ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ဆီးပူညောင်းကျရောဂါအကြောင်း သိကောင်းစရာများ

ဆီးပူညောင်းကျရောဂါဆိုတာ ဘာလဲ ဆီးပူညောင်းကျရောဂါဆိုတာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ၎င်းကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးမွှားကို Neisseria gonorrhoea လို့ ခေါ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုတို့မှာ လိင်ဆက်ဆံရာကတဆင့် တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်သလို ကလေးမီးဖွားစဉ်အချိန်အတွင်း ရောဂါရှိသူ မိခင်ကတဆင့် ရင်သွေးဆီ ကူးစက်တတ်ပါတယ်။ ဆီးပူညောင်းကျရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ လူအများစုဟာ ရောဂါကူးစက်ခံရပြီးပြီးချင်း ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး အနည်းဆုံး ၂ရက်ကနေ ၁၀ရက်ကြာတဲ့အခါမှ လက္ခဏာပြလေ့ရှိသလို အချို့လူတွေမှာ ရက်ပေါင်း ၃၀လောက်ကြာမှ လက္ခဏာပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထများတဲ့ ဆီးပူညောင်းကျရောဂါ လက္ခဏာတွေကတော့ မိန်းမကိုယ်မှ စိမ်းဝါရောင် သို့မဟုတ် အဖြူရောင် အရည်ဆင်းခြင်း ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲခြင်း ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း မျက်စိနီရဲပြီး ယားယံခြင်း လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား

လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား ..... ဒီကိစ္စမျိုးက အိမ်ထောင်သက်တမ်း ရင့်လာတဲ့ လင်မယားတွေမှာ မကြာခဏအတွေ့များတဲ့ ကိစ္စပါ။ ခင်ပွန်းနဲ့ ဇနီးဆိုတာ ခွဲမအိပ်ကောင်းဘူးဆိုပြီး ထင်တတ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။ တကယ်တော့ ဒါဟာ ပြဿနာလို့တောင် ခေါင်းစဉ်တပ်လို့ မရတဲ့ ပုံမှန်အခြေအနေတစ်ရပ်ပါပဲ။ အိမ်ထောင် သက်တမ်းကြာလာမှ မဟုတ်ပါဘူး။ တခြားသော ကိစ္စ၊ အကြောင်းရင်းတွေကြောင့်လည်း ကုတင်ခွဲအိပ်တာမျိုးတွေ ရှိပါတယ်။ လူတွေထင်ထားကြသလို ကုတင်ခွဲအိပ်တာ အိမ်ထောင်ပျက်ဖို့ လမ်းစဆိုတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ အဓိကကတော့ ကာယကံရှင် ၂ဦးက အပြန်အလှန် ညှိနှိုင်းပြီး သဘောတူညီမှုရယူထားဖို့တော့ လိုတာပေါ့။ လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား ဆိုတော့ အခုလို အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အလုပ်အကိုင်ကြောင့် ၂ဦးလုံး အလုပ်လုပ်နေတဲ့ အိမ်ထောင်တစ်ခုမှာ အမျိုးသားက ညတော်တော်နောက်ကျတဲ့အထိ အလုပ်လုပ်နေရပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက HIV အပါအဝင် အခြားသော ကူးစက်ရောဂါများစွာကို ပျော်ပျော်ပါးပါးကြီး ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် လိင်ဆက်ဆံရင် (အထူးသဖြင့် ကိုယ်ဝန်မရချင်တဲ့ အခါမျိုး၊ ကိုယ့်အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံတဲ့အခါမျိုးမှာပေါ့) ကွန်ဒုံးသုံးရမယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။ သုံးလည်းသုံးကြပါတယ်။ ကွန်ဒုံးဟာ ရာနှုန်းပြည့်စိတ်ချရတယ် မဟုတ်ပေမယ့် ရာနှုန်းပြည့်နီးပါး အကာအကွယ်ပေးတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုနေရင်း ကွန်ဒုံး ပေါက်ပြဲခြင်းစတဲ့ အခက်အခဲလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီအခက်အခဲတွေထဲကမှ ကွန်ဒုံးပေါက်ပြဲသွားရင် ဘာဆက်လုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာပါ။ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ၁။ လမ်းခုလတ်မှာ ပေါက်သွား၊ပြဲသွားရင် ဘယ်လိုလုပ်မလဲ ကောင်းခန်းရောက်နေတုန်း ကွန်ဒုံးပေါက်သွားပြီလို့ ခံစားလိုက်မိရင် တချို့တချို့သော ဆရာသမားတွေဟာ အရှိန်ပျက်မခံဘဲ ဆက်လက်ချီတက်ကြပါတယ်။ ဒါဟာ အင်မတန်မှကို ကြောက်ဖို့ကောင်းသလို၊အင်မတန်လည်း […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ပုရိသတို့နှင့် လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်း

လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်းဆိုတာ ဘာလဲ။ လိင်ဆက်ဆံနေစဉ်နဲ့ လိင်စိတ်ပြီးမြောက်တဲ့အချိန်မှာ သုက်ထွက်ဖို့၊ လိင်စိတ်ဆန္ဒပြည့်ဝဖို့ အဟန့်အတားဖြစ်ခြင်းကို ဆိုလိုတာပါ။ လေ့လာချက်အရ အမျိုးသမီးတွေမှာ ပိုအတွေ့များပြီး အမျိုးသားအများစုမှာ လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ များသောအားဖြင့် ဒီလိုမျိုး လက္ခဏာတွေက ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခု ချွတ်ယွင်းချက် ရှိနေတာကြောင့်ပါပဲ။ ဖွင့်ဟဝန်ခံရမှာ ရှက်ရွံ့တာကြောင့် အမျိုးသားတော်တော်များများက မြိုသိပ်ထားလိုက်တဲ့အခါ အလွယ်တကူ ပျောက်နိုင်တဲ့ ဝေဒနာက နှစ်ရှည်လများ စွဲသွားပြီး လိင်မှုဘဝနဲ့ ကျန်းမာရေးကို ပိုပြီး ထိခိုက်လာတော့တာပေါ့။ လိင်စိတ်ပြီးမြောက်မှုကို ဟန့်တားနေတဲ့ အရာတွေက ဘာတွေလဲ။ ၁။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ - ဆီးချို၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်မိတာ၊ ဟော်မုန်းမျှခြေ ကမောက်ကမ ဖြစ်တာ (အမျိုးသားတွေမှာ ကျားဟော်မုန်း Testosterone […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs) တွေကိုလည်းတားဆီးချင်တယ်၊ ဆေးလည်းမသောက်ချင်ဘူးဆိုရင် ကွန်ဒုံးတွေက သင့်အတွက် ရွေးချယ်စရာတစ်ခုပါပဲ။ ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ ဆိုတော့ ကွန်ဒုံးတွေဟာ ဈေးလည်းသိပ်မကြီးတဲ့ အပြင် လူလုပ်ဟော်မုန်းတစ်ခုမှ မပါဘဲ လိင်အင်္ဂါနှစ်ခုကြား အကာတစ်ခုအနေနဲ့ လုပ်ဆောင်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါအပြင် ကွန်ဒုံးတွေကို သင့်ရဲ့ နီးစပ်ရာ ဆေးဆိုင်တွေနဲ့ တစ်ခြားစတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ရလို့ရနိုင်ပါသေးတယ်။ ကွန်ဒုံးတွေက ဘယ်လိုသန္ဓေတားပေးသလဲ။ ကွန်ဒုံးတွေဟာ လိင်ဆက်ဆံချိန်မှာ သင်နဲ့ သင့်အဖော်အကြား အတားအဆီးတစ်ခု အဖြစ်လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ကွန်ဒုံးတွေဟာ သင် ခန္တာကိုယ်ထွက် အရည်နဲ့ အစိတ်အပိုင်းတစ်ချို့ကို အဖော်ဖြစ်သူရဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

