ဘယ်အရာက ကျွန်တော်တို့ကို ကျန်းမာနေစေတာလဲလို့ မေးခွန်းတစ်ခုမေးလိုက်ရင် ထိပ်ဆုံးမှာရှိနေမှာက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ပါပဲ။ ဒီကိုယ်ခံအားစနစ်အကြောင်း သေချာသိရှိပြီး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်သွားခြင်းက ကျွန်တော်တို့ကို ပိုကျန်းမာအသက်ရှည်စေမှာမို့ သေချာလေ့လာကြည့်ကြရအောင်။