မိခင်ကျန်းမာရေး

ပြီးခဲ့တဲ့ (၉) လလုံးလုံး နဲ့ (၉) လကျော်လောက် ဘေဘီလေးအကြောင်းကိုပဲ တွေးနေမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာလည်း ဘေဘီလေးကို အရင် (၉) လကတုန်းကလိုပဲ အရိပ်တကြည့်ကြည့် စောင့်ကြည့်ဖို့ လိုဦးမှာပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သိထားဖို့ လိုမယ့် ကျန်းမာရေး စောင့်ရှောက်မှုများနဲ့ မိခင်ဘဝအတွက် လိုအပ်တဲ့ ပြင်ဆင်စောင့်ရှောက်မှုတွေကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုစားမယ်ကြံတိုင်း အရင်လို စားလို့ရပါ့မလား။ ကလေးကို ထိခိုက်နိုင်မလားဆိုပြီး တွေးမိတာ မေမေတိုင်းလိုလိုပါ။ အထူးသဖြင့် ကိုယ်အရင်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တာတွေကို စားချင်စိတ်ပေါ်လာရင်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သူများတွေ အကင်တွေ ပူပူလောလော စားကြတဲ့အခါ ကိုယ်လည်း စားချင်တာပေါ့။ ဒီအခါ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ မေးခွန်းက ခေါင်းထဲ ဝင်လာပြန်ရော။ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမယ့်အချက်တွေတော့ ရှိတာပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ခုခံအား နည်းနေတဲ့အချိန်ဖြစ်တာကြောင့် အစားအသောက်ကနေ ပါလာနိုင်တဲ့ ပိုးမွှားတွေကို အထူးသတိထားဖို့ လိုပါတယ်။ ပိုးမွှားတွေက အစာအဆိပ်သင့်တာကို ဖြစ်စေပြီး မိခင်ကို နေမကောင်းဖြစ်စေတာ ဒါမှမဟုတ် ပိုဆိုးတဲ့အခြေအနေမှာ ကလေးကို ထိခိုက်တာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အလွယ်ပြောရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ကျက်နေအောင် ကင်ဖို့ […]

မိခင်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မိခင်ကျန်းမာရေး ကို ရှာဖွေမည်။

မွေးဖွားပြီးကာလ

ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။ ကလေးမွေးရင် ဗိုက်နာမှာ ကြောက်လို့၊ လိုချင်တဲ့ ရက်မရမှာစိုးလို့ဆိုပြီး ဗိုက်ခွဲပြီးကလေးမွေးတဲ့ အလေ့အထက ခုနောက်ပိုင်း အရမ်းကို ခေတ်စားလာတာ အားလုံး အသိပါ။ ခွဲမွေးတာဟာ ကလေးမွေးချင်လို့ ဗိုက်အနာမခံရတာမှန်ပေမယ့် ခွဲစိတ်ပြီး နောက်ပိုင်း ရက်တွေ မှာတော့ ချုပ်ရိုးကတစ်မျိုး၊ ခွဲထားတဲ့ အနာကနာတာတစ်မျိုး၊ ဆီးမသွား လေမလည် နိုင်တာကတစ်မျိုးနဲ့ အမျိုးမျိုးတွေ ခံရမှာ မေမေတို့ပါ။ ဒါ့အပြင် ချုပ်ရိုးကို သေချာ ဂရုမစိုက်မိတဲ့အခါမျိုးဆို ချုပ်ရိုးကွဲတာ ၊ ပိုးဝင်ပြီး ပြည်တည် အနာကျက်တာတွေ ဖြစ်နိုင်တဲ့အတွက် ခွဲစိတ်ပြီး ကလေးမွေးထားတဲ့ ရှောင်သ့င် ဆောင်သင့်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။ ။ ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့

ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဆံပင်ကျွတ်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ကလေးမွေးပြီးရင် ဆံပင်တွေကျွတ်လာတာ ပုံမှန်ပါပဲ။ အသစ်စက်စက် မေမေတို့ ဆံပင်တွေ ပါးလာတာ အတော်များများမှာ ကြားရလေ့ရှိတဲ့ ညည်းတွားစကားပါ။ ကလေးမွေးပြီးကာစ ပထမနှစ်လသုံးလထက်တောင် နောက်ပိုင်းမှာ ဆံပင်တွေ ပိုကျွတ်လာတာ ရှိနိုင်ပါတယ်။ ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေကျွတ်ကုန်ပြီ ဆိုပြီး အရမ်း ထိတ်လန့်မသွားပါနဲ့။ ကလေး အသက် တစ်နှစ် မပြည့်ခင်မှာပဲ မေမေတို့ဆံပင် ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။ ပုံမှန်အားဖြင့် အမျိုးသမီး တစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဆံပင် အချောင်းရေ ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင် […]


မွေးဖွားပြီးကာလ

ခွဲမွေးထားတဲ့မေမေ တို့ရေ ဒါလေးတွေသိထားဖို့လိုပါမယ်နော်

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ပီတိအဖြစ်ရဆုံးအချိန်နဲ့ အစွန့်စားရဆုံးအချိန်က သားသားမီးမီးလေးတွေကိုမွေးဖွားတဲ့အချိန်ပါ။ မေမေဖြစ်ရလို့ ပီတိဖြစ်ရပေမယ့် ခွဲမွေးထားတဲ့မေမေ ျဖစ္ရတာကေတာ့ အတော်လေးတော့စွန့်စားရတဲ့အလုပ်ပါ။ ဒီစွန့်စားမှုက ဒီလောက်နဲ့ပြီးသွားလားဆိုတော့ မဟုတ်သေးပါဘူး။နောက်ဆက်တွဲသေချာဂရုစိုက်မှုလည်း လိုအပ်ပါမယ်။ ဒါမှ မိခင်ကျန်းမာပြီး ကလေးကိုသေချာဂရုစိုက်နိုင်မှာပါ။ ကလေးတစ်ယောက်မွေးဖွားတော့မယ်ဆိုရင် ကလေးတစ်ယောက်ကို ကိုယ်ဝန်စလွယ်ချိန်ကတည်းကမေမေတို့အနေနဲ့ အစားအသောက်အနေအထိုင်တော်တော်များများဆင်ခြင်ကြရပါတယ်။နေမကောင်းဖြစ်တဲ့အခါမှာလည်းဆေးကို ထင်သလိုသောက်လို့မရတဲ့အပြင် အရမ်းကြိုက်ပါတယ်ဆိုတဲ့ အစားအစာတွေရှိရင်တောင် ကလေးနဲ့မတည့်မှာစိုးလို့ မစားရတာမျိုးရှိပါသေးတယ်။ ဒီလိုကာလက ၈ လကျော် ၉ လအထိကြာမြင့်နိုင်ပါတယ်။ ပြီးရင်စဉ်းစားရမယ့်နောက်တစ်ချက်ရှိပါသေးတယ်။ ကလေးကိုနေ့စေ့လစေ့မွေးတဲ့အခါ ဘယ်လိုမွေးမလဲဆိုတာပါ။ ရိုးရိုးမွေးမလား၊ခွဲမွေးမလားပေါ့။ ကိုယ့်ရဲ့ OG ကအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုညွှန်ကြားပေးမှာဖြစ်ပါတယ်။ အခုပြောပြချင်တာက ကလေးကို ခွဲမွေးမယ်ဆိုရင်မေမေတို့အနေနဲ့ ကိုယ့်ကျန်းမာရေးအတွက် သိထားဖို့လိုမယ့် အကြောင်းအရာလေးတွေပါ။ ခွဲမွေးထားတဲ့မေမေ တို့ သိထားဖို့လိုမှာလေးတွေ အသေးစားခွဲစိတ်မှုမဟုတ်ပါ ကလေးကိုခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်ပါဘူး။ အကြီးစားခွဲစိတ်မှုတစ်ရပ်ပါ။ ဒါကြောင့် ခန္ဓာကိုယ်ကိုသေချာလေးဂရုစိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်ပြီး ၆ ပတ်အတွင်းမှာသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်သေးသင့်သလို လမ်းတောင် ခပ်ကြမ်းကြမ်းမလျှောက်သင့်သေးပါဘူး။ရေချိုးတဲ့အခါ ချုပ်ရိုးကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း

နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း “နင်နော်အစားတွေ တွေ့ကရာ လျှောက်မစားနဲ့၊ ငါ့မြေးနေမကောင်းလို့ကတော့နင်ပဲ”မမိုးမိုးတစ်ယောက်ယောက္ခမဖြစ်သူ၏ ပြောစကားကိုထမင်းစားရင်း ပြန်ကြားယောင်နေသည်။ ထမင်းကိုငါးကြော်လေးနှင့်သာ စားနေခြင်းဖြစ်သည်။ တစ်နေ့တစ်နေ့ထိုဟင်းနှင့်သာ စားနေရ၍ငြီးငွေ့နေသော်လည်း ယောက္ခမကို ကြောက်ရသည်က တစ်ကြောင်း၊ နို့တိုက်နေချိန်မိမိစားချင်တာအစုံစားလိုက်မိလျှင်နို့စို့နေသော ၃ လသား မိမိသားလေး ထိခိုက်နိုင်သည်ဟူသော စကားကို ယုံကြည်မိသည်က တစ်ကြောင်း အစားတော်တော်ဆင်ခြင်နေရသည်။ “နို့တိုက်မိခင်ဆိုတာအစားမရှောင်ရဘူး။ အာဟာရပြည့်အောင်စားရတယ်” ဟု ရပ်ကွက်ထဲမှသားဖွားဆရာမလေးကပြောသော်လည်း “နင့်ဆရာမက ငါမွေးမှငါ့သမီးအရွယ်ပါအေ၊ ငါပြောတဲ့အတိုင်းလုပ်စမ်းပါ” ဆိုသော ယောက္ခမစကားကိုမလွန်ဆန်နိုင်ခဲ့။ “အမေ အစားရှောင်နေတာလား၊ ဒီလောက်သေချာမှာနေသားနဲ့၊ အခုတော့ကလေးကဆေးရုံအရောက်နောက်ကျသွားပြီ၊ ဆုံးသွားပြီ” “ဟုတ်ရဲ့လား သေချာကြည့်ပေးပါဦး။ သားလေးက နို့တောင်ပုံမှန်စို့နေသေးတာ၊ ခုနကမှ ပြာပြီးမောလာတာ။ ခဏလေးပဲ ရှိသေးတာ” ဆေးရုံအရေးပေါ်တွင်ပြောနေကြခြင်းဖြစ်သည်။ မမိုးမိုး၏ သားလေး နို့စို့ရင်း ရုတ်တရက်တအားမောပြီး ပြာလာ၍ ဆေးရုံအမြန်ခေါ်လာကြခြင်းဖြစ်သည်။ ဆေးရုံရောက်တော့ဆရာဝန်၏ စကားကရင်နင့်စရာ၊ ကလေးက အသက်မပါလာဘူးတဲ့။ “ပြောရတာတော့စိတ်မကောင်းပါဘူး။ ကလေးက ကလေး ဘယ်ရီဘယ်ရီ(Infantile beri […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) ကဘာလဲ။ ရိုးရိုးမွေးဖွားပြီးတာပဲဖြစ်ဖြစ် ခွဲပြီးမွေးထားတာပဲဖြစ်ဖြစ် နို့တိုက်နေချိန်မှာပဲဖြစ်ဖြစ် ဘယ်လိုပိုးဝင်ခြင်းမျိုးကိုမဆို ကလေးမွေးပြီးချိန်မိခင်တွင်ပိုးဝင်တယ်လို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ ကလေးရိုးရိုးမွေးရချိန်မှာဖြစ်ဖြစ် ခွဲမွေးချိန်မှာဖြစ်ဖြစ် ဒဏ်ရာရထားတာမျိုးရှိရင် နောက်ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်ပြောင်းလဲ မှုကြောင့် ကလေးမွေးဖွားပြီးနောက်မိခင်တွင်ပိုးဝင်ခြင်းဆိုတာဖြစ်တတ်ပါတယ်။ ကလေးမွေးပြီးတဲ့နောက်မှာ မိခင်တွေက နာကျင်မှုတွေခံစားရတတ်တာကြောင့် ပိုးဝင်ခြင်းကြောင့်နာတာလား ဒါမှမဟုတ် ကလေးမွေးပြီးနောက်နာကျင်ခြင်းလားဆိုတာ ရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ အဖြစ်များတဲ့ပိုးဝင်ခြင်းတွေကတော့ -သားအိမ်အလွှာများယောင်ရမ်းခြင်း သားအိမ်အလွှာပိုးဝင်ခြင်းကိုခေါ်တာပါ။ -ရင်သားယောင်ခြင်း -ခွဲတဲ့နေရာမှာပိုးဝင်ခြင်း -ဆီးလမ်းကြောင်းပိုးဝင်ခြင်း Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ လေ့လာတွေ့ရှိချက်တစ်ခုကတော့ ၉၄ရာခိုင်နှုန်းသော ကလေးမွေးဖွားပြီးနောက်ပိုးဝင်ခြင်းက ဆေးရုံကဆင်းပေးလိုက်ပြီးတဲ့နောက်မှ တွေ့ရတတ်တယ်လို့ပြောပါတယ်။ ကလေးမွေးဖွားပြီးနောက် ပိုးဝင်ခြင်း က သန့်သန့်ရှင်းရှင်းနေထိုင်ခြင်းမရှိတဲ့အချိန်မျိုး ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုမကောင်းတဲ့အခါမျိုးမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။ သို့ပေမယ့် အဲ့ဒါတွေကို အန္တရာယ်ရှိစေတဲ့အချက်တွေကို လျှော့ချစေခြင်းဖြင့် စီမံဆောင်ရွက်နေပါတယ်။ တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။   လက္ခဏာများPostpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကလေးမွေးပြီးနောက်ပိုးဝင်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။   လူနာက ဖျားတယ် ချမ်းတုန်တယ် […]


