင့်မျက်နှာပေါ်နဲ့ သင့်ကလေးရဲ့ မျက်နှာပြင်ပေါ်မှာ အဆီဖု၊ အဆီခဲတွေရှိနေခြင်းဟာ သင့်အတွက် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နေ့စဉ် ခေါင်းမလျှော်သင့်တဲ့ အကြောင်းအရင်းများ

ခေါင်းလျှော်တယ်ဆိုတာက တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံသားလေးတွေ လှပဖို့ သန့်စင်ဖို့နဲ့ ဦးခေါင်းသန့်စင် လန်းဆန်းနေဖို့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။ လူတွေက ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ်၊ ဆပ်ပြာနဲ့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်နဲ့ပဲဖြစ်ဖြစ်၊ တရော်ကင်ပွန်းလို သဘာဝနည်းလမ်းတွေနဲပဲဖြစ်ဖြစ် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။ နည်းလမ်းစုံကြသလို အလေ့အထတွေလည်း မတူတတ်ကြပါဘူး။ လူတချို့က ခေါင်းခဏခဏ လျှော်ရတာကို မနှစ်သက်တတ်ကြပေမယ့် လူအများစုကတော့ ခေါင်းမကြာခဏလျှော်ရတာကို သဘောကျတတ်ကြပါတယ်။ ဒီလူတွေထဲကမှ တချို့က နေ့စဉ်ခေါင်းလျှော်ရတာကို သဘောကျတတ်ကြပြီး၊ တကယ်လည်း နေ့စဉ် ခေါင်းလျှော်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ အလေ့အထတော့မဟုတ်ပါဘူး။ နေ့စဉ် ဘာလို့ ခေါင်းမလျှော်သင့်တာလဲ နေ့စဉ် ခေါင်းလျှော်မယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်သလို တခြားသော ဆိုးကျိုးတွေလည်း ကြုံရစေနိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်။ ၁။ သဘာဝအဆီဓာတ် လျော့ပါးစေတယ် ဦးရေပြားမှာ အဆီပြန်နေတာမျိုးက ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် […]


ဝက်ခြံ

ဝက်ခြံက ပိုးဝင်နေတာလား..................

ဝက်ခြံ လူတိုင်းနဲ့ရင်းနှီးပြီးသားစကားလုံး။ အများစုနဲ့ ရင်းနှီးနေတဲ့ အရေပြားပြဿနာဟုတ်။ မျက်နှာမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်နေရာ တော်တော်များများမှာ ပေါက်တတ်ပါတယ်။ ဝက်ခြံကပေါက်ပြီး လွယ်လွယ်နဲ့ ပျောက်သွားလေ့မရှိသလို အခန့်မသင့်ရင် ပိုးဝင်တတ်ပါတယ်။ ပိုးဝင်တဲ့အခါ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါသေးတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ ဝက်ခြံပိုးဝင်တာနဲ့ပတ်သက်ပြီး သိထားဖို့ လိုမယ် အကြောင်းအရာလေးတွေကို ပြောပြပေးမယ်နော်။ ဝက်ခြံပိုးဝင်ခြင်း ဆိုတာ Propionibacterium acnes လို့ခေါ်တဲ့ ဘက်တီးရီးယားက အရေပြားပေါ်မှာ  ရှင်သန်နေထိုင်ကြပါတယ်။ သူတို့က ပုံမှန်အတိုင်းဆိုရင် အရေပြားကို ထိခိုက်စေတာမျိုးလုံးဝ မရှိပေမယ့် အဆီဂလင်းတွေမှာ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ ပိတ်ဆို့သွားတဲ့အခါ ဘက်တီးရီးယား ပေါက်ဖွားမှုကို စတင်ပါတယ်။ ဒီလို ပေါက်ဖွားတဲ့အခါ ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ရာကနေ ရောင်ရမ်းနီရဲတဲ့ ဝက်ခြံတွေဖြစ်လာပါတယ်။ ဒါတွေက တဖြည်းဖြည်း ရောင်လာပြီး ကြီးသထက် ကြီးလာကြပါတယ်။ ဒီလိုအနေအထားမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

လေဒီလေးတို့ ရေနွေးနွေးတစ်ခွက် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

လှပမှုကို လေဒီလေးတိုင်း သဘောကျကြပါတယ်။ အသားအရေ လှပမှု။ ဆံသား လှပမှု စတာတွေပေါ့။ ငွေကုန်​ကြေးကျခံပြီး လှပမှုကို ဖန်တီးယူကြတာတွေလည်း ရှိပါတယ်။ skin care အမျိုးမျိုး ဝယ်ပြီး အလှအပအတွက် ပြင်ဆင်မှုကလည်း အမျိုးမျိုးပါ။ အခုတစ်ခေါက်တော့ လှပမှုကို မြတ်နိုးတဲ့ လေဒီလေးတိုင်းအတွက် ငွေကုန်ကြေးကျ မများဘဲ အသားအရေ လှပစေမယ့် နည်းလမ်းလေးကို ဝေမျှပေးပါရစေ။ မနက်နိုးတိုင်း ရေနွေးနွေးလေး တစ်ခွက် ပုံမှန်သောက်ပါ လေဒီ မနက် နိုးနိုးချင်း ရေနွေးတစ်ခွက်ကို အအေးခံလို့ ခပ်နွေးနွေး အနေအထားမှာ သောက်ပေးမယ်ဆိုရင် အသားအရေ လှပမှု အနေနဲ့ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။ ဝက်ခြံ ကင်းစေမယ် မနက် အိပ်ရာထထချင်းမှာ ရေနွေးနွေးလေးတစ်ခွက်စာကို ကုန်အောင် သောက်ပေးမယ်ဆိုရင် ကိုယ်တွင်းမှာ အပူချိန်ကို မြှင့်တင်ပေးပြီး ချွေးထွက်စေမှု ကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ခရမ်းလွန်ရောင်ခြည် ဒဏ်ကနေ ကာကွယ်ကြမယ်။

နေအလင်းရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ဟာ လူတွေအတွက် အကာအကွယ်လေးတစ်ခုဖြစ်တဲ့ အရေပြားမှာရှိတဲ့ ဆဲလ်လေးတွေကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။ Ultraviolet Radiation (UV) လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပြင်ထန်တဲ့နေရောင်ခြည် တစ်မျိုးဖြစ်ပြီး ရောင်ခြည်ရဲ့လှိုင်းအကွာအဝေးအပေါ်မူတည်ပြီး UV-A, UV-B နဲ့ UV-C ဆိုပြီး ၃မျိုးရှိပါတယ်။ အဓိကအနေနဲ့ ဒီကမ္ဘာမြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်တာက UV A နဲ့ B ဖြစ်တဲ့ အတွက် အဲဒီ နှစ်မျိုးရန်ကနေ ကာကွယ်ဖို့က အရေးကြီးပါတယ်။  ခရမ်းလွန်ရောင်ခြည် က ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။ ခရမ်းလွန်ရောင်ခြည်ဟာ အဓိကအားဖြင့် အရေပြားနဲ့ မျက်လုံးအတွက် ဆိုးကျိုးတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ ၁။ အရေပြား အရေပြားဆဲလ်လေးတွေကို ပျက်စီးစေပြီး နီရဲ့လာတာ၊ အသားအရောင်ပြောင်းလဲစေတာ၊ တင်းတိပ်၊ မှဲ့ခြောက်နဲ့ […]


ဝက်ခြံ

လေ့ကျင့်ခန်းလုပ်ရင်း ဝက်ခြံတွေထွက်နေပြီလား……

ခန္ဓာကိုယ်လေးအဆီကျလှအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ ဝက်ခြံထွက်လာတာပဲ အဖက်တင်တယ်ဆိုတဲ့ သူတွေ ရှိလား…….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့လိုနေပါပြီ။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံထွက်နိုင်လား………… လေ့ကျင့်ခန်းလုပ်တာက ချွေးတော်တော်လေး ထွက်စေနိုင်ပါတယ်။ ချွေးထွက်တာနဲ့အတူ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေလည်း အရေပြားပေါ်မှာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကတွေက သင့်ကို ဝက်ခြံထွက်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်နေချိန်မှာ အသားအရေကို သေချာလေး ဂရုမစိုက်မိဘူးဆိုရင် ဝက်ခြံတွေ ဖြစ်လာနိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းသာလုပ်ရတယ် ဝက်ခြံတွေပဲ အဖက်တင်လာတယ်ဆိုတဲ့ ဇာတ်လမ်းတွေ စလာတော့ တာပေါ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံပိုထွက်တယ်ဆိုတာ စိတ်ထင်နေတဲ့ကိစ္စ မဟုတ်သလို တိုက်ဆိုင်မှုသက်သက်လည်း မဟုတ်ပါဘူး။ ဒါက တကယ်ကို မှန်ကန်တဲ့ ဖြစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နေတဲ့ လေ့ကျင့်ခန်းကို မရပ်လိုက်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံ မထွက်အောင် ဘာတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

လည်ပင်း အသားအရေ အရောင်မညစ်စေဖို့ နည်းလမ်းကောင်း (၈) ခု

မိန်းကလေးတွေရဲ့ အလှတရားထဲမှာ လည်တိုင်လှလှလေးတွေလည်း ပါဝင်ပါတယ်။ မျက်နှာအသားအရေလေး လှပါလျက်နဲ့ လည်ပင်း မှာတော့ မဖြူတဲ့အပြင် အသားမညီ၊ အရောင်ညစ်နေတာမျိုး စိတ်ညစ်ရတတ်ပါတယ်။ နေလောင်ထားလို့၊ အသားအရေထိန်းသိမ်းတဲ့အခါ ဒီနေရာကို မေ့လျော့ခဲ့လို့၊ ချွေးပေါက်ပိတ်ဆို့နေလို့ စတဲ့ အကြောင်းရင်းတွေကြောင့် လည်ပင်း အသားအရေ အရောင်ညစ် နေတတ်ပါတယ်။ ဒီလိုမဖြစ်ဘဲ ဖြူဝင်းပြီး နူးညံ့တဲ့ အသားအရေလေး ရစေဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြပါမယ်နော် - (၁) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ် အတွင်းသားအနှစ်ကိုယူပါ။ လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ် ထားပြီး ရေချိုးလိုက်ပါ။ (၂) ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည် (Apple cider vinegar) နှစ်ဇွန်းကို ရေ ၄ ဇွန်း နဲ့ ရောပါ။ ဂွမ်းလုံးလေးနဲ့ လည်ပင်းမှာ သုတ်လိမ်းပေးပါ။ ၁၀ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း