ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်အင်္ဂါကြွက်နို့များ

Human papillomavirus (HPV) ကို ဘယ်လိုကာကွယ်ကုသမလဲ

HPV ဗိုင်းရပ်စ် ကူးစက်ခြင်း - အဖြစ်အများဆုံးသော လိင်ကတဆင့်ကူးစက်တဲ့ရောဂါတစ်မျိုး Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုးခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမျာ အဖြစ်များပါတယ်။ HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေအတွက် အဓိကထားလုပ်ဆောင်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေမှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်ကတော်တော်လေးကြီးလာပါတယ်။ အမျိုးသားတွေမှာ HPV ကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ အချို့အမျိုးသားတွေမှာတော့ရောဂါကူးစက်ခံထားရပေမယ့်လက္ခဏာမပြတာမျိုးရှိတတ်ပါတယ်။ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့ လိင်အင်္ဂါမှာ အဖြူရောင် အကွက်တွေဖြစ်တာ (သို့မဟုတ်) ပန်းဂေါ်ဖီလိုမျိုး ကြွက်နို့တွေ အစုလိုက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင်တော့ - စအိုကနေသွေးထွက်တာ၊နာကျင်တာ၊ပြည်တည်တာ နဲ့ အထိမခံနိုင်အောင်နာတာ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ

ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ .....  တစ်ချို့လူတွေက ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ STI (sexually transmitted infections) လို့ခေါ်တဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်နိုင်တော့ဘူး လို့ထင်တတ်ကြတယ်။ တကယ်တော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် လိင်ကူးစက်တတ်တဲ့ရောဂါတွေ (STI ) တွေ ကူးစက်နိုင်ပါသေးတယ်။ STI ရောဂါတစ်ချို့ဖြစ်တဲ့ လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါနဲ့ ဆီးပူညောင်းကျ ရောဂါ (gonorrhea) တို့ဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ ဆိုတော့ WHO အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်လိင်မှ တစ်ဆင့် ဖြစ်ပွားတဲ့ ရောဂါ အမျိုးပေါင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများ အိပ်ရာထဲမှာ လုပ်လေ့ရှိသော အမှား (၈)မျိုး

အမျိုးသမီးတော်တော်များများက လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ပျော်ရွှင်မှု မရဘူးဆိုတာဟာ သူတို့ရဲ့ ခန္ဓာကိုယ်က Sexy မကျလို့ လို့ထင်တတ်ကြပါတယ်။ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်မှာ နှစ်ဦးလုံး စိတ်ကျေနပ်မှု မရဘူးဆိုတာကလည်း သူတို့က အပြာမင်းသမီးတွေလောက် သရုပ်ဆောင်ပုံ မကောင်းလို့ ဖြစ်တာလို့ ထင်တတ်ကြပါတယ်။ ဒီ ၂ ချက်လုံးက အမှား ကြီးတွေပါပဲ။ သာယာပျော်ရွှင်ဖွယ်လိင်မှု ကိစ္စတစ်ခုမရဘူးဆိုတာ ကိုယ်က ရုပ်ရည် Sexy မကျလို့၊ သရုပ်မဆောင်တတ်လို့ ဆိုတဲ့ အချက်တွေနဲ့ တစ်ချက်မှ မဆိုင်ပါဘူး။ ဒါဖြင့်ရင် အမျိုးသမီးတွေကို ပျော်ရွှင်ဖွယ် လိင်မှုကိစ္စ မရအောင် တားဆီးထားတာတွေက ဘာတွေပါလိမ့်။ အမျိုးသမီးများ အိပ်ရာထဲမှာ လုပ်လေ့ရှိသော အမှား (၈)မျိုးဖော်ကို ဖော်ပြပေးလိုက်ပါတယ်။ အမျိုးသမီးများ အိပ်ရာထဲမှာ လုပ်လေ့ရှိသော အမှား (၈)မျိုး ၁။ အစပျိုးမှုတွေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ

Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ တွေကို ဗဟုသုတအနေနဲ့ သိရှိလေ့လာနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။ Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ Anal Sex ဟာ လိင်မတူဘဲ ကာမဆက်ဆံသူများ အသုံးပြုကြတဲ့ နည်းလမ်းဖြစ်တာကြောင့် ဘာသာရေး၊ ယဉ်ကျေးမှုတို့အရ ခွင့်မပြုတဲ့ ရှောင်ရန်အချက်အဖြစ် လူတော်တော်များများက ခံယူထားကြပါတယ်။ အမျိုးသမီးငယ်လေးများကလည်း ရောဂါကုထုံးလာရောက်ပြသတဲ့ အချိန်ကျရင် သူတို့ အဖော်ဖြစ်သူရဲ့ စအိုသို့လိင်ဆက်ဆံရန် အတင်းအကြပ်တောင်းဆိုခြင်း ခံရကြောင်း ဆိုခဲ့ကြပါတယ်။ သိပ်ပြီး အံ့ဩဖို့မကောင်းတာကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေလည်း Anal Sexလုပ်ဆောင်ရန် တောင်းဆိုခြင်း ခံကြရကြောင်း ဆိုကြပါတယ်။ ဒီလို တောင်းဆိုမှုများဟာ လိင်မတူဘဲ ကာမဆက်ဆံပြတဲ့ အပြာရုပ်ရှင်များမှာ Anal Sexအကြောင်း ရိုက်ကူးပြခဲ့ရာမှ များပြားလာတာဖြစ်ပြီး အမျိုးသားအများကတော့ Anal Sex ကနေ ပိုပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲ

လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန် ဘယ်လိုပုံစံမျိုးကို ကြိုက်နှစ်သက်သလဲဆိုတာနဲ့ အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူးလို့ ဆိုထားပါတယ်။ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခြင်းအတွက် မိမိကိုယ်ကိုအမြင်ရယ်၊ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန် ပွင့်လင်းစွာ စကားပြောဆက်သွယ်ခြင်းရယ်က အရေးပါနေပါတယ်။ အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။ ကနေဒါနိုင်ငံ Université du Québec à Montréal (UQAM) လိင်မှုဗေဒဌာနမှ ဒေါက်တာ Léa J. Séguin ဟာ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မျက်မှောက်ခေတ် အပြာရုပ်ရှင်လောကတွေမှာ […]


သားဆက်ခြားခြင်း

ဘယ်လိုအရေးပေါ်သန္ဓေတားနည်း (EC) ကို ကျွန်မ အသုံးပြုသင့်လဲ

ဘယ်လိုအရေးပေါ်သန္ဓေတားနည်း (EC) ကို ကျွန်မ အသုံးပြုသင့်လဲ။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီးမှာ သန္ဓေတားဖို့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ အရေးပေါ် သန္ဓေတားနည်း EC (Emergency contraception) ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးရှိပါတယ်။ တချို့သန္ဓေတားနည်းတွေက တချို့နည်းလမ်းတွေထက် ပိုပြီး စိတ်ချရပါတယ်။ အရေးပေါ် သန္ဓေတားနည်း (EC) ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးမှ သန္ဓေတားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ရွေးချယ်စရာ နည်းလမ်း (၂) နည်းရှိပါတယ်။ နည်းလမ်း (၁) အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ (၅ရက်) အတွင်း ParaGard IUD ကို အသုံးပြုခြင်း။ သားအိမ်အတွင်း ထည့်သွင်းရတဲ့ ပဋိသန္ဓေတားပစ္စည်း intrauterine devices (IUDs) တွေမှာဆိုရင် ၂ မျိုးထပ်ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ဟော်မုန်းပါတဲ့ IUD […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကဘာလဲ။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းဆိုတာဘာလဲ။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဆိုသည်မှာ အဖိုလိင်အင်္ဂါ၏ ထိပ်ကိုငုံထားသော အရေပြားနှင့် ထိပ်ဖျား တို့၏ ရောင်ရမ်းခြမ်း နှင့် နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း ဖြစ်ပါသည်။ လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုဖြစ်ပွားပါသည်။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း သည် နာကျင်သော်လည်း အရမ်းပြင်းထန်သော အခြေအနေတစ်ခု မဟုတ်ပါ။ အရေပြား ပေါ် တွင် ဆေးလိမ်းခြင်းဖြင့် သက်သာစေနိုင်ပါသည်။ Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုမိုဖြစ်ပွားသော အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ သင်သည် အန္တရာယ် ဖြစ် စေ သော အချက်များကို လျော့ချခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု ကိုထိန်းသိမ်းခြင်း တို့ဖြင့် လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ (၅) ချက်

လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ (၅) ချက် လူတိုင်းနီးပါး လိင်ကိစ္စနဲ့ ပတ်သတ်တဲ့ အယူအဆပေါင်းစုံကို ကြားဖူးကြမှာပါ။ အထူးသဖြင့် မြီးကောက်ပေါက် အရွယ်တွေမှာ ဒီလို အယူအဆတွေကို ပိုတောင်ကြားရလေ့ ရှိပါတယ်။ ဒီလို အယူအဆတွေဟာ လူလားမြောက်တဲ့ အချိန်အထိ အမှန်လို့ ထင်မိနေတဲ့အခါမှာတော့ လူအများစုရဲ့ လိင်မှုဆက်ဆံရေး ကိစ္စကို ထိခိုက်နိုင်ပါတယ်။   “မင်းရဲ့ ကောင်မလေးက သွေးထွက်လား ” ဒီနေရာမှာ အမျိုးသမီးတွေ ပထမဆုံး လိင်ဆက်ဆံရင်၊ ဒါမှမဟုတ် မွေးလမ်းကြောင်းထဲကို အရာတစ်ခုခု ထည့်မိရင် ကညှာမြှေးကို ပေါက်ပြဲစေပြီး သွေးထွက်တဲ့ ဖြစ်စဉ်ကို အင်္ဂလိပ်လို ဆိုရင် pop your cherry လို့ခေါ်ကြပါတယ်။ ဒီနေရာမှာ cherry ကအနီရောင်ဖြစ်တဲ့ သွေးကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ […]


သားဆက်ခြားခြင်း

အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ

အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ ကွန်ဒုံးဆိုတဲ့ အဓိပ္ပာယ်ဟာ ပြွန်ပုံစံ၊ အတားအဆီးအဖြစ် လုပ်ဆောင်ပေးတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ကွန်ဒုံးတွေကို လိင်ဆက်ဆံတဲ့ အချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ၊ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ (STD - sexually transmitted infection ) ရနိုင်ခြေ နည်းပါးအောင် လျှော့ချပေးနိုင်ရန်အတွက် အသုံးပြုကြတာပါ။ ကွန်ဒုံးမှာ အမျိုးသမီးသုံးရော၊ အမျိုးသားသုံးရော ကွန်ဒုံး ၂ မျိုးရှိပါတယ်။ အမျိုးသားသုံးကွန်ဒုံးနဲ့ အမျိုးသမီးသုံး ကွန်ဒုံးတွေဟာ ပုံစံကွဲပြားပေမဲ့ အလုပ်လုပ်တဲ့ ပုံစံကတော့ သုက်ရည်နဲ့ တခြားသော အရည်ကြည်တွေကို တားဆီးပေးတဲ့ ပုံစံအနေနဲ့ လုပ်ဆောင်ကြတာ ချည်းပါပဲ။ အမျိုးသမီး ကွန်ဒုံးတွေကိုကျတော့ အမျိုးသမီး သားအိမ်လမ်းကြောင်းပေါက်ထဲ အံ့ကျအောင်ထည့်ပြီး သန္ဓေနဲ့ လိင်မှ ကူးစက်တဲ့ ရောဂါတွေကို တားဆီးဖို့အတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ အိပ်ရာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ရာထဲမှာ အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော် ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေနဲ့ တခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက အကောင်းဆုံး ဖြစ်ပါတယ်။ ၁။ အမျိုးသမီးဖြစ်သူရဲ့ စိတ်ဆန္ဒနည်းပါးနေခြင်းဟာ သူဆွဲဆောင်မှုမရှိလို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း