နောက်တစ်ချက်ကလေ့ကျင့်ခန်းလုပ်လို့ရလားဆိုတာပါ။ ခွဲမွေးပြီး အနည်းဆုံးတော့ ၆ ပတ်စောင့်ရပါမယ်။ အများဆုံးကတော့ ၈ ပတ်စောင့်ရမှာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပင်ပင်ပန်းပန်းလုပ်ရတာမျိုးကနေ မစသင့်ပါဘူး။ အရင်ဆုံးလုပ်ရမှာက ကလေးမွေးဖွားလိုက်တာကြောင့်လျော့ရဲသွားတဲ့ သားအိမ်လမ်းကြောင်းကြွက်သားတွေကိုပြန်လည်တင်းရင်းစေဖို့ပါ။
အိပ်ထမတင်လုပ်တာ၊ ထိုင်ထလုပ်တာ၊ ပလန့်ခ်ထောက်တာနဲ့
ခြေထောက်တွေကို အပေါ်ဆန့်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။ ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက်ကြွက်သားတွေပေါ်မှာ သက်ရောက်မှုအားများစေပြီး ချုပ်ရိုးကိုထိခိုက်စေနိုင်ပါတယ်။ ခွဲမွေးပြီး ၄ လ ကနေ ၆ လအတွင်းမှာတော့ ဝမ်းဗိုက်ကြွက်သားတွေကို အားပြုရတဲ့လေ့ကျင့်ခန်းတွေကို စလုပ်လို့ရပါပြီနော်။ Squat ထိုင်တာ၊ Superman pose လို့ခေါ်တဲ့ ကြမ်းပြင်ပေါ်မှာမှောက်ရက်နေပြီး ဝမ်းဗိုက်ကို ကြမ်းပြင်နဲ့ထိရက်အနေအထားမှာ ခြေထောက်တွေနဲ့လက်တွေကို ကြမ်းပြင်ကနေလွှတ်နေအောင် ဆန့်ထုတ်ရတဲ့ပုံစံမျိုးလုပ်ပေးပါ။
ဗိုက်ခွဲထားတာကြောင့် ဗိုက်ကြွက်သားတွေကိုဝန်ပိစေနိုင်တဲ့လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။ ဗိုက်ချုပ်ရိုးက အပေါ်အသားမှာတင်ချုပ်ထားတာမဟုတ်ဘဲ။ အတွင်းကအဆီပြင်ကိုပါချုပ်ထားရတဲ့ အတွင်းချုပ်ရိုးရှိပါသေးတယ်။ အတွင်းချုပ်ရိုးရော အပြင်ချုပ်ရိုးပါအနာကျက်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ဝမ်းဗိုက်ကို အားစိုက်ရတဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမျိုးတွေကိုမလုပ်သင့်ပါဘူး။ဖြည်းဖြည်းချင်းနည်းနည်းချင်းကနေစရပါမယ်။လေ့ကျင့်ခန်းစလုပ်စမှာ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲလုပ်လို့ရပါမယ်။
ဘာစားမလဲ
အစားအသောက်စားတာကလည်း ချုပ်ရိုးအနာကျက်စေဖို့အတွက်အထောက်အပံ့ပေးပါတယ်နော်။ ချုပ်ရိုးကျက်စေဖို့အတွက် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေ၊၊ အမျှင်ဓါတ်များတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ ကြက်သွန်ဖြူ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊နနွင်းနဲ့ချင်းတို့စားသုံးပေးပါ။ ဒီအစားအစာလေးတွေကို သင့်တင့်မျှတအောင်စားပြီး ချုပ်ရိုးအနာကျက်အောင် ဂရုစိုက်ပေးပါ။ အချိုပါတဲ့သောက်စရာတွေနဲ့အယ်လ်ကိုဟောကိုရှောင်ပါ။ရေတော့များများသောက်ပေးပါ။
ဘယ်တော့လောက် အတူပြန်နေနိုင်မလဲ
ခွဲမွေးထားတဲ့မေမေ တွေက ရိုးရိုးမွေးသူတွေထက် အတူပြန်နေဖို့ အချိန်ပိုပေးရနိုင်ပါတယ်။ ချုပ်ရိုးအနာကောင်းကောင်းကျက်စေဖို့ အနည်းဆုံး ၂ လကနေ အများဆုံး ၃ လအထိစောင့်ရပါမယ်။ ဒီကြားထဲမှာ ချုပ်ရိုးကို ဆရာဝန်ကိုသွားပြတာတွေ၊ လိုအပ်တဲ့ဆေးကုသမှုခံယူတာတွေလုပ်ရပါမယ်။ ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်ပြီးမှ အတူပြန်နေဖို့စဉ်းစားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။