နည်းလမ်း
ကြွက်သားဒဏ်ဖြစ်တာက အိမ်မှာတင် သက်သာအောင် လုပ်လို့ရပါတယ်၊၊
- ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ၊၊
- နာတာ၊ ရောင်တာ သက်သာအောင် ရေခဲဝတ်ကပ်ပါ၊၊
- ကြွက်သားတွေကို အနားပေးပါ၊၊
ဒီနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်၊၊
လိင်ဆက်ဆံရင်းနဲ့ ကြွက်သားတွေ ဒဏ်ဖြစ်တာကို ကာကွယ်ဖို့ဆိုရင် လိုက်နာရမယ့်အချက်လေးတွေ ရှိပါတယ်၊၊ အနေအထားတစ်ခုကနေ နောက်တစ်ခုကို ပြောင်းမယ်ဆို ဖြည်းဖြည်းပြောင်းပါ၊၊ အထူးသဖြင့် လုပ်နေကျ မဟုတ်တဲ့ ပုံစံတွေဆို ပိုပြီးသတိထားသင့်ပါတယ်၊၊ စစချင်းမှာ အင်တိုက်အားတိုက် ဆက်ဆံတာကို ရှောင်ပါ၊၊
ဒါကလည်း ကြွက်သားဒဏ်ဖြစ်တာနဲ့ ဆင်တူပါတယ်၊၊ ဒါပေမယ့် အနည်းငယ်ကွာခြားတဲ့အချက်လေးတွေ ရှိပါတယ်၊၊
အမျိုးသားရော အမျိုးသမီးရဲ့ တင်ပဆုံကွင်းထဲမှာ ကြွက်သားတွေ ရှိပါတယ်၊၊ ဒီကြွက်သားတွေက ရှေ့ဆီးခုံရိုးနဲ့ နောက်မြီးညှောင့်ရိုးနဲ့ကို ပုခက်လို ချိတ်ထားတာ ဖြစ်ပါတယ်၊၊ ဒီကြွက်သားတွေကြားထဲမှာ ဆီးအိမ်တို့၊ သားအိမ်တို့၊ မစင်အိမ်တို့ ရှိနေပါတယ်၊၊
အတူနေတဲ့အခါ ဒီကြွက်သားတွေကလည်း အနည်းနဲ့ အများ ထိခိုက်တတ်ပါတယ်၊၊ ဒါကြောင့် လိင်ဆက်ဆံရတာ နာတာ၊ သက်သောင့်သက်သာ မဖြစ်တာတွေ ခံစားရတတ်ပါတယ်၊၊
နည်းလမ်း
တင်ပဆုံကြွက်သားတွေ တောင့်နေတဲ့အခါ အတူနေရင် သက်သောင့်သက်သာ မဖြစ်တာ၊ အတွင်းထဲက အင်္ဂါတွေကို ဖိထားသလိုဖြစ်နေတာကြောင့် ဒီအချက်တွေကို လိုက်နာသင့်ပါတယ်၊၊
- စိတ်ထဲမှာ သက်သောင့်သက်သာ မဖြစ်တဲ့အခါ၊ စိုးရိမ်စိတ်တွေများနေတဲ့အခါ ကြွက်သားတွေ တင်းနေတတ်ပါတယ်၊၊ ဒီလိုအချိန်မျိုးမှာ အတူနေတာကို ရှောင်သင့်ပါတယ်၊၊ တင်းနေတဲ့ ကြွက်သားတွေက ပိုပြီးဒဏ်ဖြစ်လွယ်ပါတယ်၊၊
- တင်ပဆုံကြွက်သားတွေ သက်သောင့်သက်သာရှိစေဖို့ ချောဆီကို သုံးနိုင်ပါတယ်၊၊
- Kegel လေ့ကျင့်ခန်းလည်း လုပ်ပေးနိုင်ပါတယ်၊၊

- မိန်းမကိုယ်ထဲမှာ ပစ္စည်းညပ်နေတာ
အတူနေရင်းနဲ့ မတော်တဆ မိန်းမကိုယ်ထဲမှာ ပစ္စည်းညပ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်၊၊ အတွေ့ရအများဆုံးကတော့ ကွန်ဒုံးတို့၊ sex toys တို့ပဲ ဖြစ်ပါတယ်၊၊
ဒီလိုမျိုး ပစ္စည်းညပ်နေတာက အချိန်ကြာလာတဲ့အခါ ပိုးဝင်တာ၊ ဘေးနားက ကြွက်သားတွေကို ထိခိုက်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်၊၊
