ခေါင်းလျှော်တယ်ဆိုတာက တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံသားလေးတွေ လှပဖို့ သန့်စင်ဖို့နဲ့ ဦးခေါင်းသန့်စင် လန်းဆန်းနေဖို့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ခေါင်းလျှော်တယ်ဆိုတာက တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံသားလေးတွေ လှပဖို့ သန့်စင်ဖို့နဲ့ ဦးခေါင်းသန့်စင် လန်းဆန်းနေဖို့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။
လူတွေက ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ်၊ ဆပ်ပြာနဲ့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်နဲ့ပဲဖြစ်ဖြစ်၊ တရော်ကင်ပွန်းလို သဘာဝနည်းလမ်းတွေနဲပဲဖြစ်ဖြစ် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။
နည်းလမ်းစုံကြသလို အလေ့အထတွေလည်း မတူတတ်ကြပါဘူး။ လူတချို့က ခေါင်းခဏခဏ လျှော်ရတာကို မနှစ်သက်တတ်ကြပေမယ့် လူအများစုကတော့ ခေါင်းမကြာခဏလျှော်ရတာကို သဘောကျတတ်ကြပါတယ်။
ဒီလူတွေထဲကမှ တချို့က နေ့စဉ်ခေါင်းလျှော်ရတာကို သဘောကျတတ်ကြပြီး၊ တကယ်လည်း နေ့စဉ် ခေါင်းလျှော်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ အလေ့အထတော့မဟုတ်ပါဘူး။
နေ့စဉ် ခေါင်းလျှော်မယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်သလို တခြားသော ဆိုးကျိုးတွေလည်း ကြုံရစေနိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်။
ဦးရေပြားမှာ အဆီပြန်နေတာမျိုးက ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဆံသားကို အားဖြစ်စေတဲ့ သဘာဝအဆီဓာတ်တွေ လျော့ပါးပျောက်ကွယ်သွားတာကလည်း အလားတူပဲဆိုတာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ ခေါင်းနေ့စဉ် လျှော်ရင် သဘာဝအဆီတွေ လျော့ပါးစေပါလိမ့်မယ်။
နေ့စဉ် ခေါင်းလျှော်နေမယ်ဆိုရင် ဆံသားတောက်ပြောင်မှု၊ စိုပြေမှုနဲ့ ဆံသားအရောင်တွေ အလျင်အမြန် ပြောင်းလဲ ဖျော့တော့သွားစေပါလိမ့်မယ်။
နေ့တိုင်း ခေါင်းလျှော်တဲ့အခါ သဘာဝအဆီတွေ ခမ်းခြောက်ပြီး ဆံပင်တွေပါ လိုက်ပါခြောက်သွေ့လာတာမို့ ကြာမြင့်လာတဲ့အခါ ဆံပင်နှစ်ခွဖြစ်တာတွေ ပြတ်တောက်တာတွေ ဖြစ်စေမှာပါ။
ဟုတ်ပါတယ်။ နေ့တိုင်းခေါင်းလျှော်လို့ဖြစ်လာတဲ့ ဆံကေသာဆိုင်ရာ ပြဿနာတွေကို ကုစားရတာက ကုန်ကျစရိတ်များပါတယ်။ ဒါကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး နေ့စဉ် ရေနဲ့ ခေါင်းလျှော်ရည် အသုံးပြုနေရတဲ့ စားရိတ်ကလည်း မသက်သာလှပါဘူး။
ခဏခဏ ခေါင်းလျှော်ရင်တောင်မှပဲ ဆံသားဟာ ခြောက်သွေ့မွဲခြောက်လွယ်တာမို့ ပုံသွင်းဖို့ ခက်ခဲစေတတ်ပါတယ်။ နေ့စဉ်သာ ခေါင်းလျှော်နေမယ်ဆိုရင် စဉ်းစားသာကြည့်ပါတော့။
ခေါင်းတစ်ခါလျှော်ဖို့ အချိန်ဘယ်လောက်ပေးရသလဲ လူတိုင်းနီးပါး သိကြပါတယ်။ ရေချိုးဖို့ ခေါင်းလျှော်ဖို့ နေ့စဉ်ပေးရတဲ့အချိန်ကလည်း မနည်းလှပါဘူး။ ဆံပင်ရှည်တဲ့သူတွေဆို ဒီဒုက္ခကို ပိုနားလည်ကြမယ်ထင်ပါတယ်။
တချို့က ခဏခဏ ဗောက်ထလို့ ခေါင်းမကြာခဏ လျှော်ကြတယ်။ ခေါင်းလျှော်လိုက်ရင် သက်သာသွားမယ်၊ ပျောက်သွားမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ ဒါပေမယ့် ဆံသားကျန်းမာရေးပညာရှင်တွေကတော့ ဗောက်ပြဿနာ သက်သာချင်တယ်ဆိုရင် နေ့စဉ်ခေါင်းလျှော်တာမျိုး မလုပ်သင့်ပါဘူးတဲ့။ မှန်ကန်တဲ့ ကုထုံးတွေနဲ့ ကုသဖို့သာ တိုက်တွန်းထားကြပါတယ်။
ဆံပင်ကို ပုံမှန် ဘယ်လို လျှော်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေမရှိပါဘူး။ ဆံသားအမျိုးအစားနဲ့ ဦးရေပြား ကျန်းမာရေး အခြေအနေပေါ် မူတည်မှာဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် ဆံပင်အမျိုးအစားအလိုက် ခေါင်းဘယ်နှစ်ကြိမ်လျှော်သင့်လဲဆိုတာကို အောက်ပါအတိုင်း မှတ်ယူထားလို့ရပါတယ်။
ခေါင်းလျှော်ရာမှာ ကိုယ့်ရဲ့ ဆံသားနဲ့ သင့်လျော်တဲ့ ခေါင်းလျှော်ရည်မျိုးကို စနစ်တကျရွေးချယ်သုံးစွဲဖို့ကလည်း အရေးကြီးတယ်ဆိုတာကိုလည်း တစ်ပါတည်း သတိပေးချင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။