အမျိုးသားနဲ့ အမျိုးသမီး အတူနေတဲ့အခါမှာ အမျိုးသားတွေရဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက သိသာထင်ရှားပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကျတော့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက အမျိုးသားတွေလောက် သိသာထင်ရှားတာမျိုးမရှိပါဘူး။ တချို့အမျိုးသမီးတွေက သူတို့လိင်စိတ်အထွတ်အထိပ်ရောက်လားဆိုတာကို သူတို့ကိုယ်တိုင်လည်းမသိဘူး။ အိမ်ထောင်ကျ ကလေးတွေရပြီး အသက်ကြီးသွားတဲ့အထိ လိင်စိတ်အထွတ်အထိပ်ရောက်မှုအကြောင်း သေချာမသိသွားရတဲ့သူတွေလည်းရှိတယ်။ အမျိုးသမီးတွေက အတူနေတဲ့အခါတိုင်းမှာလည်း အထွတ်အထိပ်ရောက်တယ်ဆိုတာကို မသိရဘူး။ အတူနေတဲ့အခါ အမျိုးသမီးတွေ လိင်စိတ်အထွတ်အထိပ်မရောက်တာက အမျိုးသမီးတွေအတွက်တင် ပြဿနာမဟုတ်ဘူး။ အမျိုးသားတွေမှာလည်း ပြဿနာဖြစ်နေတယ်။ အမျိုးသားတွေရဲ့ အတ္တတစ်ခုက သူတို့နဲ့ဆက်ဆံရင် အထွတ်အထိပ်ရောက်သွားတယ်ဆိုတာကို လိုချင်ကြတယ်။ ဒီတော့ သူတို့ရဲ့ဆက်ဆံဖော်အဆင်မပြေဖြစ်တာက သူတို့နဲ့လည်း သက်ဆိုင်တယ်လို့ ခံစားကြရလေ့ရှိတယ်။ အခုချိန်ထိလည်း အမျိုးသမီးတွေရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်မှုကိစ္စက ဝေခွဲရခက်တဲ့မေးခွန်းတွေအများကြီးရှိနေတုန်းပါပဲ။ လိင်စိတ်အထွတ်အထိပ် ဆိုတာ ယောက်ျားလေးတွေအတွက်တော့ သိပ်ပြီးရှင်းပြစရာမလိုပါဘူး။ အမျိုးသမီးတွေအတွက်ကျ ဒီကိစ္စက နည်းနည်းဖြေရခက်တယ်။ အစားအစာတစ်ခုကို အရသာမခံဘဲ သူ့ရဲ့အရသာကို ရှင်းပြရသလိုဖြစ်နေတယ်။ ရှင်းပြရခက်တယ်။ မြည်းစမ်းကြည့်လိုက်မှ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

ကွန်ဒုံး ဆိုတာ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝအတွက်တော့ မရှိမဖြစ်ပါ။ ကွန်ဒုံးတွေဟာ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ သူတို့ဟာ သုက်ပိုးနဲ့ မိန်းမကိုယ်၊ စအို၊ နဲ့ ပါးစပ်တို့ကထွက်ရှိတဲ့ အရည်တွေကို ပေးတဲ့ ခြားထားပေးတဲ့ ကြားခံအရာအဖြစ် အလုပ်လုပ်ပါတယ်။ အမျိုးသားရော အမျိုးသမီးအတွက်ပါ ကွန်ဒုံးတွေရှိပါတယ်။ ဒါပေမယ့် နှစ်ခုလုံးကို တစ်ကြိမ်တည်းမှာ ရောမသုံးရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ တစ်ခုနဲ့ တစ်ခုကပ်ပြီး ပေါက်တတ်လို့ ဖြစ်ပါတယ်။ ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား ကွန်ဒုံးကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား ဆိုတာကို ဆောင်းပါးထဲမှာ ဆက်ကြည့်လိုက်ပါ။ အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာကိုပြောတာလဲ။ အမျိုးသားသုံးကွန်ဒုံးဆိုတာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံပေါ်မှာ ဝတ်ရတဲ့ ပါးလွှာတဲ့ ပလပ်စတစ် အဖုံးတစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ ပလပ်စတစ် ကွန်ဒုံးတွေကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

နှစ်ကိုယ်ကြားဆက်ဆံရေးက ဒီလိုကောင်းကျိုးလေးတွေ ရနိုင်ပါသတဲ့

နှစ်ကိုယ်ကြားဆက်ဆံရေးက ဒီလိုကောင်းကျိုးလေးတွေရနိုင်ပါသတဲ့ ! လိင်မှုကိစ္စဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာမှာ ပါဝင်နေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်မှုဘဝသာယာမှ ပိုပိုပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်မှာပါ။ ဒါဆိုရင် နှစ်ကိုယ်ကြားဆက်ဆံရေးက ဒီလိုကောင်းကျိုးလေးတွေ ရနိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ နှစ်ကိုယ်ကြားဆက်ဆံရေးက ဒီလိုကောင်းကျိုးလေးတွေ ရနိုင်ပါသတဲ့ ၁။ အအေးမိ၊ တုပ်ကွေးဖျားနာခြင်း ကင်းဝေးစေတယ်။ တစ်ပတ်မှာ အနည်းဆုံး ၃ကြိမ်ခန့် လိင်ဆက်ဆံခြင်း ပြုတဲ့ သူတွေမှာ ကိုယ်ခံအားစနစ်ပိုကောင်းပြီး antibody immunoglobulin A လို့ ခေါ်တဲ့ ရောဂါ၊ ဘက်တီးရီးယားတွေကို ခုခံတားဆီးပေးတဲ့ ပဋိပစ္စည်းတွေ အများအပြား ထွက်ရှိပါတယ်။ လူတစ်ယောက်က ခုခံအားကောင်းနေပြီဆိုမှတော့ အလွယ်တကူ အအေးမိဖျားနာတာတွေ မဖြစ်နိုင်တော့ဘူးပေါ့။ ၂။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ လိင်ဆက်ဆံနေချိန်မှာ သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးခုန်နှုန်းကို မြန်စေတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အဆင်အပြေဆုံး ချောဆီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

