အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နာတာရှည် လေပြွန်ရောင်ရောဂါ

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

အအေးမိတာကြောင့် လည်ချောင်းတွေနာပြီး စိတ်ညစ်နေပြီလား!

အအေးမိပြီဆိုရင် ကိုယ်ပူတယ် ဆိုတာတင် မဟုတ်ပါဘူး။ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကိုပါ အဆစ် ခံစားကြရတာပါ။ ဒီလိုမျိုး အအေးမိတာနဲ့အတူ ခံစားရတဲ့ လည်ချောင်းနာတာက အစားအစာတွေကို မျိုချရ ခက်သလို ရေသောက်ဖို့တောင် အတော်လေး ခက်ခဲပါတယ်။ ဒီတစ်ခေါက်တော့ အအေးမိတာကြောင့် လည်ချောင်းနာပြီး စိတ်ညစ်နေသူတွေအတွက် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်တွေကြောင့်ပါ။ ဒီအချက်တွေအပြင် လည်ချောင်းနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကူးစက်ခံရတာ၊ ဆေးလိပ် သောက်တာ၊ တဆင့်ခံ ဆေးလိပ်ငွေ့တွေကြောင့်လည်း လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အစာခြေအက်ဆစ် ပြန်ဆန်တက်တာပါပဲ။ အအေးမိတာကြောင့် လည်ချောင်းနာတာက ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ မရှိပေမယ့် နေရထိုင်ရတာတော့ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် ကူးစက်တတ်လား!

ပန်းနာရင်ကျပ်ရှိနေတယ်ဆိုရင် အနားကပ်ကပ်နေတာမျိုး မလုပ်နဲ့ ကူးမှာစိုးလို့၊ ချောင်းဆိုးတာကို ကြည့်ရင်း လည်ချောင်းတွေ ယားပြီး ချောင်းပါဆိုးချင်လာပြီဆိုတဲ့ သူလေးတွေသိချင်နေလောက်မယ့် ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ပန်းနာရင်ကျပ် ကူးစက်တတ်လား ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတော့ ပန်းနာရင်ကျပ်က မကူးစက်တတ်ပါဘူး။ တီဘီလိုမျိုး ကူးစက်တဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ ပန်းနာရင်ကျပ် ဆိုတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လေပြွန်တွေကျဉ်းလာတာ၊ ရောင်လာတာ၊ ချွဲတွေ အထွက်များတာတွေကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒီအခြေအနေတွေက အသက်ရှူရ ခက်စေနိုင်သလို ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီ မြည်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်က အချို့သူတွေမှာ တော်တော်လေး ပြင်းထန်နိုင်ပေမယ့် အချို့သူတွေမှာတော့ သိပ်ပြီး ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ တချို့တွေမှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား

ဆောင်းမနက်ခင်း အေးအေးလေးကို နှာစေးလို့ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ နိုးလာရတာကြောင့် ဆောင်းမနက်ခင်းရဲ့ အေးချမ်းလှပမှုတွေကို မခံစားနိုင်လို့ဆိုပြီး စိတ်ညစ်နေပြီလား! ဒါဆိုရင် ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ရမယ့် နည်းလမ်းလေးတွေ နဲ့ ဘယ်လို ကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ဆောင်းမနက်ခင်းမှာ နှာစေးတာက အဖြစ်များလား! ဆောင်းမနက်ခင်းမှာ နှာစေးတာက အဖြစ်များပါတယ်။ အကြောင်းကတော့ ရာသီဥတု အေးလာလို့ လေထုခြောက်သွေ့တာရယ်၊ ပတ်ဝန်းကျင်မှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေ ရှိနေတာရယ်၊ လေထုထဲမှာ ဗိုင်းရပ်စ်တွေ ရှိနေတာရယ်ကြောင့် နှာစေးတာက အဖြစ်များပါတယ်။ ဥပမာ အအေးမိစေ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကြောင့် နှာစေးတာဆို အဖြစ်များပါတယ်။ ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား ဆောင်းမနက်ခင်းမှာ နှာစေးတာကို ခံစားရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ဘာတွေကြောင့်များ နှာစေးရတာလဲဆိုတာကို […]


အအေးမိဖျားနာခြင်း

ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေး ဘယ်လို အကောင်အထည် ဖော်မလဲ

