အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ဆယ်ကျော်သက်များတွင် အတွေ့ရများတဲ့ အရေပြားပြဿနာ များ

ဆယ်ကျော်သက်အရွယ်ဆိုတာ လှချင်ပချင် အရွယ်ပါ။ ဒီအရွယ်မှာ အရေပြားပြဿနာ တွေများ ကြုံလာခဲ့ရင် သူတို့လေးတွေ အနေနဲ့ သိပ်ကို စိတ်ညစ်စရာပေါ့။ ဒီအရွယ်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ဖြစ်၊ တစ်ကိုယ်ရည် သန့်ရှင်းရေး မနိုင်နင်းလို့ပဲ ဖြစ်ဖြစ်၊ အလှပြင်ပစ္စည်းတွေကို စမ်းသုံးကြည့်လို့ပဲ ဖြစ်ဖြစ် အရေပြားပြဿနာတွေ ကြုံရတတ်ပါတယ်။ သူတို့လေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကြမလဲဆိုတာ ကြည့်ကြရအောင်။ ဆယ်ကျော်သက်အရွယ် အရေပြားပြဿနာ များ ဝက်ခြံ ဝက်ခြံဆိုတာ ဆယ်ကျော်သက်တွေရဲ့ ပြယုဂ်ပါ။ ဟော်မုန်း အပြောင်းအလဲကြောင့်ရော၊ စိတ်ဖိစီးမှုကြောင့်ရော ထွက်တတ်ပါတယ်။ မိန်းကလေးတွေ ဆိုရင် ရာသီလာခါနီးပြီဆိုရင် ထွက်လာကြပြီ။ ဝက်ခြံအပြင် အဆီဖုတွေ၊ ဆားဝက်ခြံတွေလည်း ထွက်တတ်ပါသေးတယ်။ တချို့ ဝက်ခြံသိပ်များလွန်းတဲ့ ကလေးတွေဆိုရင် သူငယ်ချင်းတွေနဲ့ မတွေ့ချင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု […]


အသားအရေ ထိန်းသိမ်းခြင်း

ကြက်သွန်နီ လေးရဲ့ အလှအပကောင်းကျိုးတွေ

ဘယ်အိမ်ရဲ့ မီးဖိုချောင်ထဲကိုပဲ ဝင်ဝင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ မရှိတဲ့အိမ်ဆိုတာ အရှားသား။ အသုတ်လေးတွေ သုတ်စား၊ ဆီပြန်ဟင်းလေးတွေ ချက်စားလေ့ရှိတဲ့အတွက် ကြက်သွန်နီဟာ အခြေခံစားသောက်ကုန်ပါပဲ။ ကြက်သွန်နီဟာ စူးရှမွှန်ထူတဲ့ အနံ့ရှိပေမယ့် သူ့မှာပါတဲ့ အာဟာရဓာတ်တွေ၊ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ အံ့မခန်းပါပဲ။ ဒီထဲမှာ ဘယ်သူမှ သတိမထားကြတာကတော့ ကြက်သွန်နီဟာ အလှအပအတွက် သုံးနိုင်တယ်ဆိုတာပါပဲ။ ဒီအနံ့ပြင်းတဲ့ ကြက်သွန်နီက ဟုတ်ပါ့မလားလို့ ယူဆရင်  အောက်ကဆောင်းပါးလေးကို ကြည့်ကြည့်ကြရအောင်။ ကြက်သွန်နီ ရဲ့ အလှအပကောင်းကျိုးများ အရေးအကြောင်းတွေကို သက်သာစေတယ်။ လတ်ဆတ်တဲ့ ကြက်သွန်နီ အရွယ်တော်လေး တစ်လုံးကို ထက်ဝက်ခြမ်းပြီး အရည်ရအောင် ညှစ်ပါ။ ဒီအရည်ကို ဂွမ်းလုံးလေးနဲ့ တို့တို့ပြီး မျက်နှာ အနံ့လိမ်းပေးပါ။ ခဏကြာရင် ရေနွေးလေးနဲ့ ပြန်ဆေးချပါ။  ကြက်သွန်နီမှာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အရေပြားကို […]


