ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ

ကျန်းမာရေးကောင်းတဲ့ အမျိုးသားတိုင်းအတွက် လိင်တံထောင်မတ် တယ်ဆိုတာ ပုံမှန်အခြေအနေ တစ်ရပ်ပါပဲ။ များသောအားဖြင့် လိင်တံထောင်မတ်လာတဲ့အခါ တစ်ကိုယ်ရေ အာသာဖြေလိုက်ရင် စိတ်ပေါ့ပါးပြီး ပြန်ပျော့ကျသွားတာပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး အာသာဖြေလို့ မရတဲ့ အခြေအနေမျိုး (ဥပမာ - လုပ်ငန်းခွင်ထဲမှာ၊ အသိမိတ်ဆွေတွေ၊ မိန်းကလေးတွေနဲ့ စကားပြောနေချိန်၊ လမ်းလျှောက်နေတဲ့အချိန်) မှာ ရုတ်တရက်ထောင်မတ်လာရင် ဘောင်းဘီကနေ ထိုးထိုးထောင်ထောင်နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်ရသလို အများအမြင်မှာလည်း မသင့်တော်ဘူးလေ။ ဒီတော့ လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ ဒီလိုအခြေအနေမျိုးကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း ၆မျိုးကို အခုဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။ လိင်တံထောင်မတ် ခြင်းကို ဖြစ်စေနိုင်တဲ့အရာတွေ ၁။ အထိအတွေ့ကြောင့် လိင်စိတ်ထလာခြင်း (Reflexogenic) ၂။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား

အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့ အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။ ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေရင် ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။ ပုံမှန်လိင်တံအရွယ်အစားဆိုတာ ဘယ်လိုမျိုးလဲ။ အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လက်မ မှ ၆.၃လက်မ (၁၂-၁၆ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ

လိင်တံ တွေရဲ့ ပုံစံအရွယ်အစား၊ အရောင်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီတော့ အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစား၊ ပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒီလို စိုးရိမ်တတ်စေတဲ့အကြောင်းရင်းတွေထဲမှာ လက်သည်အများကြီးပါဝင်ပြီး ဒီလို လိင်တံသေးတယ်လို့ ထင်စေတဲ့အကြောင်းရင်းတွေရဲ့ ပထမတစ်ချက်က အမျိုးသားအများစုဟာ ပုံမှန်လိင်တံအရွယ်အစားက ဘယ်လိုလဲ ဆိုတာ မသိကြလို့ပါ။ ကဲ .... လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ က ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ နောက်တစ်ချက်ကတော့ အပြာကားတွေက ပေးတဲ့ အချက်အလက်အမှားတွေကြောင့် ဖြစ်ပါတယ်။ အပြာကားထဲမှာ ပုံဖျက်ထားတဲ့ လိင်တံအရွယ်အစားတွေကြည့်ရင်း ယောက်ျားလေး အများစုက သူတို့ရဲ့ လိင်တံက သေးနေလွန်းတယ်လို့ ထင်တတ်ကြပါတယ်။ နောက်တစ်ချက်က စိတ်ပိုင်းဆိုင်ရာ ဖြစ်ပြီး သာမန်လိင်တံအရွယ်အစားရှိတဲ့ အမျိုးသား တွေက သူတို့တွေရဲ့ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

စိတ်ကျရောဂါနှင့် လိင်မှုကိစ္စ

စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝ သာယာမှုဆိုတာ အမြဲဆက်စပ်နေတဲ့ အရာတွေပါ။ စိတ်သွားမှ ကိုယ်ပါမယ်။ ကိုယ့်ရဲ့ စိတ်က ကျန်းမာနေမှ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ စိတ်ခွန်အားတွေ ဖြစ်စေမယ်။ ဘဝက ပျော်ရွှင်သာယာနေတဲ့အချိန်မှာ လိင်မှုဘဝ သာယာဖို့အတွက် ကြိုးပမ်းနိုင်တာပေါ့။ စိတ်ကသာ ပြိုလဲပြီဆိုရင် အရာရာက ပြိုလဲရတော့တာပါပဲ။ အထူးသဖြင့် စိတ်ကျရောဂါတွေ၊ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ ဘယ်လိုမှ လိင်စိတ်ဆန္ဒ ဖြစ်လာတော့မှာ မဟုတ်သလို ကိုယ့်ချစ်သူ၊ အိမ်ထောက်ဖက်ကိုလည်း စိတ်တိုင်းကျစေဖို့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ စိတ်ကျရောဂါကြောင့် ကိုယ့်ရဲ့ လိင်မှုဘဝကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ စိတ်ကျရောဂါဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမျိုးမှာ မရှိတဲ့ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ

မိန်းကလေးတွေအတွက်တော့ လိင်မှုကိစ္စဆောင်ရွက်ရဖို့ အမြဲစိုးရိမ်နေရတာ၊ စဉ်းစားတွေးတောစရာတွေ များတာ သဘာဝပါပဲ။ ချစ်သူ၊ လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်နေလို့တော့ ဘယ်ဖြစ်မလဲ။ သိထားဖို့ လိုအပ်တာကတော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခုဆိုတာပါပဲ။ ဒါပေမဲ့လည်း ကိုယ်က ဒီလို ကိစ္စတွေ ဆောင်ရွက်ဖို့ကို အဆင်သင့်ဖြစ်နေမှ၊ စိတ်ပါနေမှ အဆင်ပြေမှာပါ။ အထူးသဖြင့် ပုံမှန်လိင်ဆက်ဆံမှုမျိုးမှာတောင် တွေဝေနေတတ်တဲ့ မိန်းမသားတွေအတွက် အနောက်တံခါးထဲ (စအိုဖြင့်) လိင်ဆက်ဆံရမှာကို ပိုပြီးတောင် စိုးရိမ်ပူပန်နေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဘာတွေသိထားသင့်လဲ၊ ဘာတွေကို ကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ ၁။ အရင်ဆုံး ကိုယ့်ချစ်သူနဲ့ သေချာတိုင်ပင်ကြည့်ပါ။ ဘယ်သူ့ရဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါစေ ဒီလိုအပြုအမူအတွက် ၂ဦး၂ဖက် […]


သားဆက်ခြားခြင်း

ကိုယ်ဝန်မလိုချင်တဲ့သူတွေ သိထားသင့်တဲ့ သားဥကြွေချိန်ကို တွက်ချက်ခြင်း။ ။

သားဥကြွေတယ်ဆိုတာဘာလဲ ။ ။ ကိုယ်ဝန်လိုချင်ရင် သားဥနဲ့ သုက်ကောင်နဲ့တွေ့ရမယ်။ သားဥအိမ်ဆိုတာ အမျိုးသမီးတွေမှာရှိတယ်။ သူကနေ သားဥတွေထုတ်ပေးတယ်။ ဒီလို သားဥတွေထုတ်ပေးတဲ့ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်တယ်။ ဒါတွေ အပြင် သားဥကြွေတာနဲ့ ပက်သက်ပြီး သင်မသိသေးတဲ့ အချက်တွေရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ သားဥကြွေတဲ့ ဖြစ်စဉ်နောက်က လုပ်ငန်းစဉ်များ ။ ။ သားဥအိမ်ကနေ သားဥထုတ်တဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ ခေါ်လို့ရပေမယ့် နောက်ကွယ်မှာ သူ့ထက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ သင့်ရာသီ စက်ဝန်းရဲ့ ပထမ ၁၄ရက်မှာ သားဥအိမ်ထဲ multiple follicles လို့ခေါ်တဲ့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားဥတွေ စတင် ကြီးလာပါတယ်။ တဖြည်းဖြည်းနဲ့ Dominant egg လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု

လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လူတော်တော်များများရင်ထဲမှာ သဘောကျပေမဲ့ မျိုသိပ်ထားတဲ့ အရာလေးတွေ ရှိမှာပါ။ တင်ပါးလှလှလေး၊ မျက်နှာချောချောလေး မြင်ရင် သဘောကျတယ်ဆိုတာကတော့ ပုံမှန်လူတိုင်းမှာ ရှိတဲ့ လိင်စိတ်စွဲလမ်းမှု ပါပဲ။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းခြင်း (Fetish) ဆိုတာကတော့ လိင်မှုကိစ္စနဲ့ မသက်ဆိုင်တဲ့အရာတွေ ဥပမာ ခြေထောက်၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေ မြင်ရင်၊ မလျှော်ထားတဲ့ ခြေအိတ်၊ စွပ်ကျယ်၊ အတွင်းခံ အစရှိတဲ့ အဝတ်အစားတွေကို မြင်နေရတဲ့အခါ၊ နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွခြင်းမျိုးကို ဆိုလိုပါတယ်။ ဒီလိုအပြုအမူတွေဟာ ကျား၊ မ အသက်အရွယ်မရွေး ရှိနေပြီး အမျိုးသားတွေမှာ ပိုပြီး အတွေ့များပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့ အပြုအမူလို့ ယူဆထားကြပေမယ့် ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ လူမှုရေးကိစ္စတွေမှာ ပြဿနာနဲ့ ကြုံလာရပြီဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ ကာမ ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ လို့ ပြောပြောနေကြတာ ရှိတယ်မလား။ ဒါပေမဲ့ လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။ လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဗိုက်တစ်လုံးခြား ဆက်ဆံရေး

