အရေပြားပေါ်က အမည်းစက်တွေ သက်သာစေဖို့အတွက် Baking soda လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို သံပုရာသီး တစ်ခြမ်းစာကို အရည်ညှစ်ထားတဲ့ သံပုရာရည် နဲ့ရောစပ်လိုက်ပါ။ ခပ်ပျစ်ပျစ်လေးဖျော်လို့ လာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ ခြောက်သွားအောင်ထားပြီး ရေနွေးနွေးလေးနဲ့ သန့်စင်ပါ။
# တစ်ပတ်ကို အများဆုံး ၂ ကြိမ်သာ ပြုလုပ်ပါရန်
(၄) ဆားဝက်ခြံ သက်သာစေနိုင်တယ်
အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် ဝက်ခြံဖြစ်လွယ်သလို ဆားဝက်ခြံဖြစ်ဖို့လည်း လွယ်ကူပါတယ်။ ချွေးပေါက်တွေကျယ်နေမယ်ဆိုရင် ဆားဝက်ခြံမဖြစ်စေဖို့ သေချာလေးဂရုစိုက် သန့်စင်ရပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ချွေးပေါက်တွေထဲမှာ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဆားဝက်ခြံအလွယ်တကူဖြစ်လာပါမယ်။
baking soda လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို စပရေးဗူးထဲထည့်ပါ။ ပြီးရင် ရေအပြည့်ဖြည့်လို့ သမသွားအောင် လှုပ်ပေးပါ။ သမသွားပြီဆိုရင် သန့်စင်ထားတဲ့ မျက်နှာပေါ်ကို အနှံ့ဖြန်းပါ။ ခြောက်သွားတဲ့အထိထားပါ။ ပြီးရင် moisturiser သုံးလိုက်ပါ။
# နေ့တိုင်း natural toner အဖြစ်အသုံးပြုပေးလို့ရပါတယ်။
(၅) ဆဲလ်သေတွေ ဖယ်ရှားပေးတယ်
မျက်နှအသားအရေပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေဖြစ်စေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အတွက်လည်း baking soda ကို သုံးလို့ ရပါတယ်။ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကိုပါ အထိရောက်ဆုံး ဖယ်ရှားနိုင်ပါတယ်။
ဆဲလ်သေတွေ ဖယ်ရှားဖို့ဆိုရင် baking soda လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေလက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ရောပါ။ ခပ်ပျစ်ပျစ်လေး ဖြစ်နေပါစေ။ ပြီးရင် သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ လိမ်းကျံလိုက်ပါ။ မျက်လုံးတစ်ဝိုက်ကို ရှောင်လို့ လက်ချောင်းထိပ်လေးတွေ သုံးပြီး နှိပ်နယ်ပါ။ ပြီးရင် ခြောက်သွားအောင်ထားလိုက်ပါ။ ပြီးရင် မျက်နှာကို ပုံမှန်အတိုင်း သန့်စင်ပေးလိုက်ရုံပါ။ သန့်စင်ပြီးရင်တော့ moisturiser လိမ်းပေးပါ။
# sensitive skin ပိုင်ရှင်တွေ နဲ့ အသားအရေ ခြောက်သွေ့သူတွေ သုံးဖို့ မသင့်တော်ပါဘူး။
# တစ်ပတ်ကို တစ်ကြိမ်သာ အသုံးပြုပါရန်