backup og meta

သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 18/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု

    သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် တွေ ရှိပါသည်။ သင့် အိမ်ထောင်ရေး သည် မကြာသေးမီကပဲ အခြေအနေ မကောင်းဖြစ်လာပါသလား။ လူတစ်ဦးနှင့်တစ်ဦး ပေါင်းဖက်ချိန်တွင် မတူညီသော ဖြစ်နေကျ အဆင့်များ ရှိပြီး ထိုသူနှစ်ဦးကြားတွင် ဘယ်လိုမှ ညှိမရတော့သည့် ပြဿနာအကြီးဆုံးလည်း ဖြစ်လာနိုင်ပါသည်။ သင့်အိမ်ထောင်ရေးကို ဖြည်းဖြည်းချင်းဖျက်ဆီးလာနိုင်သည့် အချက်များမှာ အောက်ပါအတိုင်းပင်ဖြစ်ပါသည်။

    သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု

    သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု က

    • လိင်မဆက်ဆံကြတော့ခြင်း

    အိမ်ထောင်ရေး ဘဝတွင် ရင်းနှီးမှုသည် ဖြစ်ပွားနေသော ပြဿနာ တော်တော်များများကို ဖယ်ရှားပေးနိုင်ပါသည်။ သင်သည် သင့်အိမ်ထောင်ဖက်နှင့် လိင်မဆက်ဆံတော့ပါက သင်တို့၏ အိမ်ထောင်ရေးဘဝကို အဆုံးသတ် အခြေအနေသို့ ပို့ပေးနေသည်နှင့် တူပါသည်။ သင်သည် မေ့မေ့ပျောက်ပျောက်နှင့် ထိုသို့ အချိန်ကာလကြာပါက ဘယ်လိုမှနှစ်ဦးစလုံးအတွက် မကောင်းနိုင်ပါ။

    Denver မြို့west behavioural care ဌာနရှိ စုံတွဲများကုသသည့် အထူးကု Valerie shinbaum က မိမိ၏ အိမ်ထောင်ဖက်၏ မကောင်းသည့်အချက်များကို မြင်နေမည့်အစား ကောင်းသည့်အချက်များကို မြင်ပေးစေလိုကြောင်း ပြောသည်။ ထို့အတွက် ဖြေရှင်းနည်း တစ်ခုမှာ သင့်အိမ်ထောင်ဖက်မှ အိပ်ရာပေါ်တွင် ချစ်ရည်လူးချင်ပါက မငြင်းဘဲ အကောင်းမြင်ကာ လိုက်ပါခံစားပေးသင့်ပါသည်။

    Denver မြို့west behavioural care ဌာနရှိ စုံတွဲများကုသသည့် အထူးကု Valerie shinbaum

    • တစ်ဦးနှင့်တစ်ဦးကြား ဆက်သွယ်မှုကင်းမဲ့နေခြင်း၊နားလည်မှုလွဲနေခြင်း

    နားလည်မှုလွဲနေခြင်းသည် ရန်ထဖြစ်နိုင်သော်လည်း မပြောဘဲ ရေငုံနှုတ်ပိတ်နေလိုက်ခြင်းသည် ပို၍ပင် ကြောက်စရာ ကောင်းပါသည်။ တစ်ဦးနှင့်တစ်ဦး ရင်ဖွင့်ပြီး ကူညီကြခြင်းသည် မိမိအိမ်ထောင်ဖက်ကို စာနာနားလည်ကူညီခြင်း ဖြစ်သည်။ ထို့အပြင် သင်တို့သည် မိမိတို့၏ ပြဿနာများကို တူတူဖြေရှင်းတတ်လာပါမည်။ တစ်ဦးနှင့်တစ်ဦး ရင်မဖွင့်ပါက အထင်အမြင် လွဲမှားနေတတ်ပြီး ပြဿနာများ ပိုကြီးမားလာတတ်ပါသည်။

