ပုံမှန်မဟုတ်တဲ့ နေရာမှာ လိင်ဆက်ဆံခြင်း၊ လူတွေအများကြီး ရှိတဲ့ နေရာ (ကား၊ ဘတ်စ်ကား၊ အိမ်သာ၊ ဆိုင်၊ ကျောင်း) မှာ၊ လူမြင်ကွင်းမှာ၊ တစ်ယောက်ထက် ပိုပြီး လူအများကြီးနဲ့ လိင်ဆက်ဆံရတာကို သဘောကျတာတွေဟာလည်း ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းစိတ် (Fetish) ထဲမှာ ပါဝင်ပါတယ်။
နာကျင်မှု၊ နှိပ်စက်ခံရမှုအပေါ် ပြုသူအနေနဲ့၊ အပြုခံရသူအနေနဲ့ သာယာခြင်း (BDSM)၊ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ အသုံးပြုပြီး လိင်မှုကိစ္စ ပြုလုပ်ရတာကို သာယာခြင်း၊ အမွေးပွပွ အဝတ်အစားတွေ၊ တိရစ္ဆာန်လို ဝတ်စားဆင်ယင်ပြီး လိင်ဆက်ဆံရတာကို သဘာကျတာတွေကတော့ အပေါ်မှာ ပြောထားတဲ့ Fetish တွေလောက် အတွေ့မများပါဘူး။
ဒီလိုအခြေအနေဟာ စိုးရိမ်စရာ ရှိလား။
ပုံမှန်မဟုတ်တဲ့၊ ပုံမှန်ထက် အနည်းငယ် လွန်ကဲတဲ့ လိင်စိတ်စွဲလမ်းမှု လို့ ဆိုလို့ ရပေမယ့် များသောအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ မိမိကိုယ်တိုင် သို့မဟုတ် ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်၊ လိင်ဆက်ဆံဖော်နဲ့ သေချာညှိနှိုင်းကြည့်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်၊ လိင်မှုကိစ္စမှာလည်း ပြဿနာမရှိဘူးဆိုရင် ရပါပြီ။
ဒီလိုစိတ်စွဲလမ်းမှုတွေ များလာတာ၊ ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ ဒီအကြောင်းကိုပဲ အမြဲစိတ်ရောက်နေတာ၊ ကိုယ့်ရဲ့ လိင်စိတ်ကို ထိန်းချုပ်မရတာကြောင့် ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်မှာ ပြဿနာတွေ၊ အရှက်ရစရာတွေ ဖြစ်လာမယ်။ တခြားသူအပေါ် ဒီစိတ်ကြောင့်ပဲ ထိခိုက်မှုတွေ ဖြစ်စေတဲ့အခါ၊ လိင်မှုကိစ္စ ဆောင်ရွက်နေချိန်မှာလည်း သာယာမှုကို အပြည့်အဝမရတော့ဘူးဆိုရင်တော့ ထိန်းချုပ်ကြည့်သင့်တယ်လို့ ယူဆနိုင်ပါတယ်။

ထိန်းချုပ်တယ်ဆိုတာကလည်း လုံးဝဖျောက်ဖျက်ပစ်လိုက်ခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လိင်စိတ်ကို စိတ်နဲ့ ရအောင် ထိန်းချုပ်တာကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ လိုအပ်လာရင်တော့ စိတ်ရောဂါကုထုံးပညာရှင်၊ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူတစ်ဦးဦးနဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ လိင်စိတ်ကို စိတ်ကုထုံးနဲ့ ကုသမှု ခံယူနိုင်ပါတယ်။
များသောအားဖြင့် လူတွေက ဒါမျိုးလိင်စိတ်စွဲလမ်းခြင်းကို ရှက်ရွံ့စရာ၊ မှားယွင်းတဲ့ ကိစ္စလို့ လက်ခံယူဆထားကြပေမယ့် တကယ်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေထဲက တစ်ခုပါပဲ။ ကိုယ်က လူတိုင်းနဲ့ လိုက်ပြီးတော့ တူစရာတော့မလိုပါဘူး။ ကိုယ့်ရဲ့ အရှိကိုအရှိအတိုင်းပဲ ဘဝကိုရော၊ လိင်မှုကိစ္စကိုပါ အကောင်းဆုံးကျော်ဖြတ်သွားဖို့တော့ အရေးကြီးတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။