ယောကျာ်းလေးတော်တော်များများကိုကြည့်လိုက်ရင် ဘီယာဗိုက်လေးတွေ ကိုယ်စီနဲ့နော်။ ဗိုက်အရွယ်အစား ကြီးတာသေးတာပဲ ကွာတယ် အနည်းနဲ့အများတော့ သောက်တတ်ကြတဲ့သူတွေချည်းပဲလေ။ ဘော်ဒါတွေ ဆုံကြမလား စကားလေးပြောရင်း မော့မယ်၊ အလုပ်တွေဖိစီးနေလား သွားဖြေလျှော့ကြမယ်၊သောကြာနေ့ရောက်ပြီလား TGIF ကြမယ်၊ အသည်းကွဲနေလား သောက်ရင်း ရင်ဖွင့်မယ်၊ ဘာမှအကြောင်းမရှိလည်း ဘားသွားထိုင်မယ် ဘာဖြစ်လဲ...အဲဒါမျိုးတွေဆိုတော့ ဘီယာဗိုက် ပိုင်ရှင်တွေ များလာရော။ ဘီယာဗိုက် ဆိုလို့ ဗိုက်ရွှဲနေတဲ့အဆင့်လောက်ကိုပဲ ရည်ရွယ်တာမဟုတ်ပါဘူး။ ဖရဲသီးဆိုဒ် မရောက်ခင် အစပျိုးကာစ သခွားမွှေးဆိုဒ်လောက် ဗိုက်အဆင့်တည်းက ကြိုတင်ကာကွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီဗိုက်တစ်လုံးကြောင့် လိင်ကိစ္စမှာ ထိခိုက်လာတာကိုသိရင် ကွီးတို့ ဘီယာဗိုက်ကို ဂုဏ်ယူနေမယ်မထင်တော့ပါဘူး။ ဒီတော့ ဗိုက်တစ်လုံးခြား ဆက်ဆံရေး ကြောင့် စိတ်မဆင်းရဲရအောင် ကြိုတင်ကာကွယ်လိုက်ပါတော့။ ဗိုက်တစ်လုံးခြား ဆက်ဆံရေး ဗိုက်တစ်လုံးခြား ဆက်ဆံရေး ဆိုတာက ဘီယာဗိုက်ကြောင့် လိင်မှုကိစ္စမှာ ထိခိုက်နိုင်တဲ့ အခြေအနေကို ပြောချင်တာပါ။ ဒီတော့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ဆိုတာ အမျိုးသားတိုင်းရဲ့ ဆန္ဒပါပဲ။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို သာယာမှုအပြည့်အဝပေးလိုတာ ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေမှာ ဒီလို ကာမခွန်အား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေလေ့ရှိကြပါတယ်။ လိင်ကိစ္စမှာ သာယာမှုအပြည့်အ၀ ရဖို့ဆိုတာလည်း ကိုယ့်ရဲ့ ညီငယ် ဖွားဖက်တော်က အပြည့်အ၀ လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေမှ အဆင်ပြေမှာပေါ့။ ဖွားဖက်တော် အားအင်ပြည့်ဝနေဖို့အတွက် နှလုံးအားကောင်းဖို့ လိုသလို သွေးလည်ပတ်မှု အားကောင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွားဖက်တော် ထောင်မတ်နိုင်ဖို့ဆိုတာ လိင်အင်္ဂါအတွင်း သွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနိုင်မှ ဖြစ်မှာကိုး။ အမျိုးသားတွေဆိုတာလည်း အလုပ်က စိတ်ဖိစီးမှုတွေ၊ ဆေးလိပ်၊ အရက်သောက်တာ၊ စားသောက်နေထိုင်မှုပုံစံ မမှန်တာ၊ အိပ်ချိန်မပြည့်ဝတာ၊ အဝလွန်တာ၊ ကျန်းမာရေးအခြေအနေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် လိင်စိတ်ဆန္ဒ တဖြည်းဖြည်း နည်းပါးလာပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း