နည်းလမ်း
အရင်ဆုံး စိတ်အေးအေးထားပါ၊၊ စိတ်လှုပ်ရှားပြီး ကြွက်သားတွေ တင်းနေရင် ထုတ်ရတာ ပိုခက်ပါတယ်၊၊ ပြီးရင်တော့
- လက်ချောင်းလေးတွေကို သုံးပြီး ညပ်နေတာကို ထုတ်ဖို့ ကြိုးစားကြည့်ပါ၊၊ တခြားပစ္စည်းတစ်ခုခုနဲ့ ထည့်ပြီး မစမ်းပါနဲ့၊၊
- ကိုယ့်ဘာသာကိုယ် ထုတ်လို့မရရင် အတင်းမလုပ်ပါနဲ့၊၊ နီးရာ ဆေးရုံ၊ ဆေးခန်းသွားပြီး ထုတ်လိုက်ပါ၊၊
ဒါကလည်း အတွေ့ရများတဲ့ ပြဿနာပါ၊၊ Carpet burn လို့ခေါ်ပါတယ်၊၊ အိပ်ရာမဟုတ်ဘဲ တခြားကြမ်းတမ်းတဲ့နေရာ (ဥပမာ ကြမ်းပြင်)မှာ လိင်ဆက်ဆံတဲ့အခါ ပွန်းပဲ့တာ ဖြစ်တတ်ပါတယ်၊၊ အရေပြားနဲ့ အောက်က မျက်နှာပြင်နဲ့ ပွတ်တိုက်တဲ့အတွက် လက်၊ တံတောင်၊ ဒူးနဲ့ ကျောမှာ ပွန်းရာ ပဲ့ရာလေးတွေ ဖြစ်တတ်ပါတယ်။
နည်းလမ်း
ပွန်းရာတွေ သိပ်မဆိုးဘူးဆိုရင် ရေနဲ့ ဆပ်ပြာနဲ့ ဆေးပြီး ပိုးသတ်ဆေး (Antiseptic) တစ်ခုခု လိမ်းထားလိုက်ပါ၊၊ အတွဲတွေအနေနဲ့လည်း အိပ်ရာမဟုတ်တဲ့ တခြားနေရာမှာ လိင်ဆက်ဆံမယ်ဆိုရင် အောက်ကနေ အဝတ်ထူထူ ခင်းထားဖို့ လိုပါတယ်၊၊
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင် ခါးနာတတ်သလိုပဲ အတူနေတာကလည်း ပုံမကျရင် ခါးနာတတ်ပါတယ်၊၊
နည်းလမ်း
လိင်ဆက်ဆံပြီး ခါးနာတဲ့ဝေဒနာ ခံစားရရင် ရေနွေးလေးနဲ့ ရေချိုးကြည့်ပါ၊၊ နောက်တစ်ခါ လိင်ဆက်ဆံရင်း ခါးနာတာ မဖြစ်စေဖို့ အတူမနေခင်မှာ အကြောလျှော့သလိုမျိုး လှုပ်လှုပ်ရှားရှား နေပေးပါ၊၊ ခါးမနာစေမယ့် ပုံစံနဲ့အတူနေပါ၊၊ အတူနေတာ ခံစားဖို့ကောင်းဖို့ ဆိုပေမယ့် ကျန်းမာရေးကလည်း အရေးကြီးပါတယ်၊၊
တကယ်လို့ ခါးနာတာက ရက်ကြာလာရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်၊၊
အန္တရာယ်ကင်းကင်း လိင်ဆက်ဆံနိုင်ဖို့
လိင်ဆက်ဆံတာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရတာက မဖြစ်သင့်ပါဘူး၊၊ တကယ်လို့ မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ရင် ခုပြောထားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ပါ၊၊ တချို့ပုံစံတွေက ကိုယ့်ကျန်းမာရေးကြောင့် နေဖို့ အဆင်မပြေရင် အဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ၊၊ ဒါက လိင်ဆက်ဆံရင်း မတော်တဆ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်၊၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။