မိခင်ကျန်းမာရေး

အိုင်အိုဒင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ

ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများသည် ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရများ အလုံအလောက်ရဖို့ အရေးကြီးသည်။ သို့မှသာ မိခင်ရော ကလေးပါ ကျန်းမာပျော်ရွှင်နိုင်မည်ဖြစ်သည်။ အိုင်အိုဒင်းသည် အရေးကြီးသော သတ္တုဓာတ်များစွာထဲမှ တစ်ခုဖြစ်သည်။ ကိုယ်ဝန်ဆောင်များသည် ဖွံ့ဖြိုးနေသော ရင်သွေးလေး ပုံမှန်အတိုင်း ကြီးပြင်းလာဖို့ အိုင်အိုဒင်းကို အာရုံစိုက်ဖို့ လိုအပ်သည်။ ဤဆောင်းပါးတွင် ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်း၏ အရေးပါပုံ နှင့် အိုင်အိုဒင်း ချို့တဲ့မှုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲဆိုသော နည်းလမ်းများကို ပြောပြထားပါသည်။ ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်း ဘာကြောင့် လိုအပ်တာလဲ။ အိုင်အိုဒင်းသည် ကလေး ဖွံ့ဖြိုးမှု အထူးသဖြင့် ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှု အတွက် အလွန်အရေးကြီးသော အခန်း ကဏ္ဍမှပါဝင်နေသည်။ ၎င်းသည် ကလေးငယ်၏ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ်ကိုလည်း ထိန်းညှိပေးပါသည်။ အိုင်အိုဒင်း ချို့တဲ့မှုသည် ကိုယ်ဝန်ပျက်ကျခြင်း၊ နေမစေ့လမစေ့မွေးဖွားခြင်း နှင့် အသေမွေးခြင်းကို […]


