backup og meta

လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ

    ကျန်းမာရေးကောင်းတဲ့ အမျိုးသားတိုင်းအတွက် လိင်တံထောင်မတ် တယ်ဆိုတာ ပုံမှန်အခြေအနေ တစ်ရပ်ပါပဲ။ များသောအားဖြင့် လိင်တံထောင်မတ်လာတဲ့အခါ တစ်ကိုယ်ရေ အာသာဖြေလိုက်ရင် စိတ်ပေါ့ပါးပြီး ပြန်ပျော့ကျသွားတာပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး အာသာဖြေလို့ မရတဲ့ အခြေအနေမျိုး (ဥပမာ – လုပ်ငန်းခွင်ထဲမှာ၊ အသိမိတ်ဆွေတွေ၊ မိန်းကလေးတွေနဲ့ စကားပြောနေချိန်၊ လမ်းလျှောက်နေတဲ့အချိန်) မှာ ရုတ်တရက်ထောင်မတ်လာရင် ဘောင်းဘီကနေ ထိုးထိုးထောင်ထောင်နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်ရသလို အများအမြင်မှာလည်း မသင့်တော်ဘူးလေ။ ဒီတော့ လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ

    ဒီလိုအခြေအနေမျိုးကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း ၆မျိုးကို အခုဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။

    လိင်တံထောင်မတ် ခြင်းကို ဖြစ်စေနိုင်တဲ့အရာတွေ

    ၁။ အထိအတွေ့ကြောင့် လိင်စိတ်ထလာခြင်း (Reflexogenic)

    ၂။ လိင်ပိုင်းဆိုင်ရာ အတွေး၊ စိတ်ကူးတွေ ဝင်လာချိန်မှာ လိင်စိတ်ထကြွခြင်း (Psychogenic)

    ၃။ အိပ်နေချိန်မှာ လိင်စိတ်ထလာခြင်း (Nocturnal) အခြေအနေ ၃မျိုးကြောင့် လိင်တံထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။

    လိင်တံထောင်မတ် စေတဲ့ တာဝန်ကို အဓိကထမ်းဆောင်နေတာကတော့ testosterone လို့ ခေါ်တဲ့ ကျားဟော်မုန်းပါပဲ။ စတင်ထောင်မတ်ချိန်မှာ လိင်တံရဲ့ သွေးကြောထဲကို သွေးအနည်းငယ် စီးဆင်းလာတယ်။ ဒီကနေ လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်လာမယ်။ လိင်တံကြွက်သားတွေဟာ တဖြည်းဖြည်းနဲ့ တင်းမာလာပြီး လုံးဝထောင်မတ်တဲ့ အခြေအနေကို ရောက်ရှိပါတယ်။

    အိပ်ပျော်နေစဉ်မှာ ဘယ်လိုအတွေး၊ အိပ်မက်မှ မမက်ဘဲ လိင်တံထောင်မတ်တာမျိုးတွေဟာလည်း ပုံမှန်အခြေအနေတစ်ခုပါပဲ။ အမျိုးသားတစ်ယောက် ညဘက်အိပ်နေချိန်မှာ ၅ ကြိမ်ထိ သူ့အလိုလို လိင်တံထောင်မတ်မှုကို ဖြစ်စေပြီး တစ်ကြိမ်လျှင် မိနစ် ၃၀ခန့် ကြာမြင့်နိုင်ပါတယ်။

    လိင်တံထောင်မတ်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ။

    တစ်ကိုယ်ရေ အာသာဖြေလို့ မရတဲ့ အချိန်မှာ ရုတ်တရက် လိင်တံထောင်မတ်လာပြီဆိုရင်

    ၁။ စိတ်ကို တည်ငြိမ်စွာ ထားပါ။

    အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ ကိုယ်က စိတ်ပါလာလို့ မဟုတ်ဘဲ အောက်က ညီလေးက ဆန္ဒပြလာပြီဆိုရင် အကောင်းဆုံးက ထိုင်ချလိုက်ပါ။ အသက်ကို ဖြည်းဖြည်းချင်း ရှူပြီး စိတ်ကို တည်ငြိမ်စွာ ထားပေးရမှာပါ။ အချိန်အနည်းငယ်အတွင်းမှာ ပြန်ကျသွားပါလိမ့်မယ်။