    • တောက်လျှောက်ရန်ဖြစ်ခြင်းနှင့် တောက်လျှောက် နားလည်မှုရယူထားခြင်း

    အဆင်မပြေသည့် ရက်တွေမှာ သင်သည် သင့်ဒေါသများအတွက် ထွက်ပေါက်တစ်ခု လိုပါသည်။ သို့သော် သင့်အိမ်ထောင်ဖက်ကို ဒေါသ သွားထွက်ခြင်းသည် ကောင်းသော ထွက်ပေါက်ဖြစ်မည် မဟုတ်ပေ။ ပိုဒေါသဖြစ်လာပြီး ရန်ထဖြစ်လာဖို့သာ ရှိပါသည်။ ထို့ပြင် အချို့သော စုံတွဲများသည် ရန်မဖြစ်အောင် နေကြပြီး ရန်မဖြစ်စေရန် နည်းမျိုးစုံ ကာကွယ်ဖြေရှင်းတတ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ပြောသမျှကို လိုက်နိုင်သလောက် ဖြေရှင်းနားလည် သည်းခံပေးကြသည်။

    သို့သော်လည်း ထိုသို့ ကြာရှည်စွာ ပြုလုပ်ခြင်းသည် အိမ်ထောင်သည် ဘဝ၏ စိတ်လှုပ်ရှားမှုကို ရိုက်ချိုးသလို ဖြစ်လာတတ်သည်။ အကောင်းဆုံးမှာ ငြင်းခုံရန်ဖြစ်ခြင်းနှင့် နားလည်သည်းခံခြင်းတို့ကို လိုအပ်သလို လှည့်သုံးရန်သာ ဖြစ်ပါသည်။

    • ငွေရေးကြေးရေး

    ငွေရေးကြေးရေး အငြင်းပွားမှုသည်လည် အိမ်ထောင်ရေး ကွာရှင်းပြတ်စဲရခြင်း၏ အဖြစ်များဆုံး အကြောင်းအရင်း ဖြစ်သည်။ ထိုပြဿနာများကြောင့် တစ်ဦးနှင့်တစ်ဦးကြား ရိုင်းစိုင်းရင့်သီးစွာ ပြောတတ်ကြပြီး မေ့လို့မရအောင်ပင် နာကျည်းသွားတတ်ကြပါသည်။

    • တတိယလူနေရာယူလာခြင်း

    ခြုံငုံပြောရလျှင် သင်နှင့် သင့် အိမ်ထောင်ဖက်သည်သာ အရေးအကြီးဆုံး ဖြစ်ပါသည်။ သင်နှင့် သင့်သူငယ်ချင်းများ၊ သင့်မောင်နှမများကြား၊ သင့်ကလေးနှင့်ပင် ပတ်သက်မှုများအား အတိုင်းအတာ တစ်ခုသာ ထားသင့်ပြီး သင့် အိမ်ထောင်ရေး ဘဝကို အထိခိုက် မခံပါနှင့်။

    • အသေးစိတ်လေးများကအစ လိုက်လံအပြစ်တင်ကြိမ်းမောင်းတတ်ခြင်း

    သင့်၏ ဘဝတွင်ဖြစ်သည့် အိမ်အလုပ်ကိစ္စများ(သို့)သေးငယ်သော စိတ်တိုင်းမကျမှုတိုင်းကို တောက်လျှောက် အပြစ်တင်ပြောဆို ညည်းညူနေခြင်းသည် သင့်အိမ်ထောင်ဖက်မှ သင့်ကို စိတ်ပျက်လာနိုင်စေပါသည်။

    • စွဲလမ်းခြင်း

    ဖေ့စ်ဘုတ် နှင့် အခြားသော လူမှုဆက်ဆံရေးကွန်ယက်များ (သို့)အခြားသော ဝါသနာတစ်ခုကို စွဲလမ်းနေပါသလား။ ထိုအရာများကို သင်နှင့် သင့်ချစ်သူအကြား နေ့စဉ် ဝင်ရောက်စွက်ဖက်စေပါက သင်တို့နှစ်ဦးကြား ကွာဟမှု အကြီးကြီး ဖြစ်လာပါလိမ့်မည်။

    အရေးကြီးသော ဆုံးဖြတ်မှုမျာအတွက် တိုင်ပင်ပါ။ သင်သည် သင့်ဘာသာ ဆုံးဖြတ်ချက်နောက်ဆုံးတွင် ပြုလုပ်နိုင်သော်လည်း သင့်အိမ်ထောင်ဖက်နှင့် တိုင်ပင်ပြောဆိုလုပ်ကိုင်ခြင်းက ပြဿနာများနောက်ပိုင်း မဖြစ်စေအောင် ကာကွယ်ပေးပါသည်။

    ရေးသားသူ – Dr.Nyan Linn

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement