၄။ ငါလုပ်တာ မှန်မှ မှန်ပါ့မလားလို့ စိုးရိမ်နေတာမျိုး။
ကိုယ့်အလို ဆန္ဒနဲ့ တစ်ယောက်ယောက်ကို ထိတွေ့ပေးတဲ့အခါမှာ သူ့ကို ခံစားချက် ကောင်းမွန်စေပါတယ်။ လိင်မှုကိစ္စအကြံပေး တိုင်ပင်ဆွေးနွေးခြင်းတွေမှာလည်း အမျိုးသမီးတွေက ကုသပေးတဲ့ ဆရာဝန်တွေကို Oral Sex ဘယ်လိုပေးရမလဲ၊ လိင်စိတ်တက်ကြွလာအောင် ဘယ်လိုလှုံ့ဆော်ပေးရမလဲဆိုတဲ့ မေးခွန်းတွေကို မေးလေ့ရှိကြပါတယ်။ ဒီလိုမျိုးမေးခွန်းတွေကို မေးကတည်းက အမျိုးသမီးအများစုဟာ အဖော်ဖြစ်သူရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရတာ သက်သောင့်သက်သာ မရှိဘူးဆိုတာကို ပြနေတာပါပဲ။
စိတ်အားထက်သန်မှုရှိခြင်းဟာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံမရှိခြင်းကို ချေဖျက်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ကိုယ်လုပ်တာမှန်မှ မှန်ပါ့မလားဆိုတာကို စိုးရိမ်နေမိတယ်ဆိုလည်း ကိုယ့်ရဲ့ အဖော်ဖြစ်သူကို သူဘာတွေ နှစ်သက်လဲဆိုတာ အရင်မေးပြီး လေ့ကျင့်ယူနိုင်ပါတယ်။
၅။ အသက်မပါသလို ထိတွေ့နေတာမျိုး။
အမျိုးသားအများစုဟာ အမျိုးသမီးတွေရဲ့ အားပါတဲ့ ထိတွေ့မှုတွေကို သဘောကျကြပါတယ်။ ဒီလို အသက်မပါသလို ထိတွေ့ခြင်းအမှားတွေဟာ အမျိုးသားရော၊ အမျိုးသမီးရောလုပ်လေ့ရှိတတ်ကြတဲ့ အမှားလည်း ဖြစ်ပါတယ်။ လိင်မှုဆိုင်ရာကုသမှုတွေမှာ အမျိုးသားတွေက သူတို့ရဲ့ လိင်အင်္ဂါကို သင့်တင်မျှတတဲ့ ဖိအားတစ်ခုနဲ့ ထိတွေ့ကြတာကို ကြိုက်ကြကြောင်း ဖွင့်ဟတတ်ကြပါတယ်။
ဒါကို အမှန်ပြင်ဖို့ နည်းလမ်းကတော့ အမျိုးသားဖြစ်သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သင့်တင့်တဲ့ ဖိအားတစ်ခုနဲ့ ထိတွေ့ပေးပါ။ လိင်ဆက်ဆံချိန်မှာလည်း အဖော်ဖြစ်သူကို လက်နဲ့ အားပါပါ ဖက်ထားတာမျိုး၊ လိင်ဆက်ဆံချိန်မှာ အနမ်းပေးတာမျိုးပြုလုပ်နိုင်ပါတယ်။
၆။ ဟန်ဆောင်နေတာမျိုး။
ဟန်ဆောင်တဲ့အခါမျိုးမှာလည်း သာယာတဲ့လိင်မှုကိစ္စတစ်ရပ်ကို မရနိုင်ပါဘူး။ လိင်မှုကိစ္စဆိုတာ ပျော်ရွှင်ဖို့ ကောင်းရမယ့်အရာဖြစ်ပြီး ခံစားမှု အထွတ်အထိပ်ရောက်ရမယ့် နေရာတစ်ခုပါ။ တကယ်လို့ သင့်ရဲ့အမျိုးသားက သင့်ကို ခံစားမှုကောင်းကောင်း မပေးစွမ်းနိုင်ဘူးဆိုရင် ပွင့်လင်းစွာပြောပြီး အမှန်ပြင်နိုင်ပါတယ်။
လိင်မှုကိစ္စလုပ်ဆောင်တယ်ဆိုကတည်းက နှစ်ယောက်သား ရင်းနှီးလွန်းတဲ့အတွက်လုပ်ဆောင်နေတာဖြစ်ပြီး ဒီအချိန်ကိုယ့်အတွက် အဆင်မပြေတာတွေရှိရင်၊ သင့်ကို ခံစားမှုကောင်းအောင် မဆောင်ရွက်ပေးနိုင်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ သင်အချိန်ဖြုန်းနေတာ သက်သက်ပါပဲ။
၇။ ယောက်ျားလေးတွေဟာ လိင်မှုကိစ္စအတွက်ပဲ ခေါင်းထဲစဉ်းစားနေတယ်လို့ ထင်တတ်ကြတာမျိုး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။