ဆောင်းလေးများ မအေးလာနဲ့။ နှာစေးလိုက်၊ နှာချေလိုက်၊ နှာခေါင်းပိတ်လိုက်၊ လည်ချောင်းနာလိုက် ဖြစ်နေလို့ ဆောင်းရာသီရဲ့ အလှတရားကို ကောင်းကောင်းကို မခံစားရဘူးဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီနှစ်ဆောင်းကို ဖျားနာမှု ကင်းကင်းနဲ့ ဖြတ်သန်းနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါပြီ။ ဆောင်းရာသီက ဖျားနာမှုဖြစ်လွယ်သလား ..... ဒါကို အဖြေပေးရရင် ဖြစ်လွယ်တာပေါ့လို့ပဲ ပြောပါရစေ။ အကြောင်းကတော့ ဆောင်းရာသီရဲ့ အေးမြမြ လေထုနဲ့ ပတ်ဝန်းကျင်အနေအထားကို ကိုယ်တွေတင် နှစ်သက်တာ မဟုတ်ဘဲ သာမန်မျက်လုံးနဲ့ မြင်ဖို့ ခက်ခဲတဲ့ ဗိုင်းရပ်စ်တွေကလည်း နှစ်ခြိုက်ကြပါတယ်။ ဒီလို အေးမြတဲ့ လေထုထဲမှာ သူတို့ရဲ့ ရှင်သန်နိုင်တဲ့ ကာလကလည်း ပိုရှည်တော့ လူတွေကို ရောဂါပိုး ကူးစက်နိုင်ခြေကလည်း ပိုများလာတော့တာပေါ့။ ဒါကြောင့်ပဲ ဆောင်းတွင်းမှာ နွေရာသီလိုမျိုး ပူနွေးတဲ့ ရာသီတွေထက် […]


ရာသီတုပ်ကွေး

ဖျားနာနေတဲ့ မိသားစုဝင် ကို ဘယ်လို ဂရုစိုက်ပေးမလဲ

လူတစ်ယောက်ဖျားနာရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ကူးစက်ခံရလို့ပါ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အအေးမိတာ၊ တုပ်ကွေးမိတာကြောင့် ဖျားနာတာ အများဆုံးပါပဲ။ ခုလို ရာသီအကူးအပြောင်းကာလဆိုရင် ပိုပြီးတော့ ဖျားနာတတ်ပါတယ်။ ဒီလိုကူးစက်ရောဂါတွေကြောင့် အိမ်မှာ ဖျားနာနေတဲ့ မိသားစုဝင်  တစ်ယောက်ရှိပြီဆိုရင်  နောက်တစ်ယောက်ကို အလွယ်လေး ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ဖျားတဲ့သူတစ်ယောက်ယောက် ရှိပြီဆိုရင် သေချာဂရုစိုက်ပေးရပါမယ်။ သူလည်း မြန်မြန်သက်သာစေသလို သူများကို ကူးနိုင်ခြေလည်း နည်းသွားတာကြောင့်ပါ။ ဖျားနာနေတဲ့ မိသားစုဝင် တစ်ယောက်ရှိနေပြီဆိုရင် အိမ်မှာ ဖျားတဲ့သူ တစ်ယောက်ယောက် ရှိ နေပြီဆိုရင် အကောင်းဆုံးကတော့ အခန်းခွဲထားလိုက်တာပါ။ သူလည်း ကောင်းကောင်းနားလို့ ရသလို သူများတွေကိုလည်း ကူးစက်နိုင်ခြေနည်းသွားပါပြီ။ နောက်ပြီး သူ့ကို အလုပ်တွေ၊ ကျောင်းတွေ မသွားစေဘဲ အိမ်မှာကောင်းကောင်း အနားယူခိုင်းပါ။ အိမ်မှာပြုစုမယ့်သူကလည်း တစ်ယောက်လောက် ရှိရင် ရပါပြီ။ လူတိုင်းသူနဲ့ ထိတွေ့စရာမလိုပါဘူး။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ

စာဖတ်သူက ကျန်းမာရေးကို ဂရုစိုက်တဲ့ သူတစ်ဦးလား။ ဒါဆိုရင် ကျန်းမာရေးကို ဂရုစိုက်တဲ့အခါ အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ တော်တော်များများက ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုပေမယ့် နေ့စဉ် အသက်ရှူနေပေမယ့် မြင်သာတဲ့ အစိတ်အပိုင်း မဟုတ်တဲ့ အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းတွေကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ တကယ်ကတော့ ကျန်းမာတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အဆုတ်တွေ ကျန်းမာဖို့ အတော်လေး အရေးပါပါတယ်။ အဆုတ်တွေ ကျန်းမာမှ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတော့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ က ဘာတွေဖြစ်မလဲ။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးတာ ကာကွယ်လို့ ရလား