အတူနေချိန်မှာ အဆင်ပြေဆုံးသော ဆက်ဆံရေး ဖြစ်စေဖို့အတွက် ချောဆီကို လိုအပ်နိုင်ပါတယ်။ ဒီလိုဆို အဆင်အပြေဆုံး ချောဆီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ ဆိုတာကို သိထားဖို့တော့ လိုမှာပါ။ ချောဆီရဲ့ လုပ်ဆောင်မှုနဲ့ တာဝန်ကို ယောက်ျားလေးတွေရော၊ မိန်းကလေးပါ စိမ်းမယ်မထင်ပါဘူး။ လိင်မှုကိစ္စမှာ အဝင်အထွက် ချောမွေ့ဖို့၊ နာကျင်မှု သက်သာစေဖို့၊ ခြောက်သွေ့နေတဲ့အခါ ပွန်းပဲ့ထိခိုက်ရန် လွယ်ကူစေတဲ့ ပြဿနာကို ဖြေရှင်းဖို့၊ ပွတ်တိုက်ခြင်းဒဏ်ကို သက်သာစေဖို့ အစရှိသဖြင့် ချောဆီကို ကျား၊ မ အသက်အရွယ်မရွေး အသုံးပြုကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် နာကျင်မှုကို သက်သာစေပြီး လိင်ဆက်ဆံတဲ့နေရာမှာ ပိုပြီး ခံစားမှုကောင်းစေဖို့ ချောဆီက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေလည်း တစ်ကိုယ်ရေအာသာဖြေတဲ့ နေရာမှာ ချောဆီကို အသုံးပြုပေးမယ်ဆိုရင် အားနဲ့ညှစ်မိတာ၊ လက်နဲ့ ထိခိုက်မိတာကို လျော့နည်းစေပြီး အချိန်ကြာကြာ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်အစော်ကားခံရပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ

မှုခင်းသတင်းတွေထဲမှာ ထိပ်ဆုံးကနေ အမြဲတက်လာပြီဆိုရင် စိတ်မချမ်းမြေ့ဖွယ်ရာ လိင်အကြမ်းဖက်အစော်ကားခံရတဲ့ သတင်းတွေချည်းပါပဲ။ ဒီလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ တစ်နေ့ထက် တစ်နေ့ များလာတယ်ဆိုတာ ပြည်သူလူထုအားလုံးအတွက် စိတ်မအေးစရာ အခြေအနေပါ။ ဒါ့အပြင် အစော်ကားခံရတဲ့ သူတွေမှာလည်း တစ်သက်စာ စိတ်ဒဏ်ရာအမာရွတ်တွေအပြင် နောက်ဆက်တွဲ လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် သူတို့တွေရဲ့ ဘဝက အမြဲထိတ်လန့်ပူလောင်ကြောက်ရွံ့နေရမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အလိုမတူဘဲ လိင်အစော်ကားခံရသူတွေရဲ့ ဘဝမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေနဲ့ ကျန်းမာရေးပြဿနာတွေအကြောင်းပဲဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ဘယ်နှစ်မျိုးရှိလဲ။ ၁။ အလိုမတူဘဲ သားမယားပြုကျင့်တာ ၂။ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ထိကပါး ရိကပါး လုပ်တာ ၃။ အထက်လူကြီးက လက်အောက်ငယ်သား ဝန်ထမ်းဖြစ်သူကို ခြိမ်းခြောက်ပြီး အကြပ်ကိုင်ပြီး လိင်မှုကိစ္စပြုကျင့်ဖို့ ကြံစည်ခြင်း ၄။ ကျား၊ မ အခြေပြု လိင်အကြမ်းဖက်စော်ကားခြင်း ၅။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း