အသားအရေ ထိန်းသိမ်းခြင်း

လက်ဆေးရတာများလို့ လက်အရေပြား‌လေးတွေ ခြောက်သွေ့ပျက်စီးနေပြီဆိုရင်

COVID-19 ကို ကာကွယ်ဖို့ လက်ခဏခဏဆေးရလို့ အရေပြားတွေ ခြောက်သွေ့ ပျက်စီးနေပြီလား။ အရေပြားခြောက်သွေ့ရုံလောက်နဲ့ စိုးရိမ်စရာမရှိဘူးလို့ ထင်နိုင်ပေမဲ့ ခြောက်သွေ့ရာကတဆင့် အက်ကွဲတဲ့ အဆင့်ရောက်သွားရင်တော့ ရောဂါပိုး အမျိုးမျိုးဝင်နိုင်တဲ့ အတွက် ဂရုစိုက်ဖို့ လိုသွားပါပြီ။ ယခုလို COVID-19 ကို အသည်းအသန်ကာကွယ်နေကြရချိန်မှာ ကျွန်တော်တို့ရဲ့ လက်ကလေးတွေဟာ ဆပ်ပြာပေါင်းစုံ၊ Hand sanitizer ပေါင်းစုံနဲ့ ထိတွေ့ရတဲ့အပြင် ရံဖန်ရံခါ ဆိုသလို ပိုးသန့်စင်တဲ့ ဆေးရည် (အရက်ပြန်၊ chlorine ဆေးရည်) တို့နဲ့ပါ သန့်ရှင်းရေးပြုလုပ်ရင်း ထိတွေ့နေရပြန်ပါတယ်။ ဒီတော့ ဒီလောက်အလုပ်ကြိုးစားတဲ့ လက်ကလေးတွေကို ပြန်ဂရုစိုက်သင့်တာပေါ့။ ရေအပူချိန်ကို လျှော့ချပါ။ ပိုးသေဖို့အတွက် ရေနွေးနဲ့ မဖြစ်မနေ လက်ဆေးစရာ မလိုပါဘူးနော်။ ရေအပူဟာ အသားအရေကို ပိုမိုခြောက်သွေ့စေပြီး ပိုးသေဖို့လည်း အထောက်အကူ ပိုဖြစ်စေတာမျိုး […]


အသားအရေ ထိန်းသိမ်းခြင်း

Scrub လုပ်တိုင်း ကောင်းသလား.............

Scrub လုပ်တိုင်း ကောင်းသလား............. အသားအရေကို ​ကြည်လင်စေဖို့ Scrub လုပ်ကြတယ်နော်။ Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် Scrub ကို နည်းစနစ် မှန်မှန်လေး လုပ်တတ်မှလည်း အသားအရေက ကျန်းမာ​ကြည်လင်မယ်ဆိုတာ မမေ့ပါနဲ့။ Scrub လုပ်တာ အသားအရေကို ဘယ်လို အထောက်အကူပြုလဲ အသားအရေကို ပုံမှန် Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ ဆဲလ်သေတွေက အရေပြားပေါ်မှာ အလွှာတစ်ခုအနေနဲ့ ရှိနေကြပြီး အရေပြားရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေနေပါတယ်။ ဆဲလ်သေတွေ အရေပြားပေါ်မှာ များလာတဲ့အခါ အသားအရေက ရေဓာတ်မပြည့်ဝတာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေ ဖြစ်လာနိုင်သလို အရေပြား ပိုးဝင်ကူးစက်လွယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အရေပြား အပေါ်ယံလွှာ ကျန်းမာဖို့က အရေးကြီးပါတယ်။ ဒီလိုပြောရတာက အရေပြား […]


ဝက်ခြံ

Skin care တိုင်း ဝက်ခြံကင်းသလား........

အသားအရေကို ပုံမှန်လည်း Skin care ပါရဲ့။ ဝက်ခြံတွေက ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်ပဲ ဆိုတဲ့သူလေးတွေရှိလား.......  ဒီတစ်ခေါက်တော့ Skincare ရဲ့သားနဲ့ ဝက်ခြံ ဘာလို့ မပျောက်တာလဲ။ Skin care တိုင်း ဝက်ခြံကင်းသလား........  ဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေထုတ် ကြည့်ရအောင်။ Skin care တိုင်း ဝက်ခြံ ကင်းသလား......... အသားအရေကို ပုံမှန် ထိန်းသိမ်းမှု လုပ်ပေမယ့် ဝက်ခြံ လုံးဝကင်းသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဝက်ခြံပိုးဝင်တာ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုတော့ သက်သာစေနိုင်ပါတယ်။ ဝက်ခြံ ထပ်မဖြစ်လာအောင်လည်း ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုပြောရတာက ဝက်ခြံက ပျောက်ဖို့ မလွယ်ကူတဲ့ အရေပြား ပြဿနာ ဖြစ်နေတာရယ် ဝက်ခြံတစ်လုံး ပျောက်ဖို့က အချိန်အတော်လေးပေးရတာရယ်ကြောင့်ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဝက်ခြံကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကလည်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