စိတ်ပိုင်းဆိုင်ရာ အခြေအနေ

ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ လက္ခဏာများ

လူအများစုက ကလေးမွေးခြင်းသည် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်ဟု ထင်ကြသည်။ သို့သော် အချို့ကိစ္စများတွင် အမျိုးသမီးများသည် စိတ်ခံစားမှုမကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေကို ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ဟုခေါ်ပါသည်။ အမျိုးသမီးများသည် ကလေးမွေးဖွားပြီးနောက် ရုတ်တရက် ဟော်မုန်း အပြောင်းအလဲများကြောင့် မိခင်တွင် စိတ်ခံစားလွယ်ခြင်း၊ အငိုလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပူပန်သောကရောက်ခြင်းတို့ကို ခံစားရစေပါသည်။ ကံကောင်းသောအချက်မှာ ထိုအခြေအနေသည် အကြာကြီး မဖြစ်နေဘဲ မွေးဖွားပြီး ရက်အနည်းငယ်တွင် ပျောက်သွားတတ်သည်။ သို့သော် လက္ခဏာများမှာ မသက်သာဘဲ ပိုဆိုးလာလျှင် စိတ်ကျရောဂါလားဆိုတာ ဆန်းစစ်ဖို့ အောက်ပါအချက်တွေနဲ့ စစ်ဆေးကြည့်သင့်ပါသည်။ ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ အဖြစ်များသော လက္ခဏာများ အဓိကလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဝမ်းနည်းခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်းကို တောက်လျှောက်ခံစားရသည်။ ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများကို စိတ်ဝင်စားမှုမရှိပါ။ ယခင်က စိတ်ပျော်ရွှင်မှုပေးနိုင်သော […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကလေးမွေးပြီးသော မိခင်များ၏ခန္ဓါကိုယ်တွင် ဖြစ်ပေါ်သော ပြောင်းလဲမှုများ

မိခင်တစ်ဦး အနေဖြင့် ကလေးမွေးပြီးစအချိန်သည် အားအနည်းဆုံးနှင့် ထိလွယ်ရှလွယ် အဖြစ်နိုင်ဆုံးအချိန်ဖြစ်ပါသည်။ အထူးသဖြင့် ဗိုက်ခွဲမွေးထားလျှင် ပိုဆိုးပါသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများသာမက မိခင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည်လည်း ကလေးမွေးပြီး ရက်အတော်ကြာအထိ ပြောင်းလဲမှုများ ဖြစ်နိုင်ခြင်း နှင့် အချိန်ကြာမြင့်စွာ စိတ်မကျန်းမာမှုများခံစားရခြင်းတို့ဖြစ်နိုင်ပါသည်။ အောက်ဖော်ပြပါများသည် ကလေးမွေးပြီး အချိန်တွင် မိခင်များခံစားရမည့် ရုပ်ပိုင်းဆိုရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ကလေးမွေးပြီး အချိန်ဆိုတာဘာလဲ။ ကလေးမွေးပြီး ၁ ပတ်အချိန်တွင် သင့်ကိုယ်ခန္ဓါသည် အနာကျက်ရန်နှင့် နောက်ကိုယ်ဝန်မရရန် ထိန်းညှိမှုဖြစ်စဉ်များဖြစ်နေသော အချိန်ဖြစ်ပါသည်။ ထိုအချိန်ကို မွေးပြီးကာစအချိန်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်တွင် နာလန်မထနိုင်ခင်အချိန်အထိ မိခင်များ၏ ကိုယ်ခန္ဓါနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ခံစားရပါသည်။ ခံစားရပုံများသည် မိခင်တစ်ဦးနှင့် တစ်ဦးမတူညီပါ။ ကလေးမွေးပြီး ၂ ပတ်မှ ၆ ပတ်အတွင်းတွင် ဆရာဝန်နှင့်ရက်ချိန်းပြသပြီး အနာကျက်မကျက်နှင့် မိခင်၏ […]


