ခန္ဓာကိုယ်လေးအဆီကျလှအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ ဝက်ခြံထွက်လာတာပဲ အဖက်တင်တယ်ဆိုတဲ့ သူတွေ ရှိလား…….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့လိုနေပါပြီ။
ထွက်မှာ သေချာပြီလား။
ခန္ဓာကိုယ်လေးအဆီကျလှအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ ဝက်ခြံထွက်လာတာပဲ အဖက်တင်တယ်ဆိုတဲ့ သူတွေ ရှိလား…….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့လိုနေပါပြီ။
လေ့ကျင့်ခန်းလုပ်တာက ချွေးတော်တော်လေး ထွက်စေနိုင်ပါတယ်။ ချွေးထွက်တာနဲ့အတူ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေလည်း အရေပြားပေါ်မှာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကတွေက သင့်ကို ဝက်ခြံထွက်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။
ဒါကြောင့် လေ့ကျင့်ခန်း လုပ်နေချိန်မှာ အသားအရေကို သေချာလေး ဂရုမစိုက်မိဘူးဆိုရင် ဝက်ခြံတွေ ဖြစ်လာနိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းသာလုပ်ရတယ် ဝက်ခြံတွေပဲ အဖက်တင်လာတယ်ဆိုတဲ့ ဇာတ်လမ်းတွေ စလာတော့ တာပေါ့။
လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံပိုထွက်တယ်ဆိုတာ စိတ်ထင်နေတဲ့ကိစ္စ မဟုတ်သလို တိုက်ဆိုင်မှုသက်သက်လည်း မဟုတ်ပါဘူး။ ဒါက တကယ်ကို မှန်ကန်တဲ့ ဖြစ်ရပ်ပါ။
ဒီလိုဆိုတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နေတဲ့ လေ့ကျင့်ခန်းကို မရပ်လိုက်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံ မထွက်အောင် ဘာတွေ လုပ်ရမလဲ ပြောပြပေးပါမယ်။
လေ့ကျင့်ခန်းလုပ်ရင် အသားအရေကို နည်းစနစ်မှန်မှန် ဂရုစိုက်မယ်ဆိုရင် အသားအရေလေးလည်း ကြည်လင်မယ်၊ ခန္ဓာကိုယ် အချိုးအစားလည်း လှပလာမယ်ဆိုတာ အသေအချာပါ။ ဒီတော့
လေ့ကျင့်ခန်း မလုပ်ခင်မှာ
လေ့ကျင့်ခန်းကြောင့် ဝက်ခြံမထွက်စေဖို့ဆိုရင် လေ့ကျင့်ခန်း မလုပ်ခင်မှာ
လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း
လေ့ကျင့်ခန်းလုပ်နေချိန်မှာ
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ
ဒီအချက်တွေကို သေချာ ဂရုစိုက်မယ်။ အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို သေသေချာချာ အသုံးပြုလို့ အသားအရေကို ဂရုစိုက်မယ်ဆိုရင် လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ခပ်ဝေးဝေးမှာ ခေါက်ထားနိုင်မှာ အသေအချာပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
IS YOUR WORKOUT CAUSING YOUR ACNE? https://www.aad.org/public/diseases/acne/causes/workouts Accesssed Date 7 May 2020
Lifestyle Changes to Tame Acne https://www.webmd.com/skin-problems-and-treatments/acne/features/acne-lifestyle-changes#1 Accesssed Date 7 May 2020
8 Reasons Why You Should Exercise If You Want Acne Free and Radiant Skin http://vitalivesfree.com/8-reasons-why-exercise-acne-free-skin/ Accesssed Date 7 May 2020