ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံချိန်မှာ နာကျင်နေပါသလား

လိင်ဆက်ဆံချိန်နာကျင်နေမယ်ဆိုရင် သင်လည်း လိင်ဆက်ဆံချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ နာကျင်ခြင်းဟာ လိင်စိတ်ဆန္ဒကို နည်းပါးသွားစေပါတယ်။ ခန့်မှန်းခြေ အရတော့ အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်ဟာ မွေးလမ်းကြောင်းဆိုင်ရာ နာကျင်ခြင်းကို ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်လက်နှီးနှောတဲ့ အချိန်မှာ ပဲဖြစ်ဖြစ် ခံစားကြတယ် လို့သိရပါတယ်။ ရံဖန်ရံခါ နာကျင်တာပဲ ဖြစ်ဖြစ်၊ နာတာရှည်နာကျင်တာပဲ ဖြစ်ဖြစ် ဒီလို လိင်ဆက်ဆံချိန် နာကျင်ခြင်းဟာ ကူးစက်ရောဂါ၊ မှိုရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ ( STD) ၊ ဓါတ်မတည့်တဲ့ ဝေဒနာ၊ အာရုံကြောများ ပျက်စီးနေတဲ့ လက္ခဏာနဲ့ နာတာရှည်ရောဂါတို့ကြောင့် ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ အမျိုးသမီး အများစုကတော့ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို အရှက်တရားကြောင့်၊ စိတ်ပိုင်းဆိုင်ရာဝေဒနာကြောင့်၊ ခံစားမှုကြောင့် နာကျင်တယ် လို့ထင်တတ်ကြပါတယ်။ တကယ်တမ်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဝှေးစေ့ တစ်လုံးနဲ့ တစ်လုံးမညီတာ သဘာဝပဲလား

ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ ဝှေးစေ့နဲ့ တစ်လုံး မတူညီကြတာ လုံးဝသာမန်ပဲ ဖြစ်ပါတယ်။ လူအများစုမှာတော့ ညာဘက်ဝှေးစေ့က အနည်းငယ် ပိုကြီးနေပြီး ဘယ်ဘက်ဝှေးစေ့ကတော့ အနည်းငယ်နိမ့်ဆင်းနေတာကို တွေ့ရမှာပါ။ ဒီလို ဝှေးစေ့ တစ်လုံးနဲ့တစ်လုံး အရွယ်အစား မတူတာက တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာ တစ်ခုကို ညွှန်ပြနေတာဖြစ်ပေမဲ့ ဖြစ်ရပ်အများစုမှာတော့ သာမန်ပဲဖြစ်ပါတယ်။ တကယ်လို့ ဝှေးစေ့ တစ်လုံးက နာကျင်နေမယ်၊ ပုံစံပြောင်းနေမယ်ဆိုရင် လူနာအနေနဲ့ ဆရာဝန်ထံအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hellosayarwon ပရိတ်သတ်ကြီး အတွက် ဝှေးစေ့တစ်လုံးက နောက်တစ်လုံးထက် ကြီးနေရခြင်း အကြောင်းရင်းတွေ၊ ရောဂါတွေ၊ ကုသမှုတွေနဲ့ ကိုယ်ဝှေးစေ့က ပုံမှန်ဟုတ်ရဲ့လားဆိုတာ အိမ်မှာ မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ဝှေးစေ့တစ်လုံးနဲ့ တစ်လုံးမတူရခြင်းအကြောင်းရင်းများ ဘာ ရောဂါမှ မရှိဘဲ ဝှေးစေ့တစ်လုံးက တစ်ခြားတစ်လုံးထက်ကြီးနေတာဟာ သဘာဝပဲဖြစ်ပါတယ်။ ဒီလို […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား

ခုခံအားကျဆင်းမှုရောဂါပိုး (HIV) ကူးစက်ခံရခြင်းဟာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတဲ့ အယူအဆကနေ ဒါဟာ ထိန်းချုပ်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်တယ်ဆိုတဲ့ ရှုထောင့်သစ်ဆီကို ပြောင်းလဲလို့ လာခဲ့ပါပြီ။ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုက အံ့မခန်းဖြစ်တာမို့ HIV ပိုး ကူးစက်ခံနေရသူတွေအနေနဲ့ မိမိရဲ့ အိမ်ထောင်ဖက် သို့မဟုတ် မွေးဖွားလာမယ့် ကလေးဆီကို ရောဂါပိုးမကူးစက်ဘဲ ကလေးယူလို့ ရနိုင်မယ့် အနေအထားတစ်ရပ်ကို ဆောင်ကြဉ်းခဲ့ပြီ ဖြစ်ပါတယ်။ HIV ပိုးကို ကုသရာမှာ တိုးတက်ဖြစ်ထွန်းထွက်ပေါ်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို Mount Elizabeth Novena ဆေးရုံရဲ့ ကူးစက်ရောဂါကုဆရာဝန် Dr Leong Hoe Nam က အခုလို မျှဝေပေးခဲ့ပါတယ်။ HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား ဆိုတော့ "လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်ဆီကို လူနာတစ်ယာက် လွှဲလိုက်တယ်ခင်ဗျ။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း

မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာတွေကတော့ အောက်ပါအတိုင်းပါပဲ။ တကယ်လို့ သင်ဟာ တစ်ခါမှ လိင်ဆက်ဆံဖူးတာမဟုတ်တဲ့ အပျိုစင်ပဲ ဖြစ်စေဦးတော့… သင့်ရဲ့ ရည်းစားက သင့်ကိုလိင်အင်္ဂါ ကြွက်နို့ပိုးကူးစက်အောင် လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီရောဂါပိုးဟာ အရေပြားအချင်းချင်းထိရုံနဲ့လည်း ကူးတတ်တာဖြစ်လို့… တကယ်လို့ သူက သင့်ကို ထိုးသွင်းဆက်ဆံတာမျိုးမရှိပေမယ့်….. သူ့ရဲ့ယောကျာ်းအင်္ဂါနဲ့ သင့်ရဲ့ မိန်းမကိုယ်ကို ပွတ်တိုက်ရုံနဲ့ တင်…အဝတ်အစားလည်းမပါဘူးဆိုရင်… ရောဂါပိုးက သင့်ဆီရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် သင်အသက်နှစ်ဆယ့်ခြောက်နှစ် မပြည့်သေးဘူးဆိုရင် ကာကွယ်ဆေးထိုးပြီး လိင်အင်္ဂါကြွက်နို့ပိုးကို ထိထိရောက်ရောက် ကာကွယ်ထားသင့်ပါတယ်။ အပြင်မှာ သုက်ရည်ကိုစွန့်တာ စိတ်ချရသလား နောက်သတိထားစရာ တစ်ခုကတော့ … သင့်အဖော်က သုက်ရည်ကို အပြင်ထုတ်တဲ့နည်းကို […]


HIV နှင့် AIDS ရောဂါ

HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ အခု (၂၀)

HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ တော်တော်များများ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ HIV ဗိုင်းရပ်စ် အကြောင်း ခြုံငုံသုံးသပ်ချက် HIV ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲမှာရှိရင် ကိုယ်ခံအားစနစ် လျော့နည်းလာပါတယ်။ ဒါကြောင့် အဲ့ဒီအချိန် ခန္ဓာကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓ,ကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကျန်းမာတဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပုံမှန်သောက်သုံးမယ်၊ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်လက်နေထိုင်မှုရှိမယ်ဆိုရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါတယ်။ HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ အခု (၂၀) Opportunistic infections (OIs) […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ

လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ က ဘာတွေများ ဖြစ်မလဲ ..... သိချင်နေပြီလား ! ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အမျိုးသားတစ်ယောက်အနေနဲ့ လိင်စိတ်ဆန္ဒ ကို ဘယ်လိုများပြားအောင်နေထိုင်ရမလဲဆိုတာသိဖို့ အရေးကြီးသလို တခြားဖက်ကလည်း လိင်စိတ်ကို နည်းပါးစေတဲ့ အကြောင်းရင်းများကို သိဖို့လိုပါတယ်။ တချို့သော အကြောင်းအရာတွေက ကျန်းမာရေးနဲ့ ဆက်နွယ်နေနိုင်ပေမဲ့ တချို့သော အကြောင်းအရာတွေက ကျန်းမာရေးနဲ့ မဆိုင်ဘဲ လူနေမှု ဘဝပုံစံတွေကြောင့် လိင်စိတ်နည်းပါးနေကြတာ ဖြစ်ပါတယ်။ လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ သင့်အနေနဲ့ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးမှာ လိင်တံထောင်မတ်မှု ချို့ယွင်းခြင်း (erectile dysfunction (ED) ) နဲ့ လိင်စိတ်ဝင်စားမှု နည်းပါးတာမျိုး ဖြစ်ပွားနေပါက အောက်ပါအကြောင်းရင်းတွေ ခံစားနေရလို့ ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကို ပိုကောင်းအောင်လုပ်ဆောင်ခြင်းဖြင့် သင့်အနေနဲ့ ပိုကောင်းတဲ့ လိင်မှု […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီး လိင်ဆက်ဆံနေတုန်း ဘာကြောင့် ဆီးထွက်ရတာလဲ