စိတ်ပိုင်းဆိုင်ရာ အခြေအနေ

ကိုယ်ဝန်ဆောင်ရမည်ကို အကြောင်းမဲ့ ကြောက်လန့်ခြင်း

ကလေးရလာပြီး ကလေးမွေးရမည်ဖြစ်သော လုပ်ငန်း သည် အချို့အမျိုးသမီးများကို စိတ်ပျက် အားငယ်စေနိုင်သည်။ သို့သော်လည်း အချို့ အမျိုးသမီးများသည် ကိုယ်ဝန်ရမည်၊ ကလေးမွေးရမည်ကို ထူးခြားစွာ ကြောက်လန့်ခြင်း ရှိသည်။ ၎င်းသည် သူတို့၏ ပုံမှန်ဘဝ အရည်အသွေးနှင့် ကလေးရနိုင် စွမ်းကို ထိခိုက်စေနိုင်သည်။ ဤ ထူးခြားသော ဖြစ်စဉ်ကို tokophobia ဟုခေါ်သည်။ Tokophobia သည် တကယ်ရှိသောအရာ ဖြစ်သည်။ လူနေမှု အဆင့်မြင့်မားသော ၄၃ နှစ်အရွယ် အမျိုးသမီး တစ်ယောက်သည် ကိုယ်ဝန်ဆောင်ရမည်ကို ၂နှစ်ကြာ အလွန် အမင်း ကြောက်လန့်ခဲ့သည်။ ဆရာဝန်အား ကိုယ်ဝန်ဆောင် ခြင်း၏ ဆိုးကျိုးများကို မေးမြန်းပြီးနောက် ထိုသို့ဖြစ်ပွားခြင်း ဖြစ်သည်။ သန္ဓေသား ပုံပျက်ခြင်း၊ ခန္ဓါကိုယ် ပြောင်းလဲမှုများ၊ သေဆုံးနိုင်ခြင်းတို့အကြောင်း ကြားပြီးသောအခါ သူမသည် ကိုယ်ဝန်ဆောင်ရန် […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားအပြီး စားသောက်ပုံ။ မလေးရှားလူမျိုးများ အတွေ့အကြုံ

မီးဖွားအပြီးတွင် မိခင်ကို အာဟာရ လုံလောက်စွာ ကျွေးခြင်းသည် အလွန်အရေးပါသည်။ သူမ၏ ခန္ဓါကိုယ်ကို အားသစ်ဖြစ်စေရန်နှင့် မီးဖွားအပြီး ပြန်လည်သက်သာစေရန် အကူအညီပေးသောကြောင့် ဖြစ်သည်။ ယဉ်ကျေးမှုအမျိုးမျိုး တွင် မီးဖွားအပြီး အာဟာရဖြစ်စေသည်ဟု ယုံကြည်သော ရိုးရာအစားအစာ အမျိုးမျိုး ရှိသည်။ မလေးရှားတွင်လည်း ရှိပါသည်။ ထိုရိုးရာအစာများ၏ အာဟာရတန်ဖိုး အကြောင်း ကျွမ်းကျင်သူများက ဘယ်လိုဆိုထားသလဲ ကြည့်ရအောင်။ Jamu ( ဆေးဖက်ဝင်၊ အမြစ်နှင့် ဟင်းခတ်အမွှေး အကြိုင် ဖြစ်သည်) ရိုးရာဓလေ့အရ Jamu သည် မိခင်၏ ခန္ဓါကိုယ် နွေးထွေးမှု ကို ထိန်းပေးသည်၊ အားအင် ပြည့်စေသည်၊ အဆီကို ကျစေ ပြီး သားအိမ်အရွယ်အစားကို သေးစေသည်ဟု ယုံကြည် ကြသည်။ သို့သော်လည်း မီးဖွားအပြီး Jamu သုံးစွဲခြင်း၏ […]

ad iconကြော်ငြာ
ad iconကြော်ငြာ

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း