ဒုတိယအချက်က အမျိုးအစား ၂ ဆီးချိုဖြစ်လာခဲ့ရင် အာရုံကြောတစ်ရှူးကိုထိခိုက်ပျက်စီးစေပြီး လိင်တံရဲ့ထိတွေ့အာရုံခံနိုင်စွမ်းကိုလျော့နည်းစေပြီး လိင်ဆက်ဆံတဲ့အခါ သာယာမှုခံစားနိုင်စွမ်း ပျက်ယွင်းစေပါတယ်။
ဗိုက်ထွက်နေတဲ့ အမျိုးသားတွေက လိင်ဆက်ဆံမှုမှာ စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ အတော်ခက်ခဲလာမှာပါ။ အစပျိုးကာစ ဘီယာဗိုက်စူစူအဆင့်မှာတော့ သိပ်မသိသာပေမယ့် သတိထားကြည့်ရင် တဖြည်းဖြည်းသိလာမှာပဲ။ အဆီတွေကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်ထားတာကြောင့်မောပန်းမှုဒဏ်ကို မခံနိုင်တော့ပါဘူး။
- ကိုယ့်အရွယ်အစားကိုယ် သံသယဖြစ်လာမယ်
ဗိုက်ထွက်နေတဲ့ကိုယ့်ပုံစံကိုယ်စိတ်ညစ်လာမယ်၊ ကြာလာရင် လိင်ဆက်ဆံဖို့ ဆန္ဒတွေလျော့လာမယ်။ အဆိုးဆုံးက ဗိုက်ပူပူနဲ့ယှဉ်လိုက်ရင် ကိုယ့်ရဲ့လိင်တံအရွယ်အစားကိုပါသေးတယ်လို့ စိတ္တဇဖြစ်လာတာပါပဲ။ ဒီအတွေးကြောင့်ပဲ လိင်စိတ်ကျဆင်းလာနိုင်ပါတယ်။
ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားမလဲ
ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့မရတော့လည်း အပင်ပန်းတော့ခံရပါမယ်။ ဗိုက်အဆီနဲ့ ကိုယ်အလေးချိန်များခြင်းက လိင်ကိစ္စအတွက်တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊သွေးတိုးနဲ့ ဆီးချိုတို့လိုရောဂါကြီးတွေပါ ဖြစ်နိုင်ခြေသိပ်များတာမို့ အမြန်ဖြေရှင်းသင့်၊ ကြိုတင်ကာကွယ်သင့်တဲ့အချက်ဖြစ်ပါတယ်။ လူမကျန်းမာရင် ဒါမှမဟုတ် အသက်တိုရင် လိင်ကိစ္စဆိုတာထက် ပိုပြီးပြဿနာကြီးမှာ သိကြတယ်မလား။ အကောင်းဆုံးက –
- အစားမှန်အောင်စားပါ။ မနက်စာမစားတာ၊ နေ့လယ်စာလွတ်တာ၊ ညစာမစားဘဲ သောက်ပဲသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အာဟာရပြည့်တဲ့အစားအစာတွေကို ထိုက်သင့်တဲ့ပမာဏနဲ့ အချိန်မှန်စားပေးပါ။
- အမြည်းတွေကို သတိထားပါ။ အာလူးကြော်၊ စားသောက်ဆိုင်က အမြည်းဟင်းပွဲတွေ၊ တခြားအစားအစာတွေအပါအဝင် အမြည်းလုပ်တဲ့အရာမှန်သမျှ ကယ်လိုရီ၊ အငန်နဲ့ အဆီတွေ ပါဝင်မှုများပါတယ်။
- ပရိုတင်းနဲ့ အမျှင်ဓာတ်များတာစားပါ။ အမျှင်ဓာတ်များတဲ့အစားအစာတွေက ချေဖျက်ရလွယ်ပြီး ကြာကြာဗိုက်ပြည့်နေစေပါတယ်။ အသီးတွေ၊ အသီးအရွက်တွေနဲ့ အစေ့အဆန်တွေစားပါ။ ပရိုတင်းဓာတ်က ကြွက်သားတည်ဆောက်မှုနဲ့ ခွန်အားပြည့်ဝမှုအတွက် အဓိကအရေးပါပါတယ်။
- လျှော့သောက်ပါ။ ဒါအဓိကအချက်ပေါ့။ ဘီယာဗိုက်မဖြစ်အောင် ဘီယာမသောက်ဘူး၊ တခြားဟာသောက်တယ်ဆိုလည်း ပူမှာပါပဲ။ အယ်လ်ကိုဟောပါတာတွေသောက်နေသမျှ ဗိုက်ချပ်လာဖို့ မမျှော်လင့်ပါနဲ့။ အယ်လ်ကိုဟော၊ အချိုရည် နဲ့ အစားများခြင်း တို့က ဗိုက်အဆီတက်စေတဲ့ အရာတွေဖြစ်ပါတယ်။
- လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်နိုင်၊ ဂျင်မ်မသွားရင်တောင်မှ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။ ကိုယ်လက်လှုပ်ရှားမှုက အဆီကျစေရုံမက endorphinဟော်မုန်းပမာဏကိုတိုးစေပြီး အမျိုးသားတွေကို စိတ်ပိုပျော်စေမယ်၊ ဆွဲဆောင်မှုပိုရှိစေနိုင်တယ်၊ လိင်မှုကိစ္စအတွက် ခွန်အားတိုးစေတယ်။ ဖြစ်နိင်ရင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက်တော့ လေ့ကျင့်ခန်းခပ်ပြင်းပြင်း လုပ်တာကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။