နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ ဘာတွေ သိရမယ်လို့ ယူဆမိလဲ။ သေချာ သိနိုင်ဖို့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ ဘာတွေ သိရမယ်လို့ ယူဆမိလဲ။ သေချာ သိနိုင်ဖို့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။
နမိုးနီးယား (Pneumonia) လို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ အဆုတ်ကို ရောဂါပိုး ကူးစက်ခံရပြီး အအေးမိ၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာတဲ့ ဝေဒနာတစ်မျိုးပေါ့။
ရာသီဥတုအပြောင်းအလဲကာလတွေမှာ အဖြစ်များပေမယ့် တကယ်တမ်းအားဖြင့်တော့ အဆုတ်ကို ပိုးဝင်ခြင်းတစ်မျိုးပါ။ အဆုတ် ဘယ်ခြမ်း (သို့) ညာခြမ်း (သို့) နှစ်ခုစလုံးကိုပိုးဝင်ပြီး ရုတ်တရတ်ပြင်းထန် ပိုးကူးစက်ခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။
နမိုးနီးယားဖြစ်စေတဲ့ ရောဂါပိုးတွေက အများကြီးရှိပါတယ်။ ဘက်တီးရီးယားတွေရော ဗိုင်းရပ်စ်တွေရောပါ။ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ လူတိုင်းနီးပါး ဒီဝေဒနာကို ခံစားဖူးကြပါတယ်။ ကလေးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဆုတ်ပွ၊ ပန်းနာရင်ကျပ်စတဲ့ နာတာရှည်အဆုတ်ရောဂါတစ်မျိုးမျိုးရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
အကြမ်းဖျဉ်းအားဖြင့် နမိုးနီးယားလို့ ခြုံငုံပြောဆိုနေပေမယ့် နမိုးနီးယားမှာ အမျိုးအစား အများအပြားရှိပါတယ်။ နမိုးနီးယားရောဂါကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားပါတယ်။
လူတိုင်း နမိုးနီးယားဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေး အခြေအနေမရွေးပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 သောင်းကျန်းနေတဲ့ ခုလိုအချိန်မှာ အဆုတ်ရောင်ရောဂါ နမိုးနီးယားကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။
နမိုးနီးယားရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ဖြစ်လည်းဖြစ်လွယ်တာမို့ မဖြစ်ခင်ကတည်းက ကာကွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက နမိုးနီးယားဟာ ကာကွယ်ဆေးမရှိဘူးဆိုတာပါပဲ။ ဒါကြောင့်ဖြစ်နိုင်ခြေနည်းအောင် ကာကွယ်လို့ပဲရမှာပါ။
ဒီနည်းလမ်းတွေက နမိုးနီးယားလို့ခေါ်တဲ့ အဆုပ်ရောင်ရောဂါဖြစ်မလာအောင် အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေပါပဲ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။