၃။ တချို့သော အစားအစာတွေကို ရှောင်ကြဉ်ပါ။
လိင်မှုကိစ္စ မပြုလုပ်ခင် မစားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အထူးသဖြင့် စအိုဖြင့် လိင်ဆက်ဆံမှု မပြုခင် ဝမ်းသွားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ အစေ့အဆန်၊ အခွံမာသီး၊ စပ်လွန်းတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေ၊ အသားတွေ အများကြီးစားတာ၊ လေပွစေနိုင်တဲ့ ကဖင်းဓာတ်ပါတဲ့ အအေး၊ ကော်ဖီ၊ ဖျော်ရည်တွေကို ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် သက်သောင့်သက်သာ ဖြစ်စေဖို့အပြင် မလိုလားအပ်တဲ့ ဝမ်းထွက်တဲ့ အခြေအနေမျိုး မကြုံရအောင် ကာကွယ်ပေးရပါမယ်။ အစာစားတော့မယ်ဆိုရင်လည်း အနည်းဆုံး လိင်ဆက်ဆံခြင်း မပြုခင် ၂နာရီလောက် ခြားပြီး စားပေးဖို့ လိုပါတယ်။
၄။ သန့်ရှင်းရေး ကြိုလုပ်ထားပါ။
အနောက်တံခါးထဲ လိင်ဆက်ဆံခြင်း ပြုရာမှာ ဗိုက်ထဲမှာ ဝမ်းမကျန်နေဖို့၊ သန့်ရှင်းနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ်ရော၊ ကိုယ့်ချစ်သူပါ အနံ့အသက်ကင်းကင်းနဲ့ ချစ်စခန်းဝင်နိုင်မှာပေါ့။ ဒါကြောင့် တစ်နာရီလောက် ကြိုတင်ပြီး ဝမ်းသွားထားပါ။ လိင်ဆက်ဆံခြင်း မပြုခင်မှာ စအိုတစ်ဝိုက်ကို သေချာဆေးကြောထားပါ။ လိုလိုမယ်မယ် အနံ့မွှေးပြီး စုပ်ယူမှုအားကောင်းတဲ့ wet tissue ဆောင်ထားတာဖြစ်စေ၊ ဆက်ဆံမှု ပြုတဲ့နေရာမှာ မပေကျံအောင် မျက်နှာသုတ်ပဝါ တစ်ထည် ခံထားတာဖြစ်စေ လုပ်ပေးလို့ ရပါတယ်။
၅။ အကာအကွယ်ကို အသုံးပြုပါ။
သူစိမ်းနဲ့ ဖြစ်စေ၊ ကိုယ့်ချစ်သူနဲ့ဖြစ်စေ လိင်ဆက်ဆံတိုင်း အကာအကွယ် သုံးဖို့ မမေ့သင့်ပါဘူး။ အထူးသဖြင့် မိန်းမကိုယ်လိုမျိုး ချောဆီမထွက်ဘဲ အတွင်းနံရံတွေ နူးညံ့လွန်းတဲ့ စအိုဝဟာ ပွန်းပဲ့ထိခိုက်ဖို့ အင်မတန်လွယ်ကူပါတယ်။ ဒီအခါ ကိုယ့်ချစ်သူမှာ ရောဂါပိုးရှိနေရင် သွေးကြောထဲ အလွယ်တကူရောက်သွားပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရဖို့ အခွင့်အလမ်း ပိုများသွားနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကွန်ဒုံးကို အသုံးပြုဖို့က မဖြစ်မနေ အရေးအကြီးဆုံးပါပဲ။
၆။ ခရီးအစကို ဂရုစိုက်ပါ။
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ စအိုဝဟာ မိန်းမကိုယ်လို မဟုတ်ဘဲ အတွင်းသားနံရံ အင်မတန်နူးညံ့ပြီး ဝင်ဖို့အတွက် လမ်းကြောင်းကျပ်လွန်းပါတယ်။ အစကတည်းက ကိုယ်က အင်နဲ့ အားနဲ့ ဆောင့်ပြီး ထိုးသွင်းမှု ပြုလိုက်ရင် ကိုယ့်ချစ်သူအတွက် ဒါဟာ နာကျင်ဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခုလို စိတ်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် မလောပါနဲ့။ အစပိုင်းကို ဖြည်းညင်းစွာ စတင်ပါ။ လိုအပ်ရင် ချောဆီကို အသုံးပြုပါ။ ကိုယ့်ချစ်သူကို လိင်စိတ်ထကြွစေဖို့ နှိုးဆွပေးပါ။ အဆင်သင့်ဖြစ်ပြီဆိုမှ အရှိန်ကို ဖြည်းဖြည်းချင်း စတင်မြှင့်ပေးတာ ပိုကောင်းပါတယ်။
၇။ ကိုယ့်ချစ်သူရဲ့ အခြေအနေကို အကဲခတ်မေးမြန်းကြည့်ပါ။
အမျိုးသားတွေအနေနဲ့ တစ်ဦးတည်း ဆောင်ရွက်နေရတာ မဟုတ်တဲ့အတွက် လိင်ဆက်ဆံနေစဉ်မှာ ရေငုံနှုတ်ပိတ် နေတဲ့ အကျင့်ကို ဖျောက်ဖို့ ကြိုးစားပါ။ သူ့အတွက် သက်သောင့်သက်သာဖြစ်စေလား၊ မခံမရပ်နိုင်အောင် နာကျင်နေလား မေးမြန်းပါ။ နာကျင်မှုဒဏ်ကြောင့် ရပ်ပေးဖို့ သူ့ဘက်က တောင်းဆိုလာရင် ရှေ့ဆက်မတိုးပါနဲ့။ ဒီတစ်ကြိမ်မှာ မအောင်မြင်နိုင်ရင် ထပ်ပြီး ကြိုးစားခွင့်ရှိပါသေးတယ်။ လိင်ဆက်ဆံမှုဆိုတာ ရှက်ရွံ့စရာထက် နှစ်ဦးနှစ်ဖက် သာယာနေဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိထားပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။