    ၂။ တရားထိုင်ပါ။

    တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်နိုင်မှုကို ထိန်းချုပ်ပေးလို့ မလိုလားအပ်တဲ့ လိင်စိတ်ထစေတဲ့ အတွေးတွေ ဝင်မလာစေဖို့ ကူညီပေးနိုင်ပါတယ်။ ပီပီပြင်ပြင် ထိုင်နေဖို့ မလိုပါဘူး၊၊ အသက်ရှူသွင်း ရှူထုတ်တာကို ခဏလောက် အာရုံစိုက်ထားလိုက်ပါ၊၊

    ၃။ အာရုံပြောင်းစေမယ့် အလုပ်တစ်ခုခု လုပ်ပါ။

    လိင်စိတ်ကို ဖြစ်စေမယ့် အတွေးတွေ ဝင်လာပြီဆိုရင် အကောင်းဆုံးကတော့ အလုပ်တစ်ခု ထလုပ်လိုက်တာပါပဲ။ ကိုယ့်ရဲ့ အတွေးအာရုံတွေကို တခြားနေရာမှာ အာရုံစိုက်လိုက်တာ၊ ဦးနှောက်နဲ့ သေချာစဉ်းစားရမယ့် အရာရာတစ်ခုခုကို လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ။

    ၄။ ကိုယ့်ရဲ့ အနေအထားကို ပြောင်းလဲပါ။

    ဥပမာ – လိင်တံရုတ်တရက်ထောင်မတ်လာချိန်မှာ မတ်တပ်ရပ်နေတာဆိုရင် အထဲထည့်ထားတဲ့ အင်္ကျီကို အပြင်ထုတ်ဝတ်တာဖြစ်စေ၊ ထိုင်လိုက်တာ၊ တစ်နေရာကို လမ်းထလျှောက်လိုက်တာမျိုး ပြုလုပ်ပေးလို့ ရပါတယ်။

    ၅။ ရေချိုးပါ။

    ရေချိုးလိုက်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေပြီး ကိုယ်ခန္ဓာက တင်းမာနေတဲ့ ကြွက်သားတွေသာမက ကိုယ့်ရဲ့ ဖွားဖက်တော် တင်းမာနေတာကိုပါ ပြေလျော့သွားစေပါတယ်။ အကယ်လို့ ကိုယ်က အပြင်မှာ ရောက်နေတာဆိုရင်လည်း လက်ဆေးလိုက်တာမျိုး၊ မျက်နှာသစ်လိုက်တာမျိုးကလည်း အဆင်ပြေပါတယ်။

    ၆။ ညင်သာတဲ့ လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။

    ဟိုနားဒီနား လမ်းထလျှောက်တာ၊ ထိုင်ထလုပ်တာ၊ ဇက်လေ့ကျင့်ခန်းလုပ်ပေးတာမျိုးနဲ့ ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒကို ထိန်းချုပ်ပေးလို့ရပါတယ်။

    ကျန်းမာတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိင်တံထောင်မတ် တာဟာ စိုးရိမ်စရာ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်း ၆ချက်ကို သေချာလိုက်လုပ်ပေးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ရှက်စရာအခြေအနေတွေ ကြုံတွေ့နိုင်စရာမရှိတော့ဘူးပေါ့။

    ဒီလိုမှမဟုတ်ဘဲ ၄နာရီအထက်ကြာအောင် ထောင်မတ်မှုက ကျမသွားဘူးဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ရဲ့ လိင်အင်္ဂါမှာ ပြဿနာတစ်ခုခု ရှိ၊ မရှိကို စစ်ဆေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement