ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက်

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရခြင်းက ဆန္ဒမပါဘဲလိင်ဆက်ဆံဖို့ဖိအားပေးခြင်းခံရတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်။ စော်ကားခံရသူရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်သွားနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရမယ်ဆိုရင် သင်သိထားရမှာက သင်မမှားပါဘူး။ စော်ကားခံရပြီး နောက်ပိုင်းမှာ သတ်သေလိုတဲ့အတွေးတွေ၊ လောကကြီးကိုမုန်းတီးတဲ့စိတ်တွေ၊လက်စားချေလိုတဲ့စိတ်တွေတောင် ပေါ်လာနိုင်ပါတယ်။ သင်အမျိုးမျိုးခံစားရနိုင်ပါတယ်။ စော်ကားခံရပြီး နောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ သင့်တုန့်ပြန်မှုတွေကိုနားလည်ထားခြင်းက သင့်ကိုသင်ကိုယ်တိုင်ကုစားနိုင်ပြီး ဒီအဖြစ်အပျက်ကနေ သက်သာရာရစေပါလိမ့်မယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် အခုလိုတွေ ခံစားရနိုင်ပါတယ်။ ငြင်းကွယ်ခြင်း မိမိကိုယ်ကို အပြစ်တင်ခြင်း ယုံကြည်မှု ဆုံးရှုံးသွားခြင်း စိတ်ခံစားချက်တွေ ပြောင်းလဲခြင်း ငြင်းကွယ်ခြင်း အရှက်သိက္ခာကျခြင်းအတွက် အရှက်ရခြင်းနဲ့ကြောက်လန့်မှုတွေကြောင့် တိုင်တန်းတာမျိုးတွေနည်းပါတယ်။ သင့်ကိုယ်သင်ဒါမှမဟုတ် အခြားသူတွေကိုသင်ဖြစ်ပျက်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး ငြင်းကွယ်ချင်နေပါလိမ့်မယ်။ သင့်ဘဝအရင်အတိုင်းတည်ငြိမ်အောင်ကြိုးစားဖို့ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားဖို့ကြိုးစားပါလိမ့်မယ်။ သင်အစော်ကားမခံခဲ့ရဘူးဆိုပြီးငြင်းကွယ်ခြင်းက သင့်ဘဝကိုဆက်လက်ရှင်သန်နေနိုင်ပြီး ဘာမှပြောင်းလဲခြင်းမရှိဘူးလို့ သင်တွေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။ မိမိကိုယ်ကိုအပြစ်တင်ခြင်း အဖြစ်အများဆုံးစိတ်ခံစားချက်တစ်ခုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံပြီး နောက်မှာ သင်တွန်းအားပေးခံရခြင်းနဲ့ပတ်သက်ပြီး သိမ်ငယ်တဲ့အတွေးတွေ၊ အရှက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စော်ကားခံရနိုင်ဖို့ ဦးတည်စေတဲ့ဆုံးဖြတ်ချက်တွေချခဲ့ခြင်းအတွက် သင့်ကိုယ်သင်အပြစ်တင်နိုင်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများတွင် ဘာကြောင့် မိန်းမကိုယ်ချောဆီများ သုံးရန် လိုအပ်ပါသလဲ