အမျိုးသမီး လိင်ဆက်ဆံနေတုန်း ဘာကြောင့် ဆီးထွက်ရတာလဲ လိင်ဆက်ဆံနေတုန်း မှာ အမျိုးသားလိင်တံ၊ လက်ချောင်းနဲ့ တခြားအရာ တစ်ခုခုက အမျိုးသမီး ဆီးအိမ်အပေါ် ဖိထားမိတဲ့အတွက် အမျိုးသမီးတွေ လိင်ဆက်ဆံချိန်မှာ ဆီးထွက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးခန္ဓာကိုယ်ရဲ့ ဆီးအိမ်ဟာ အမျိုးသမီးမွေးလမ်းကြောင်းနဲ့ မိန်းမအင်္ဂါအစေ့တို့နားမှာ နီးကပ်စွာ တည်ရှိနေလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံချိန်မှာ အမျိုးသမီးဆီးအိမ်ကို သွားထိမိတယ်ဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ရပ်ပါပဲ။ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်သွားတဲ့အချိန် ထွက်လာတဲ့အရည်တွေဟာ ဆီးရည်တွေလား ဒါမှမဟုတ် တခြား အရည်တွေလားဆိုတာကို ယနေ့အချိန်ထိ ငြင်းခုံနေကြဆဲပါ။ လိင်ဆက်ဆံချိန် ပန်းထုတ်ခြင်းဆိုတာ အမျိုးသမီးတိုင်းမှာ မဖြစ်ပေမယ့် တချို့သော အမျိုးသမီးတွေကတော့ လိင်ခံစားမှု အထွတ်အထိပ်ရောက်တဲ့အချိန် ဆီးလမ်းကြောင်းမှ အရည်တချို့ထွက်လာတယ်လို့ ဆိုကြပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်ကတော့ လိင်ခံစားမှုအထွတ်အထိပ်ရောက်တဲ့ အချိန် ထွက်လာတဲ့ အရည်တွေဟာ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

အမျိုးသားတို့ရဲ့ ဖေဖေဖြစ်ဖို့ အခွင့်အရေး

အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းများ ဘဝမှာ တစ်ချို့သော အရာတွေက အရမ်းများနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းသလို အရမ်းနည်းနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းပါဘူး။ ဒီအရာထဲက တစ်ခုကတော့ အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းပါ။ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးမလိုချင်တော့လို့ သန္ဓေတားနည်းတွေကို အမြဲတမ်း သုံးနေရတဲ့ အမျိုးသားတွေက ဒီဒုက္ခကိုသိမှာ ဖြစ်သလို မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ လက်မှိုင်ချနေရတဲ့ သူတွေကလည်း ဒီအရာရဲ့ အရေးကြီးပုံကို ကောင်းကောင်းသိကြမှာပါ။ ဒါ့အပြင် ဒီနေ့ခေတ်ကြီးဟာ အရင်ခေတ်ကလို ကလေး ၇ ယောက် ၈ ယောက် ယူကြတော့တဲ့ ခေတ်မဟုတ်တာကြောင့် သန္ဓေအောင်နိုင်စွမ်း ကလည်းများလေ၊ ကောင်းလေ လို့ ယူဆလို့မရတော့ပါဘူး။ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ ကလေးမရနိုင်သူတွေအတွက်ကျတော့လည်း ဒီအရာကအရမ်းအရေးကြီးပါတယ်။ ဒါဖြင့်ရင် လူလောက မျိုးပွားဖို့အတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေ လိင်မှုကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ

အမျိုးသားတွေ လိင်မှုကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ။ အမျိုးသားတွေရဲ့ လိင်မှုကိစ္စအပေါ်အမြင်ဟာ တစ်ယောက်နဲ့တစ်ယောက်မတူပေမဲ့ အဓိက ခံစားချက်တွေကတော့ တူညီနေပါတယ်။ အမျိုးသားတွေမှာ လိင်ကိစ္စဟာ ခန္ဓာကိုယ်က စတင်တာပါ။ မိန်းကလေးတွေအတွက် လိင်မှုကိစ္စဆိုတာ သူတို့ရဲ့ ဦးနှောက်၊ မှတ်ဉာဏ်နဲ့ ရင်းနှီးမှုရဲ့စိတ်ခံစားချက်တွေကြောင့် ဖြစ်ပေါ်ပေမဲ့ လိင်မှုကိစ္စဆိုတာ အမျိုးသားအတွက် ခန္ဓာကိုယ်က အစပြုတာပါ။ အမျိုးသားတွေအတွက်ကတော့ လိင်စိတ်ခံစားချက်ဆိုတာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ပဲဆိုင်တာပါ။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်တစ်လျှောက်မှာ စီးဖြာနေတဲ့ များပြားသော တက်စတိုစတီရုန်း ဟော်မုန်း (Testosterone) တွေဟာ အမျိုးသားတွေရဲ့ လိင်မှုကိစ္စဆန္ဒတွေကိုမောင်းနှင်ပေးနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီတက်စတိုစတီရုန်း ဟော်မုန်း (Testosterone) ကိုအမျိုးသားတွေ ကျန်းမာကြံ့ခိုင်စေရန်အတွက်လည်း ထိုးသွင်းလေ့ရှိကြပါတယ်။ ကလေးအရွယ်တုန်းက လိင်အင်္ဂါကိုနှိုးဆွပေးရင် လိင်အင်္ဂါတွေဟာ ထောင်မတ်လာခြင်းဖြင့် တုံ့ပြန်ကြပါတယ်။ အရွယ်ရောက်လာတဲ့အချိန်ကျတော့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ အဖော်ဖြစ်သူ အမျိုးသမီးရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို မြင်လိုက်တာနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း