တစ်နေ့တာလုံးမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါ အိမ်ပြန်ရောက်ပြီဆိုရင် ဆံပင်ကို ခပ်မြင့်မြင့်လေးစည်း ဒါမှမဟုတ် ခပ်မြင့်မြင့်လေးထုံးပြီး ရေချိုး အနားယူပြီး ဒီအတိုင်း အိပ်ရာဝင်လိုက်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့် မျက်နှာကို ဆံပင်တွေ ထိမိရင် ဝက်ခြံ ဖြစ်မှာလည်း စိုးတယ်။ ဆံပင်တွေနဲ့ လုံးထွေးပြီးလည်း မအိပ်ချင်လို့ပါ။ မနက်နိုးလာရင် ဆံပင်တွေ ရှုပ်ပွနေမှာကို မကြိုက်ဘူးလေဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆံပင်ကို အိပ်ရာမဝင်ခင်မှာ စည်းပြီးမှ အိပ်တယ်၊ ထုံးပြီးမှ အိပ်တယ် ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/respiratory-health/common-cold/wet-hair-can-illness/ ညအိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါ ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။ ဒီလိုပြောရတာက ဆံပင်ကို […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ပြင်ကြမယ်။

လူအမျိုးမျိုးရှိတဲ့အတွက် လူတစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူညီတဲ့ အကျင့်လေးတွေရှိကြပါတယ်။ ကောင်းတဲ့ အကျင့် လေးတွေ ရှိသလို မကောင်းတဲ့ အကျင့်လေးတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအကျင့်လေးတွေထဲက လူအတော်များများမှာ တွေ့ရတဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်လေးအကြောင်း ပြောပြချင်ပါတယ်။ သင့်မှာရော လက်သည်းကိုက် တတ်တဲ့ အကျင့်ရှိနေပြီလား။ ဒီဆောင်းပါးလေးမှာ လက်သည်းကိုက်တတ်တဲ့ သူတွေအတွက် သတိမထားမိနိုင်တဲ့ ဆိုးကျိုးတွေနဲ့ လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ဘယ်လိုပြင်ကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။ လက်သည်းကိုက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများ။ ၁။ ရောဂါပိုးဝင်ခြင်း။ လက်ဆိုတာ နေရာတကာ အသုံးပြုရတာကြောင့် ပိုးမွှားတွေနဲ့ ထိတွေ့မှုများတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်သည်းကြားလေးတွေမှာ ပိုးမွှားတွေ အများကြီးဝင်နေနိုင် ခိုအောင်းနေနိုင်ပါတယ်။ ဒါ့ကြောင့် လက်သည်းကိုက်တဲ့ အကျင့်ရှိတယ် ဆိုရင် ကိုက်လိုက်တဲ့ လက်သည်းကတဆင့် ရောဂါပိုးမွှားလေးတွေဟာ အစာလမ်းကြောင်းနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားနိုင်တဲ့အတွက် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

Hidradenitis suppurativa ( HS ) ဆိုတာ အရေပြားအောက်မှာ ပြည်ဖုလိုမျိုး နာတဲ့ အဖုသေးသေးလေးတွေ ထွက်လာတာပါ။ ဝက်ခြံနဲ့တူပေမယ့် ဝက်ခြံတော့ ပိုပြင်းထန်ပါတယ်။ ဒီအဖုလေးတွေက ကြာလာရင် ပွင့်ထွက်တာ ဒါမှမဟုတ် အရေပြားအောက်မှာ သူတို့အချင်းချင်း ဆက်ပြီး ပွင့်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ လူပျို အပျိုဝင်ချိန်မှာ စဖြစ်တတ်ပြီး နှစ်အတော်ကြာ ဒီတိုင်းလေးရှိနေတတ်ပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကြောင့် နေ့စဉ်ဘဝမှာ စိတ်ရှုပ်ရတာတွေ၊ နေလို့ထိုင်လို့ မကောင်းတာတွေ ရှိလာနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ HS ရဲ့ လက္ခဏာများ အဓိက လက္ခဏာကတော့ အရေပြားမှာ နာတဲ့ အဖုလေးတွေ အများကြီး ထွက်လာတာပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ အရေပြားချင်း ပွတ်တိုက်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းအရှည်ထား တာ ကြိုက်သူတိုင်း ဖတ်ဖို့