သင်သည် လိင်မှုဆိုင်ရာ စိတ်ပျော်ရွှင်များနှင့် ကာလအတော်ကြာ ကင်းကွာနေခဲ့သူဖြစ်ပါလျှင် ယခုချိန်တွင် လိင်စိတ်များ မနိုးကြွလာခြင်းကဲ့သို့သော ပြသနာများ ခံစားနေရနိုင်ပါသည်။ ယင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေဖြစ်ပြီး စိတ်ဓါတ်ကျဆင်းခြင်း၊ ပင်ပန်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်းနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာများနှင့် အထူးသဖြင့် အမျုးသမီးများတွင် ချောဆီထဲ့ရန် လိုအပ်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အောက်ပါဆောင်းပါးသည် အမျိုးသမီးများသည် လိင်ဆက်ဆံစဉ် ချောဆီအသုံးပြုရန် အရေးကြီးကြောင်းနှင့် အသာယာဆုံးသော အချိန်များကို ပိုင်ဆိုင်နိုင်ကြောင်းဖော်ပြထားပါသည်။   အမျိုးသမီးများသည် ဘာကြောင့် လိင်ဆက်ဆံစဉ် ချောဆီအသုံးပြုရန် လိုပါသလဲ။ လိင်မှုကိစ္စများ စတင်ချိန်တွင် အမျိုးသမီးများ၏ လိင်စိတ်နှင့် အီထရိုဂျင်ဟော်မုန်းများ မြင့်တက်မှုကြောင့် မိန်းမကိုယ်မှ အနံ့မဲ့သော အရည်ကြည်တမျိုး ထွက်လာပါသည်။ ထိုချောဆီသည် အမျိုးသမီးများ လိင်ဆက်ဆံစဉ်တွင် နာကျင်မှုများမဖြစ်စေရန်နှင့် အမျိုးသားလိင်အင်္ဂါနှင့် ထိတွေ့စဉ်တွင် အနာတရမဖြစ်စေရန် ကြားခံတစ်ခုအနေနှင့် ဆောင်ရွက်ပေးသည့်အတွက် အလွန် အရေးကြီးပါသည်။ သို့သော် အမျိုးသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ

ယောဂလို့ပြောလိုက်တာနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာ နဲ့ ခန္ဓါကိုယ်ကို သွယ်လျလှပစေတဲ့ အချက်တွေကိုပဲ သူ့ရဲ့ ကောင်းကျိုးတွေအဖြစ် ချက်ချင်းပြေးမြင်လေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ယောဂကျင့်ခြင်းဟာ ခန္ဓါကိုယ်ကျစ်လစ်လှပစေတာအပြင် အခြားသော အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုနဲ့ ခန္ဓါကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျှော့ချပေးခြင်းအားဖြင့် ကိုယ်ဝန်ရှိဖို့အခွင့်အလမ်းကို ပိုများလာစေတယ်ဆိုတာ အတော်များများ မသိကြပါဘူး။ ယောဂဟာ ကိုယ်ဝန်ဆောင်ကာလအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတွေထဲက တခုလို့ယူဆထားကြပါတယ်။ ကဲ .... မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ အကြောင်း လေ့လာလိုပ်ရအောင်နော်။ ဒါကြောင့် မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးနိုင်တဲ့ ယောဂလေ့ကျင့်ခန်းပုံစံအချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။ မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ ကတော့ Staff pose ပထမဆုံး စမ်းကြည့်သင့်တဲ့ ပုံစံကတော့ လွယ်ကူရိုးရှင်းတဲ့ […]


