benzoyl peroxide လိမ်းပေးပါ – ဒီလိမ်းဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူမေးမြန်းဝယ်ယူလို့ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဒီဆေးကို သန့်စင်ထားတဲ့ ဝက်ခြံနဲ့ ဝက်ခြံတဝိုက်ကိုတစ်နေ့ နှစ်ကြိမ် မှန်မှန်လေးလိမ်းပေးပါ။
သန့်စင်အောင် ထားပေးပါ – ဝက်ခြံကို လက်နဲ့မထိပါနဲ့။ ပုံမှန် သန့်ရှင်းရေးလုပ်ပေးပါ။ ပုံမှန် သန့်စင်ပေးတာက ပိုးဝင်ကူးစက်တာကို သက်သာစေပြီး နောက်ထပ် ပိုးမဝင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
လေဝင်လေထွက်ကောင်းအောင် ထားပေးပါ – မျက်နှာပေါ်မှာ မဟုတ်ဘဲ ခန္ဓာကိုယ် အခြားနေရာတွေမှာ ဝက်ခြံပေါက်နေခဲ့မယ်ဆိုရင် လေဝင်လေထွက်ကောင်းအောင် ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ထားပေးပါ။
အဝတ်အစားတွေကို သန့်ရှင်းရေးဂရုစိုက်ပါ – အဝတ်အစားတွေကို ပုံမှန် လဲလှယ်ပေးပါ။
မကုတ်ပါနဲ့ – ဝက်ခြံဖြစ်တဲ့အခါ ကုတ်ချင် ဖဲ့ချင်စိတ်က အလိုလိုဖြစ်တာပါ။ ညှစ်ပလိုက်ရ၊ ကုတ်လိုက်ရင် အဆံကြီးထွက်လာမှာ စသဖြင့်ပေါ့။ ဒါပေမယ့် မကုတ်ပါနဲ့။ ဝက်ခြံကို ကုတ်ဖဲ့တာက ပိုးဝင်နိုင်ခြေများလို့ပါ။
မိတ်ကပ် မလိမ်းပါနဲ့ – ဝက်ခြံဖြစ်တဲ့အခါ မိတ်ကပ်မလိမ်းပါနဲ့။ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံပိုဆိုးလာနိုင်တာကြောင့်ပါ။
ဘယ်လို ကာကွယ်မလဲ ………
ဝက်ခြံ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် ပုံမှန်သန့်စင်ပါ။ ဝက်ခြံဖြစ်လာခဲ့ရင် ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ အသားအရေကို ပုံမှန် သန့်စင်ပြီး ချွေးပေါက်တွေ ပိတ်ဆို့မှုကင်းအောင် ဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်း လုပ်ပေးပါ။ အပြင်ကပြန်လာတိုင်း မျက်နှာကို သေချာ သန့်စင်ပါ။