အခုတလော နားထဲမှာ အကြားမိဆုံးအသံက ဘာသံလဲ။ ပတ်ဝန်းကျင်ကို သတိထားပြီး နားထောင်ကြည့်လိုက်ပါ။ ခုတလော နားထဲမှာ အကြားရဆုံးအသံက ချောင်းဆိုးသံပါ။ ရာသီအကူးအပြောင်းကာလမှာ ချောင်းဆိုးတာက အဖြစ်များပါတယ်။ ဒါကြောင့် နေရာတစ်ခါမှာ ချောင်း တဟွပ်ဟွပ် အသံကို ကြားနေရတာပါ။ ချောင်းဆိုးတာက ပြောတော့သာ ဘာရယ်မဟုတ်သလို ရှိပေမယ့် တကယ်ကတော့ ချောင်းဆိုးတာက အတော်ပင်ပန်းစေပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေအပေါ် အာရုံစိုက်နိုင်စွမ်း ကျဆင်းစေပါတယ်။ ချောင်းဆိုးရတာကလည်း ကျန်းမာရေးပြဿနာ တစ်ခုပဲ ဆိုတော့ အခြားရောဂါတွေလိုပဲ ချောင်းဆိုးတာ ကာကွယ်လို့ ရလားဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးမှာ သိချင်နေမယ့် မေးခွန်းလေးရဲ့ အဖြေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ချောင်းဆိုးတယ် ဆိုတာ ဘာလဲ ချောင်းဆိုးတယ်ဆိုတာက အသက်ရှူလမ်းကြောင်းရဲ့ ခုခံအားစနစ်တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဓာတ်မတည့်တဲ့ […]


ရာသီတုပ်ကွေး

ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဘယ်လိုများ ဖြတ်ကြရမလဲ

ဆောင်းအေးလာချိန် ဖြစ်ဖြစ် မိုးရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ် တုပ်ကွေး ဖြစ်တာက တော်တော်လေး များပါတယ်။ ဒီလို ရာသီဥတုအေးတဲ့အချိန်မှာ မိသားစုဝင်တစ်ဦးဦး တုပ်ကွေးဖြစ်ပြီဆိုရင် တစ်ဦးကနေ တစ်ဦး လျင်လျင်မြန်မြန် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အေးတဲ့အချိန်မှာ အအေးမိတုပ်ကွေး ဗိုင်းရပ်စ် တွေက လျင်လျင်မြန်မြန် ကူးစက်တတ်ပါတယ်။ ဒီလိုမျိုး ရောဂါကူးစက်မှုတွေကို ဖျက်ပစ်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။ ရောဂါပိုးတွေ ဘယ်လိုများ ကူးစက်သလဲ တုပ်ကွေး အပါအဝင် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေက အခုလို အခြေအနေတွေနဲ့ ကူးစက်နိုင်ပါတယ်။ ကူးစက်စေနိုင်တဲ့အရာတွေ - ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ ပါ။ ရောဂါပိုးမွှားတွေ ရှိသောနေရာ - ရောဂါပိုးတွေ ရှိနေနိုင်တဲ့ နေရာတွေကတော့ ကိုယ့်ပတ်ဝန်းကျင်ပေါ့။ ကိုယ်ထိတွေ့နေတဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။

ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြစ်များပါတယ်။ ညဦးပိုင်းလောက် ရောက်လာပြီဆိုရင် အိမ်နီးချင်းတွေဆီကနေ ချောင်းသံလေး တဟွတ်ဟွတ်ကို မကြာခဏ ကြားရမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တခြားအချိန်တွေထက် ချောင်းဆိုးတာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဆောင်းရာသီ ချောင်းဆိုးခြင်းကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။ ဆောင်းရာသီမှာ မကြာခဏ ချောင်းဆိုးရတဲ့ အကြောင်းရင်း ဗိုင်းရပ်စ်ပိုးတွေကြောင့် အေးမြတဲ့ရာသီဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေက ရှင်သန်လွယ်ပါတယ်။ အများစုက အိမ်ထဲမှာပဲ အလုံပိတ်နေကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်လည်း ကူးစက်လွယ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ တုပ်ကွေးအပါအဝင် ဗိုင်းရပ်စ်တော်တော်များများက ခေါင်းထောင်တတ်ပါတယ်။ ဒီလို ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေက ချောင်းခြောက်ဖြစ်တာ များပါတယ်။ လေထုခြောက်သွေ့တာကြောင့် ခြောက်သွေ့တဲ့ လေထုကိုပဲ အမြဲတစေ ရှူနေရတာကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်က အမြှေးပါးတွေ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နေရတာ ကသိကအောက် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း