သားဆက်ခြားခြင်း

ဆယ်ကျော်သက်များအတွက် အကောင်းဆုံး သားဆက်ခြားနည်း

သင့် ဆယ်ကျော်သက်ကလေး နဲ့ အတူထိုင်ပြီး စိတ်ချရသော ဆက်ဆံရေးနှင့် သားဆက်ခြားနည်းလမ်းများအကြောင်းကို ဆွေးနွေးဖို့ ဝန်မလေးပါနဲ့။ အရေးပေါ်တားဆေးနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ်ဖို့ ကွန်ဒုံးအသုံးပြုမှုကိုလည်း ပြောပြဖို့ မမေ့ပါနဲ့။ ထိုဆွေးနွေးမှုသည် လွယ်ကူမည်မဟုတ်မှာ အသေအချာပါပဲ။ သို့သော် ထိုကိစ္စသည် သူတို့ ဘ၀ အတွက် အလွန်အရေးကြီးပါသည်။ လိင်ဆက်ဆံမှုကို ရှောင်ခြင်း ။ ။မအောင်မြင်သောနှုန်း - သုည ရာခိုင်နှုန်း ဤနည်းသည် ကိုယ်ဝန် နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (ဥပမာ ။ ။ Human papilloma ဗိုင်းရပ်စ်)ကို ရှောင်ရှားဖု့ိ အသေချာဆုံး နည်းလမ်းဖြစ်သည်။ Human papilloma ဗိုင်းရပ်စ် ပုံစံအချို့သည် သားအိမ်ခေါင်းကင်ဆာနှင့် ဆက်နွယ်နေသည်။ ကိုယ်ဝန်တားဆေး သောက်ဆေး ။ ။မအောင်မြင်သောနှုန်း- ၉ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဆယ်ကျော်သက်ကိုယ်ဝန်ရစေသော အကြောင်းရင်းများ

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းသည် လက်ရှိတစ်ကမ္ဘာလုံးဆိုင်ရာ အရှုပ်ထွေးဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး မိခင်ရော ကလေးကိုပါ ကြီးမားသော နောက်ဆက်တွဲ ပြဿနာများ သယ်ဆောင်လာပါသည်။ အချို့နိုင်ငံများတွင် အသက် ၁၂ နှစ် မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များသည် သဘောတူကြည်ဖြူလျှင် လိင်ဆက်ဆံခြင်းကို ဥပဒေအရ ခွင့်ပြုထားသော်လည်း မည်သည့်အစိုးရမှ သူတို့ကို ထိုအသက်အရွယ်အတွင်း ကိုယ်ဝန်ဆောင်ဖို့ မထောက်ခံပါ။ သင်၏ တန်ဖိုးရှိလှသော သမီးရတနာကို ထိုသို့ နောင်တရဖွယ် အခြေအနေမှ ကာကွယ်လိုလျှင် သူတို့၏စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးသည့် အကြောင်းရင်းများကို အရင်လေ့လာသင့်သည်။ သို့မှသာ သူတို့ကို ကာကွယ်ပေးဖို့ အသင့်တော်ဆုံးသော အစီအစဉ်ကို ဆွဲနိုင်မည် ဖြစ်သည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ လမ်းညွှန်သင်ကြားပေးမှုမရှိခြင်း ယဉ်ကျေးမှုအများစုတွင် လိင်ဆက်ဆံခြင်းကို မပြောအပ်၊ မဆိုအပ်သောအရာ […]


သားဆက်ခြားခြင်း

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ

သင်သည် အမျိုးသမီးဆိုပါက အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်ဝန်တားသည့် နည်းလမ်းများကို သိရှိထားသင့်ပါသည်။ ကိုယ်ဝန်တားနည်းများသည် မှန်းခြေအားဖြင့် ၁၅ နည်းခန့်ရှိသည့်အနက် မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း နည်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း ဆိုတာ မိန်းမကိုယ်ထဲသို့ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများပါဝင်သော ပလတ်စတစ်ကွင်းအကြည်ရောင်လေးကို ထည့်ထားခြင်းဖြင့် မျိုးဥကြွေခြင်းကို တားပေးခြင်းဖြစ်ပါသည်။ ထို့ပြင် သားအိမ်နံရံများ ပါးလာစေခြင်း၊ မိန်းမကိုယ်ချွဲမြှေးများ ထူပျစ်လာခြင်း အချက်များကြောင့် သုက်ကောင်သည် မျိုးဥနှင့် ထိတွေ့မှု နှောင့်နှေးစေခြင်းတို့ဖြစ်ပြီး ကိုယ်ဝန်ကို တားပေးခြင်းဖြစ်ပါသည်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ၃ပတ်ကြာအထိ ဟော်မုန်းများအလုပ်လုပ်မည်ဖြစ်ပါသည်။ ထိုကွင်းကို မိန်းမကိုယ်ထဲသို့ ၃ ပတ်ကြာအောင် ထည့်ထားရမည်ဖြစ်ပါသည်။ ထိုအခါ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဆယ်ကျော်သက်များ၏ လိင်မှုကိစ္စများကို မရပ်တန့်စေနိုင်ပါ

