backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိုင်အိုဒင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 11/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိုင်အိုဒင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ

ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများသည် ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရများ အလုံအလောက်ရဖို့ အရေးကြီးသည်။ သို့မှသာ မိခင်ရော ကလေးပါ ကျန်းမာပျော်ရွှင်နိုင်မည်ဖြစ်သည်။ အိုင်အိုဒင်းသည် အရေးကြီးသော သတ္တုဓာတ်များစွာထဲမှ တစ်ခုဖြစ်သည်။ ကိုယ်ဝန်ဆောင်များသည် ဖွံ့ဖြိုးနေသော ရင်သွေးလေး ပုံမှန်အတိုင်း ကြီးပြင်းလာဖို့ အိုင်အိုဒင်းကို အာရုံစိုက်ဖို့ လိုအပ်သည်။

ဤဆောင်းပါးတွင် ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်း၏ အရေးပါပုံ နှင့် အိုင်အိုဒင်း ချို့တဲ့မှုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲဆိုသော နည်းလမ်းများကို ပြောပြထားပါသည်။

ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်း ဘာကြောင့် လိုအပ်တာလဲ။

အိုင်အိုဒင်းသည် ကလေး ဖွံ့ဖြိုးမှု အထူးသဖြင့် ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှု အတွက် အလွန်အရေးကြီးသော အခန်း ကဏ္ဍမှပါဝင်နေသည်။ ၎င်းသည် ကလေးငယ်၏ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ်ကိုလည်း ထိန်းညှိပေးပါသည်။

အိုင်အိုဒင်း ချို့တဲ့မှုသည် ကိုယ်ဝန်ပျက်ကျခြင်း၊ နေမစေ့လမစေ့မွေးဖွားခြင်း နှင့် အသေမွေးခြင်းကို လည်း ဖြစ်စေနိုင်ပါသည်။

လူတစ်ဦးချင်းစီအတွက် လိုအပ်သော အိုင်အိုဒင်း ပမာဏ ဘယ်လောက်လဲ။

ကိုယ်ဝန်ဆောင် ။ ။ တစ်ရက်ကို 220mcg

နို့တိုက်မိခင် ။ ။ တစ်ရက်ကို 290mcg

ကိုယ်ဝန်ဆောင် မဟုတ်သော အမျိုးသမီး ။ ။ တစ်ရက်ကို 150mcg

အိုင်အိုဒင်း ရရှိနိုင်သော အစားအစာ ရင်းမြစ်များ

  • နို့
  • ငါးကြီးဆီထုတ်ယူသော ငါး (Cod)
  • ဇီးသီးခြောက်
  • အာလူးဖုတ်
  • ပုစွန်ဆိတ်
  • ကြက်ဆင်ရင်အုံ
  • ပဲထောပတ်
  • စည်သွပ်တူနာငါး
  • အိုင်အိုဒင်း ထပ်ဖြည့်ထားသော ဆား
  • ရေညှိခြောက်
  • မုန့်ဖုတ်၊ ဝိုင်ချက်ရာတွင် အသုံးပြုသော တစေး
  • ကြက်ဥပြုတ်
  • ရိုးရိုး ဒိန်ချဉ်
  • ငှက်ပျောသီး
  • စတော်ဘယ်ရီ
  • ပြောင်းဖူးစည်သွပ်ဘူး
  • ပုစွန်ထုပ်
  • Cheddar ဒိန်ခဲ
  • ခရန်ဘယ်ရီ
  • ပဲသီး

မှတ်ချက်။ ။ ရေအောက်တွင်ပေါက်သော အပင်များတွင် အိုင်အိုဒင်း ပမာဏအချို့ပါရှိပြီး တစ်ခါတစ်ရံတွင် နေ့စဉ်စားသုံးဖို့ထက် ပိုများနေသော ပမာဏထိ ပါရှိတတ်သည်။ ဥပမာ။ ။ ရေညှိခြောက် တစ်အောင်စ၏ လေးပုံတစ်ပုံတွင် အိုင်အိုဒင်း 4500 mcg ထက်ပိုပြီး ပါရှိသည်။ ထိုပမာဏသည် ထောက်ခံထားသော ပမာဏ လေးဆထက်တောင် များနေပါသေးသည်။ ဆေးတက္ကသိုလ် အစားအသောက်နှင့် အာဟာရ အဖွဲ့၏ ထုတ်ပြန်ချက်အရ ဘေးကင်းစိတ်ချရသော သင့်တော်သောပမာဏမှာ တစ်ရက်လျှင် 1100 mcg ဖြစ်ပါသည်။

အိုင်အိုဒင်း ဖြည့်စွက်စာ သုံးသင့်သလား။

ကိုယ်ဝန်ဆောင်အားဆေးများသည် အိုင်အိုဒင်းပမာဏ အလုံအလောက်မပါရှိသော်လည်း သင့်အတွက် ဖြည့်စွက်စာသောက်ဖို့အထိ မလိုအပ်ပါဘူး။ အဘယ်ကြောင့်ဆိုသော် သင်နေ့စဉ်စားသုံးနေသော အစားအစာမျှနှင့် အိုင်အိုဒင်းလိုအပ်ချက်များကို အလွယ်တကူ ဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။

သင်ဝယ်ယူမည့် အစားအသောက်တွင် အိုင်အိုဒင်းပမာဏ အလုံအလောက်ပါရှိတာ သေချာအောင် ပါဝင်မှု အညွန်းကို စစ်ဆေးသင့်ပါသည်။

အိုင်အိုဒင်းချို့တဲ့မှု လက္ခဏာများ

  • လည်ပင်းသိုင်းရွိုက် ဂလင်း ကြီးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အားနည်းခြင်း
  • စိတ်ဓာတ်ကျခြင်း
  • အအေးဒဏ် မခံနိုင်ခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း

အိုင်အိုဒင်းချို့တဲ့မှုများ ဘာကြောင့် ပြန်ပေါ်လာတာလဲ။

  • အိုင်အိုဒင်းမပါသော အစားအသောက်များကို စားသုံးမှု များပြားလာခြင်း
  • နို့ထွက်ကုန်စက်ရုံများတွင် အိုင်အိုဒင်းပါဝင်သော  ပစ္စည်းများကို အသုံးပြုမှု နည်းလာခြင်း
  • ဆား စားသုံးမှုလျော့ရန် သတိပေးနှိုးဆော်သော ကျန်းမာရေး သတင်းများ၏ ရလဒ်အဖြစ် အိမ်ချက်ဟင်းများတွင် ဆားမပါဝင်ခြင်း။

ကိုယ်ဝန်ဆောင်စဉ် သင်သည် အစားအသောက်ကို အထူးသတိထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အိုင်အိုဒင်းချို့တဲ့မှုသည် မိခင်ရော ကလေးပါ နောက်ပိုင်းတွင် ထိခိုက်နိုင်ပါသည်။ အကယ်၍ သင်သည် အစားအသောက်မျှတ ညီညွတ်စေရန် စီစဉ်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သင့်ဆရာဝန်၊ အာဟာရဆရာဝန်ထံမှ အကြံဉာဏ်၊ နည်းလမ်း နှင့် ကုသမှုများ ရယူသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 11/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement