တီဘီရောဂါ ကူးစက်ခံရတဲ့အခါ
တီဘီရောဂါဖြစ်တဲ့အခါ ပျောက်ကင်းကျန်းမာဖို့ဆိုရင် ဆေးကုသမှု သေချာ ခံယူဖို့ လိုသလို အာဟာရပြည့်ဝအောင် စားသုံးဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ တီဘီရောဂါ ခံစားနေရသူအနေနဲ့ မြန်မြန် ကျန်းမာလာစေဖို့ ဒါလေးတွေကို စားသုံး ပေးသင့်ပါတယ်။
တီဘီရောဂါ ခံစားနေရတဲ့အခါ ကယ်လ်လိုရီ ပါဝင်မှု မြင့်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဒါမှ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစေပြီး ကိုယ်အလေးချိန် ကျဆင်းတာကို ကာကွယ်နိုင်မှာပါ။
ဒါကြောင့် ငှက်ပျောသီး၊ cereal၊ ထမင်း၊ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ၊ နို့၊ အနီရောင်အသား၊ အာလူး စတာတွေကို စားသုံးပေးပါ။
တီဘီရောဂါ ခံစားရချိန်မှာ အစာစားချင်စိတ်က ပုံမှန်ထက် ပိုနည်းနေနိုင်ပါတယ်။ ဒီကာလမှာ အာဟာရပြည့်စေဖို့ဆိုရင် ပရိုတင်း များများစားဖို့ လိုပါမယ်။ ဒါကြောင့် ပရိုတင်းမစ်ရှိတ်တွေထဲမှာ အသီးခြောက်တွေ၊ အခွံမာသီးတွေ စားတာမျိုး လုပ်ပေးပါ။ ဒါတွေအပြင် ကြက်ဥ၊ ဥအမျိုးမျိုး၊ ပဲပြား၊ တို့ဟူး၊ အသား၊ ငါး၊ ကြက်သား စွပ်ပြုတ် စတာတွေကို စားပေးလို့ ရပါတယ်။
တီဘီရောဂါရှိသူတွေနဲ့ အသင့်တော်ဆုံးက အဝါရောင် နဲ့ လိမ္မော်ရောင်ရှိတဲ့ သစ်သီးင်္တေ၊ ဟင်းသီး ဟင်းရွက်တွေပါ။
ဒါကြောင့် အဝါရောင် ရှိပြီး ဗီတာမင် A ကြွယ်ဝတဲ့
ဗီတာမင် C ကြွယ်ဝတဲ့
ဗီတာမင် E ကြွယ်ဝတဲ့
တီဘီရောဂါကို ခုခံတိုက်ထုတ်နေချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင် B complex ကြွယ်ဝတဲ့
Selenium နဲ့ zinc ကြွယ်ဝတဲ့
တီဘီဖြစ်နေချိန်မှာ မြန်မြန် သက်သာစေဖို့ဆိုရင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။