ဆယ်ကျော်သက်အရွယ်များတွင် လိင်ဆက်ဆံခြင်းသည် ထိန်းချုပ်ရခက်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ယင်းတို့မှာ လိင်မှတဆင့် ကူးစက်သောရောဂါများဖြစ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုကိမှုများဖြစ်လာခြင်းတို့ဖြစ်စေနိုင်ပါသည်။ ထို့ပြင် ဆယ်ကျော်သက်များသည် ကိုယ်ဝန်မရအောင်ကာကွယ်နည်းများကို မသိရှိပါက ကိုယ်ဝန်ရလာမည်ဖြစ်သည်။ ထို့ကြောင့် အချို့သော နိုင်ငံများတွင် အရွယ်ရောက်သော မိန်းမပျိုများသည် အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းများ ပြုလုပ်လေ့ရှိကြသည်။ သို့သော် ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ထိရောက်မှုရှိပါသလား။ အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းဆိုတာဘာလဲ။ ဆယ်ကျော်သက် မှသည် အရွယ်ရောက်ပြီးသော သူများအနေဖြင့် အိမ်ထောင်ပြုချိန်မှသာလျှင် လိင်ဆက်ဆံခြင်းကို ပြုလုပ်ပါမည်ဟု ကတိပြုခြင်းဖြစ်ပါသည်။ ယင်းဓလေ့သည် အချို့သော မိန်းကလေးအုပ်စုများကြားနှင့် အချို့သော မျိုးနွယ်စုများကြားတွင် ရေပန်းစားသော အလေ့အထဖြစ်ပါသည်။ အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဘာကြောင့် ထင်ထားသလောက် ထိရောက်မှုမရှိရတာလဲ။ အမေရိကန်ပြည်ရှိလေ့လာသူများ၏ ပြောကြားချက်အရ အဆိုပါ ကတိကဝတ်များသည် ၁၈ လခန့်သာ […]


သားဆက်ခြားခြင်း

အမျိုးသမီးများတွင် သားကြောဖြတ်ခြင်းနှင့် အမျိုးသားများတွင် သားကြောဖြတ်ခြင်း

သားကြောဖြတ်ခြင်းဆိုတာ ဘာလဲ။ သားကြောဖြတ်ခြင်းသည် အချိန်ကြာမြင့်စွာ ထိရောက်သည့် ကိုယ်ဝန်တားနည်းဖြစ်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကို နည်းစေသော နည်းလည်းဖြစ်ပါသည်။ သို့သော် သားကြောဖြတ်ပြီးလျှင် ကလေးပြန်ရအောင် ပြန်လည်ပြုလုပ်ရန် အလွန်ပင် ခက်ခဲသောကြောင့် မပြုလုပ်မီက သေချာအောင် ဆုံးဖြတ်ချက်ချသင့်ပါသည်။ သားကြောဖြတ်ခြင်းကို အမျိုးသမီးများနှင့် အမျိုးသားများတွင် အသက်အရွယ်အရွေးပြုလုပ်နိုင်ပါသည်။ သို့သော် မတူညီသောရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပြုလုပ်သည့်နည်းများလည်း တူညီမှုမရှိနိုင်ပါ။ အမျိုးသားများတွင် သားကြောဖြတ်ခြင်း · သုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း အမျိုးသာများတွင် သုတ်ကောင်များသည် လိင်တံနှင့် ကပ်ပယ်အိတ်ကို ဆက်ထားသော သုတ်လွှတ်ပြွန်မှတဆင့် အပြင်သို့ထွက်ခြင်းဖြစ်သည်။ အဆိုပါသုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ချည်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် သုတ်လွှတ်ချိန်တွင် သုတ်ကောင်များ ပါမလာတော့ပါ။ သို့သော် သုတ်ရည်ပမာဏ နည်းသွားခြင်းမျိုးမဟုတ်ဘဲ သုတ်ရည်တွင် သုတ်ကောင်များ ပါမလာတော့ခြင်းမျိုးသာဖြစ်ပါသည်။ အမျိုးသမီးများတွင် သားကြောဖြတ်ခြင်း အမျိုးသမီးများတွင် သားဥပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း၊ မီးတို့ခြင်းဖြင့် မျိုးဥအိမ်မှထွက်သော ဥများကို သားအိမ်င်္ဆီသို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် သိထားသင့်သည့် အချက်များ

လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဆိုသည်မှာ လူတယောက်ကို ထိုသူ၏ ခွင်ပြုချက် သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အပြုအမူများကို ကျူးလွန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းတို့တွက် မုဒိန်းကျင့်ခြင်း၊ မုဒိန်းမှုကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်များကို ဗလက္ကာရပြုခြင်း နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများပြုလုပ်ခြင်း တို့ ပါဝင်ပါသည်။ လူတယောက်အနေနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် မဖြစ်နိုင်ဟုသင်ထင်နေပါလိမ့်မည်။ သို့သော် သင့်ကိုသင် လျှော့မတွက်ထားပါနှင့်။ သင်သည် မည်သူပင်ဖြစ်စေ၊ မည်သည့်နေရာမှ လာသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန် ဖြစ်နိုင်ပါသည်။ အဖြစ်အပျက်များကို ရှာဖွေစုံစမ်းပါ။ သင့်ကိုယ်သင်နှင့် သင်ချစ်ရသောသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန်အတွက် ပထမဦးဆုံးလုပ်ရမည်မှာ သင့်ကိုယ်သင် အသိပညာဗဟုသုတများ ကြွယ်ဝအောင် လေ့လာရန်ဖြစ်ပါသည်။ သင်သည် အပြင်လောကတွင် နာရီနှင့် အမျှဖြစ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ဆိုင်သော အကြောင်းအရာများကို ဖတ်ရှုသင့်သည်။ ထိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ပြုလုပ်သူများသည် သူစိမ်းများသာ ဖြစ်သည်ဟု သင်မထင်မှတ်လိုက်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ

ကိုယ်ဝန်ရဖို့ ခက်နေမယ်ဆိုရင် ပထမဆုံးစိတ်ထဲမှာ ပေါ်လာတာကတော့ မျိုးအောင်ခြင်းဆိုင်ရာဆေးခန်းတွေကို သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုသမှုမယူခင်မှာ စားသောက်မှုပုံစံပြောင်းလဲခြင်းကဲ့သို့သော လူနေမှုဘဝပုံစံပြောင်းလဲခြင်းများ ပြုလုပ်ကြည့်ဖို့ အကြံပြုပါတယ်။ အံသြစရာကောင်းတာက စားသောက်ခြင်းပုံစံက သုက်ပိုးကျန်းမာရေးအပေါ်မှာ ကြီးမားစွာ သက်ရောက်မှုရှိနေတာပါ။ ကဲ .... ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ လေးတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်ပေးသင့်တာလေးတွေက ၁။ ကြက်ဥ ကြက်ဥက သုက်ပိုး အရေအတွက်နဲ့ လှုပ်ရှားနိုင်မှုကို မြင့်တင်ပေးဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ဗီတာမင် အီးနဲ့ ပရိုတင်းဓါတ်တွေ ပြည့်ဝနေတဲ့ ကြက်ဥဟာ သုက်ပိုး အရေအတွက် ကျစေသော ဓါတ်တိုးပစ္စည်းများ၏ အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ ၂။ ဟင်းနုနွယ် ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးတွေ ထုတ်လုပ်ဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း