ဒီဆောင်းပါးမှာ အလှကြိုက်ပြီး လက်သည်းကို မညှပ်ဘဲ အရှည်ထားတတ်တဲ့ သူတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးဗဟုသတတွေကို ပြောပြပေးချင်ပါတယ်။ ဒီဘက်ခေတ်မှာ လူငယ် အများစု လက်သည်းအရှည်ထား လာတတ်ကြပါတယ်။ အဓိက မိန်းကလေးတွေအပြင် တချို့ ယောက်ျားလေးတွေလည်း တချို့ လက်ချောင်းတွေမှာ လက်သည်းမညှပ်ဘဲ အလှအပအနေနဲ့ သို့မဟုတ် ခေတ်စတိုင် အနေနဲ့ အရှည်ထားလာကြပါတယ်။ တချို့ကျတော့ လက်သည်း ညှပ်ရမှာ ပျင်းလို့ကို တမင် မညှပ်ကြတာမျိုးတွေလည်း ရှိတာပေါ့။ လက်သည်း အရှည်တွေက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်သည်းအရှည်ထား ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ၁။ လက်သည်းဟာ လက်ချောင်းထက် ပိုရှည်ပြီး အရှေ့ကို ထွက်နေတဲ့အတွက် ကျိုးပဲ့ထိခိုက်မိဖို့ အရမ်းလွယ်ပါတယ်။ လက်သည်း ကျိုးတယ်ဆိုတာ အနာကသာ သေးသေးလေး၊ တကယ် ဖြစ်လာပြီဆိုရင် ခံစားရတဲ့ ဝေဒနာက […]


အသားအရေ ထိန်းသိမ်းခြင်း

ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ

ခြေထောက်ကို ​ကြည်ကြည်လှလှလေး ဖြစ်ချင်တယ်ဟုတ်။ လေဒီလေးတွေထဲမှာ မျက်နှာလှတဲ့ လေဒီလေးတွေက ဆွဲဆောင်မှုရှိသလို ခြေထောက်လှလှလေဒီလေးတွေက ချစ်စရာကောင်းတယ်နော်။ လှပတဲ့ ခြေထောက်လေးတွေက ဘယ်ဖိနပ် ဝတ်ဝတ်လှသလို ခြေလှမ်းလှမ်းလိုက်တိုင်း အငေးခံရသူတွေပါ။ အဲ့လို လှပတဲ့ ခြေထောက်လေးတွေ မြင်တိုင်း လိုက်ကြည့်ရတာအမော။ ကိုယ့်ခြေထောက် ကိုယ်ပြန်ကြည့်တော့ သဲကြိုးရာတွေ ထင်နေလို့ စိတ်ညစ်နေတဲ့ လေဒီလေးတွေရှိလား................. ဒါဆိုရင်တော့ ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ နော်။ ဒါဆိုရင် ခြေထောက်လေး ကြည်ကြည်လေးနဲ့ လှစေဖို့ သဲကြိုးရာတွေ တူတူဖျောက်ရအောင်။ ခြေထောက်မှာ သဲကြိုးရာဖြစ်တာက နေလောင်တာနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကို ထိတွေ့မိတာကြောင့်ပါ။ နောက်တစ်ချက် ခြေထောက်ကို ပုံမှန် ကြေးတွန်းသန့်စင်ပေးဖို့ မေ့နေတာ​ကြောင့်လည်း ပါပါတယ်။ ဒီတော့ ခြေထောက်လေးမှာ သဲကြိုးရာ ကင်းကင်းနဲ့ လှပနေစေဖို့ ဒီအချက်လေးတွေကို လက်တွေ့လုပ်ကြည့်လိုက်ပါ။ ခြေထောက်ပေါ်က […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း