သူမသည် အကြောင်းရင်းမရှိ ငိုကြွေးတတ်သည်။ သူမသည် ကလေးကို ထိန်းလိုစိတ်မရှိ၊ ထိန်းနေရလျှင်လည်း ဝတ္တရားအရသာ စောင့်ရှောက်နေခြင်းဖြစ်သည်။ သူမသည် ဘယ်သူနှင့်မှ တွေ့ဆုံ၊ စကားပြောလိုစိတ်မရှိပါ။ သူမသည် ကလေးနှင့် မေတ္တာနှောင်ကြိုးတွယ်ဖို့ ခက်ခဲလျက်ရှိသည်။ သူမသည် အဆိုးများကို ပြောဆိုနေပြီး မျှော်လင့်ချက်မဲ့သလို ခံစားရသည်။ သူမသည် သူမကို သူမပင် ဂရုစိုက်လိုစိတ်မရှိပါ။ ထိုလက္ခဏာများသည် မိခင်၏ နေ့စဉ်ဘဝ၊ မိခင်နှင့် ကလေး၊ အိမ်ထောင်ဖက်၊ အခြားသူများကြား ဆက်ဆံရေးတွင် ကြီးမားသော ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သည်။ အကယ်၍ သင်သည် ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ခံစားနေရသည်ဟု ထင်လျှင် သင့်အတွေးကို မျှဝေဖို့ တစ်စုံတစ်ယောက် (သို့) ဆရာဝန်ကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေဖို့ ဝန်မလေးပါနဲ့။
တစ်ဦးတည်း ရင်ဆိုင်ရုန်းကန်နေရခြင်းသည် အန္တရာယ်ကြီးမားပါသည်။ ထိုပြဿနာသည် သင်ထင်ထားသည်ထက်လည်း ပိုကြာရှည်နိုင်ပါသည်။ အကယ်၍ ကောင်းစွာသိရှိကုသခြင်းမရှိလျှင် လပေါင်းများစွာမှ နှစ်ပေါက်သည့်တိုင် ဆက်ဖြစ်နိုင်သည်။ ၎င်းသည် သင့်ကျန်းမာရေး၊ သင့်ကလေး၏ ကျန်းမာရေးနှင့် သင်နှင့်သင့်ပတ်ဝန်းကျင်ရှိလူများ၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။
မိခင်တစ်ဦးဖြစ်လာလျှင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်ရနိုင်သည်။ သင်သည် ပျော်ရွှင်နေရင်းမှ ရုတ်တရက် ဝမ်းနည်းမှုကိုလည်း ခံစားရနိုင်သည်။ ၎င်းသည် ပုံမှန်အပြောင်းအလဲဖြစ်ပြီး သူ့ဖာသာသူ ပျောက်သွားလိမ့်မည်။ သို့သော် သင့်အဆိုးမြင်ခံစားမှုများသည် ကလေးမွေးပြီး နှစ်ပတ်အထက်ကြာနေလျှင် သင်သည် မွေးဖွားပြီးနောက် စိတ်ကျရောဂါကို ခံစားနေရတာဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါသည်။
ရေးသားသူ- Dr K. Zin thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။