ဒီလို COVID-19 ရောဂါအန္တရာယ်ကို လူတိုင်း စိုးရိမ်နေရတဲ့ကာလမျိုးမှာ ချောင်းလေး တစ်ဟွတ်ဟွတ်များဆိုးလာရင် ဘာလို့ပါလိမ့်မယ်ဆိုပြီး တွေးရတောရပူကြရပါတယ်။ တကယ်တော့ ချောင်းဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ကိုယ်ဘာကြောင့် ချောင်းဆိုတာလဲ ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကိုသိထားရင် တချို့ကိစ္စတွေအတွက် အလွန်အကျွံစိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။