ဘယ်လိုအရေးပေါ်သန္ဓေတားနည်း (EC) ကို ကျွန်မ အသုံးပြုသင့်လဲ။
အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီးမှာ သန္ဓေတားဖို့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ အရေးပေါ် သန္ဓေတားနည်း EC (Emergency contraception) ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးရှိပါတယ်။ တချို့သန္ဓေတားနည်းတွေက တချို့နည်းလမ်းတွေထက် ပိုပြီး စိတ်ချရပါတယ်။