backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Human papillomavirus (HPV) ကို ဘယ်လိုကာကွယ်ကုသမလဲ


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Human papillomavirus (HPV) ကို ဘယ်လိုကာကွယ်ကုသမလဲ

HPV ဗိုင်းရပ်စ် ကူးစက်ခြင်း – အဖြစ်အများဆုံးသော လိင်ကတဆင့်ကူးစက်တဲ့ရောဂါတစ်မျိုး

Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုးခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမျာ အဖြစ်များပါတယ်။ HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေအတွက် အဓိကထားလုပ်ဆောင်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေမှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်ကတော်တော်လေးကြီးလာပါတယ်။

အမျိုးသားတွေမှာ HPV ကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ

အချို့အမျိုးသားတွေမှာတော့ရောဂါကူးစက်ခံထားရပေမယ့်လက္ခဏာမပြတာမျိုးရှိတတ်ပါတယ်။ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့ လိင်အင်္ဂါမှာ အဖြူရောင် အကွက်တွေဖြစ်တာ (သို့မဟုတ်) ပန်းဂေါ်ဖီလိုမျိုး ကြွက်နို့တွေ အစုလိုက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင်တော့ –

HPV ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဘယ်လိုသိနိုင်မလဲ

လက်ရှိအချိန်ထိ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုပေးနိုင်တဲ့ စစ်ဆေးမှုမရှိသေးပါဘူး။ လက်ရှိမှာ HPV စစ်ဆေးမှုနဲ့ပတ်သက်ပြီး အတည်ပြုချက်ရထားတဲ့ စစ်ဆေးမှုက အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ခံစားနေရလားဆိုတာကို စစ်ဆေးပေးတဲ့ စမ်းသပ်မှုပဲဖြစ်ပါတယ်။ ဒီစမ်းသပ်မှုက အမျိုးသားတွေမှာခံစားရတဲ့ HPVဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေနဲ့ လိင် အင်္ဂါတဝိုက်မှာဖြစ်တဲ့ ကြွက်နို့တွေကိုစမ်းသပ်စစ်ဆေးမှုအတွက်တော့ အသုံးမတည့်လှပါဘူး။ တကယ်လို့ လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့တွေထွက်လာရင်ဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင်ဖြစ်ဖြစ် ဆရာဝန်နဲ့မြန်မြန်ပြသပေးဖို့လိုပါမယ်။

HPV ဗိုင်းရပ်စ်ကူးစက်ခံရမှုအတွက် ကုထုံး

လိင်အင်္ဂါတဝိုက်မှာပေါက်တဲ့ကြွက်နို့တွေကို ကိုယ်ခံအားကိုမြင့်တက်စေပြီး ကြွက်နို့တွေကို အမြစ်ဖြတ်ပေးနိုင်တဲ့ လိမ်းဆေးတွေကို အသုံးပြုပေးလို့ရပါတယ်။ တကယ်လို့ကြွက်နို့ကဆေးလူးနေပေမယ့် မသက်သာဘူးဆိုရင် ဒါမှမဟုတ် ကြွက်နို့က အရမ်းကြီးနေမယ်ဆိုရင်တော့ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်မှာဖြစ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေကို ကုသမယ်ဆိုရင် အချိန်ယူ စိတ်ရှည်ဖို့လိုအပ်မှာပါ။

တကယ်လို့များ HPV ဗိုင်းရပ်စ်ကူးစက်မှုက ကင်ဆာအဖြစ်ပြောင်းလာမယ်ဆိုရင်တော့ ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုကိုခံယူပါ၊ လို့ အကြံပြုချင်ပါတယ်။ HPV ဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် ကင်ဆာဖြစ်တယ်ဆိုတာကိုစောစီးစွာသိရှိမယ်ဆိုရင် ပိုပြီးကုသရလွယ်ကူပါတယ်။

HPV ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်သလား

လိင်အင်္ဂါတဝိုက်မှာဖြစ်တဲ့ ကြွက်နို့တွေနဲ့အခြားသောကင်ဆာတွေကိုဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV vaccine) ထိုးတာပါ။ မိန်းကလေးတွေလိုပဲယောကျာ်းလေးတွေအနေနဲ့လည်း အသက် ၁၁ နှစ် ဒါမှမဟုတ် ၁၂ နှစ်အရွယ်မှာ ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။ အပျိုဖော်၊ လူပျိုဖော်မဝင်ခင်အရွယ်မှာ HPV vaccine ထိုးတာက အထိရောက်ဆုံးပါ။ယောက်ျားလေးတွေအနေနဲ့ အစောဆုံး အသက် ၉ နှစ်ကတည်းက ကာကွယ်ဆေးထိုးဖို့လိုပါမယ်။ ကာကွယ်ဆေးက ၂ ကြိမ်ထိုးရမှာဖြစ်ပြီး အသက် ၁၃ နှစ်မတိုင်ခင်မှာ နှစ်ကြိမ်စလုံးပြီးအောင်ထိုးထားသင့်ပါတယ်။ရောဂါပိုးကူးစက်မခံရခင်မှာ ကာကွယ်ဆေးထိုးသင့်ပါတယ်။ပြောချင်တဲ့သဘောကတော့ လူပျိုဖော်မဝင်ခင် အပျိုဖော်မဝင်ခင်မှာ ထိုးစေချင်တာပါ။ ဒီလိုမျိုးထိုးပေးမှ ကာကွယ်ဆေးက ပိုပြီးထိရောက်တာပါ။ ဒီကာကွယ်ဆေးတွေက အချိန်တော်တော်ကြာတဲ့အထိ အကာအကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးချိန်မှာ ကာကွယ်ဆေးထိုးရင် မထိရောက်ဘူးရယ်လို့တော့မဟုတ်ပါဘူး။ အသက် ၂၆ နှစ်မပြည့်ခင်မှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရင်လည်း အရမ်းနောက်မကျသေးပါဘူး။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ထိရောက်မှုရှိသလို အချိန်တော်တော်ကြာတဲ့အထိ အကာအကွယ်ပေးနိုင်တဲ့အပြင်ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement